ဆောင်းပါး

တာချီလိတ်က ကျားဖြန့်တွေဘယ်ရောက်သွားလဲ

မဲခေါင် 19 May - 2024
တရုတ်ရဲ့ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ တရုတ်ငွေလိမ်ဂိုဏ်းတွေကို အပြင်းအထန်နှိမ်နင်းရပါတော့တယ်။
  • အိုက်ပီး (အရှေ့ရိုးမ)

တရုတ်ရဲ့ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ တရုတ်ငွေလိမ်ဂိုဏ်းတွေကို အပြင်းအထန်နှိမ်နင်းရပါတော့တယ်။

၂၀၂၃ ခုနှစ် ဒုတိယခြောက်လအတွင်းကစလို့ “ဝ” ပြည်နယ်ဧရိယာတွင်းနှိမ်နင်းမှု၊ “၁၀၂၇ စစ်ဆင်ရေး” တို့လို ထင်ရှားတဲ့ နှိမ်နင်းမှုတွေအပါအဝင် ကျားဖြန့်ဖမ်းဆီးမှုတွေကနေ မြန်မာနိုင်ငံက တရုတ်နိုင်ငံသား သောင်းနဲ့ချီကို ဖမ်းဆီးပြန်ပို့ခဲ့ပါတယ်။ နောက်ဆုံး ထိုင်းအစိုးရကပါ ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကြောင့် လျပ်စစ်မီးနဲ့ အင်တာနက်ဖြတ်တောက်တာ တွေလုပ်လာပါတယ်။

ငွေလိမ်ဂိုဏ်းတွေရဲ့ နောက်ဆုံးခံတပ်တစ်ခုဖြစ်တဲ့ တာချီလိတ်မှာလည်း လိုင်းကြေးယူထားတဲ့ မြန်မာစစ်တပ်ကိုယ်တိုင်က အလုံးအရင်းနဲ့ဖမ်းတာတွေ ဆက်တိုက်ရှိလာပါတယ်။ ဒီလိုဖမ်းဆီးမှုတွေကြောင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ပျောက်သွယ်သွားပြီလားလို့ မေးရင် “No” လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ ဒါဆိုသူတို့ဘယ်ရောက်သွားပါသလဲ။

ငွေလိမ်ဂိုဏ်းတွေဘယ်ကရောက်လာလဲ

ဒီငွေလိမ်ဂိုဏ်း ကျားဖြန့်တွေဟာ ဘယ်ကရောက်လာလဲဆိုရင် ၂၀၁၇ နှစ်ကုန်ပိုင်း နဲ့၂၀၁၈ ခုနှစ်လောက်က ကမ္ဘောဒီယား-ထိုင်းနယ်စပ် လောင်းကစား ကာစီနိုဧရိယာအတွင်း ကာစီနိုတွေကို ကမ္ဘောဒီယားနိုင်ငံက နှင်ထုတ်လိုက်တဲ့ နောက်ပိုင်း မြဝတီ ရွှေကုက္ကို၊ KK park၊ မြောက်ပိုင်း လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက် ဧရိယာတွေကို ရွှေ့ပြောင်းအခြေချ လုပ်ကိုင်လာကြတာပါ။

၂၀၂၃ခုနှစ်အတွင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို UWSA “ဝ”ပြည် ဒေသအတွင်း နှိမ်နင်းမှုနဲ့ ကိုးကန့်ဒေသရဲ့ (၁၀၂၇) စစ်ဆင်ရေးအလွန်မှာတော့ ရှမ်းပြည်မြောက်ပိုင်းက ငွေလိမ်ဂိုဏ်းတွေဟာ တာချီလိတ်ဧရိယာအတွင်းကို အလုံးအရင်းပြောင်းခဲ့ရွှေ့လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာကာလတွေမှာ ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူတွေဝင်လာတာ ဘယ်လောက်များလဲဆိုရင် တာချီလိတ်မှာ ယာဉ်ကြောပိတ်ဆို့မှုဟာ ၃-၄ ဆလောက်အထိကို မြင့်တက်လာပါတယ်။ အရင်က နာရီဝက်နဲ့ရောက်နိုင်တဲ့ နေရာဟာ ကြာချိန် ၁နာရီခွဲလောက်အထိ ကြာမြင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဗစ်အလွန်စစ်အာဏာသိမ်းပြီးနောက်မှာတော့ တာချီလိတ်မြို့က အရင်ကကိုဗစ်စင်တာ အဖြစ်အသုံးပြုထားတဲ့ မြေဧရိယာပေါ်မှာ အုတ်တံတိုင်းအမြင့်ကြီးတွေခတ်ပြီး လူပေါင်း ရာချီနဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အလုံးအရင်းနဲ့ဝင်လာခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေပိုင်တဲ့ မြေဧက အကျယ်ကြီးအတွင်းမှာလဲ တရုတ်နိုင်ငံသားတွေဟာ ငွေလိမ်ဂိုဏ်းတွေ အဆောက်အဦတွေဆောက်လုပ်ပြီး အကြီးအကျယ် လုပ်ဆောင်နေခဲ့ ကြတာဖြစ်ပါတယ်။

တာချီလိတ်မှာ အခြေချတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဟာ အာဏာသိမ်းစစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေကို ကျောထောက် နောက်ခံပြုထားခဲ့တာဖြစ်ပါတယ်။ ငွေလိမ်ဂိုဏ်းရဲ့ ခေါင်းဆောင်ပိုင်း တရုတ်လူမျိုးတွေကိုတော့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ် တွေဖြစ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက (၂၄)နာရီ အနီးကပ်လုံခြုံရေးလုပ်ဆောင်ပေးခဲ့ရတာဖြစ် ပါတယ်။ တရုတ်လူမျိုးတွေဖြစ်တဲ့အလျှောက် ဗမာစကားမတတ်တဲ့အတွက် ဒေသတွင်း ခရီးသွားလာမှုတွေနဲ့ ညဘက် KTV Club တွေသွားလို့ အပြန် စစ်ဆေးရေးတွေနဲ့တွေ့တဲ့အခါ အနီးကပ်နေတဲ့ ပြည်သူ့စစ် ကိုယ်ရံတော်တွေက လိုက်လံဖြေရှင်းပေးရတာဖြစ်ပြီး တစ်လကို စစ်ကောင်စီ၊ ရဲတပ်ဖွဲ့နဲ့ အနီးကပ်လုံခြုံရေး အတွက် ဘတ်သန်းနဲ့ချီ ကုန်ကျမှုတွေရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်က ပန်ဆန်းကနေ တာချီလိတ်အထိ တရုတ်နိုင်ငံသားတစ်ဦးကို လူသယ်ပေးခ ယွမ်ငွေ (၃)သေင်းကနေ (၇)သောင်းအထိ ပေးရပြီး ပန်ဆန်း-မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံ-တာချီလိတ်လမ်းကြောင်း အပြင် မိုင်းလားဧရိယာကနေ မိုင်းယောင်း-မိုင်းဖြတ်-တာချီလိတ်လမ်းကြောင်းနဲ့ မိုင်းယောင်းကနေ တောလမ်းအတိုင်းဖြတ်ပြီး ကျိုင်းလတ်-တာလေ-တာချီလိတ် လမ်းကြောင်းနဲ့ မယ်ခေါင်မြစ်ကြောင်းအတိုင်း သင်္ဘောနဲ့ တာချီလိတ်ကို ဆင်းလာတာ‌တွေလဲ ရှိပါတယ်။

ကျားဖြန့်နောက်ဆက်တွဲဆိုးကျိုးများ

တာချီလိတ်ကို တရုတ်ငွေလိမ်ဂိုဏ်း ကျားဖြန်တွေ ရောက်ရှိလာပြီး အိမ်ခန်းငှါးခနဲ့လုံးချင်းအိမ် အငှါးဈေးကွက်တွေဟာ (၂)ဆကျော်တက် သွားပြီး ငှါးရမ်းလို့ မရအောင်ထိဖြစ်သွားတာပါ။ အဲ့ဒီနောက် တာချီလိတ်မြို့ပေါ်မှာ ဒုစရိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီး လူပြန်ပေးဆွဲမှုတွေဟာ တစ်ပါတ်ကို (၃)မှုလောက်ဖြစ်လာပြီး မြို့လူထုစိုးရိမ်မှုတွေမြင့်တက်လာပါတယ်။ ငွေကြေးချမ်းသာသူတွေဟာ အိမ်တွင်းက နေအိမ်ပြင် မထွက်ရဲတဲ့အထိဖြစ်ပြီး လုံခြုံရေးအစောင့် ကုမ္ပဏီတွေရဲ့ အစောင့်ငှါးရမ်းမှုဟာ ကြီးထွားလာတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ရဲ့ မြို့မျက်နှာဖုံးတစ်ဦးဖြစ်တဲ့ နိုင်ငံတကာကျောင်း(IELC)ရဲ့ ကျောင်းပိုင်ရှင် လင်မယား နှစ်‌ယောက်ကို ဖမ်းဆီးပြီး ယောက်ကျားကို သတ်ဖြတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်လာပြီး ဟောင်လိတ် ရဲစခန်းက ရဲတပ်ဖွဲ့ဝင်(၆)ဦးဟာ လက်နက်ကိုင်အဖွဲ့ တစ်ခုကို ငွေကြေးတောင်း အကြပ်ကိုင်တဲ့အတွက် သေနတ်နဲ့ ပစ်သတ်ခံရတာတွေရှိပြီး ဟောင်လိတ်နယ်မြေရဲစခန်းက နယ်ထိန်းတစ်ဦးဟာလဲ ကားမိုင်းခွဲခံရပြီး ခြေလက်နဲ့ ငယ်ပါတွေ ပြတ်တောက်သွားပါတယ်။

၂၀၁၇ နှစ်ကုန်ပိုင်းမှာ ထိုင်း-ကမ္ဘောဒီယားနယ်စပ်ကနေ ရွှေ့လာတဲ့ တရုတ်ငွေလိမ်ဂိုဏ်းနဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ လောက်ကိုင်၊​ ပန်ဆန်းနဲ့ ရွှေကုက္ကိုလ်၊ အဲဒီကနေ တာချီလိတ်၊ လာအိုနယ်စပ်စတဲ့ နေရာတွေကို အဆင့်ဆင့် ရောက်ရှိသွားတာဖြစ်ပါတယ်။ တာချီလိတ်ကနေ မြဝတီအထိ ထိုင်းနိုင်ငံအတွင်းလမ်းကြောင်းက တရားမဝင် ဝင်ရောက်ဖို့ တရုတ်နိုင်ငံသားတစ်ဦး ဘတ်(၃)သိန်းကနေ ဘတ်(၅)သိန်းအထိပေးရတာလည်းရှိပါတယ်။

ကျားဖြန့်တွေအတွက် နေရာသစ်

မေလ ဒုတိယပါတ်ထဲ အာဏာသိမ်း စစ်ကောင်စီတပ်ချုပ် မင်းအောင်လှိုင်က တာချီလိတ်အတွင်းက ငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေး လောင်းကစားလုပ်ငန်းတွေ အမြစ်ပြတ်ဖို့ အရေးယူမယ်လို့ ပြောခဲ့ပေမယ့် ဒီလုပ်ငန်းတွေကို သူ့ရဲ့စစ်တပ်က အဓိက ကျောထောက်နောက်ခံပြုပြီး လုပ်ကိုင်နေကြတာ အများစုပါ။

ငွေလိမ်ဂိုဏ်းတွေကို တရုတ်ဗဟိုအစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာနယ်စပ်တစ်လျှောက် လက်နက်ကိုင်တပ်ဖွဲ့တွေက လက်ခံထားခြင်းမရှိတော့တဲ့အပြင် ဖမ်းဆီးပြီး တရုတ်အစိုးရဆီ ပြန်လည်လွှဲအပ်တာတွေလဲရှိလာပါတယ်။ ထိုင်းအစိုးရအပေါ် တရုတ်ဖိအားပေးမှုတွေကြောင့် ငွေလိမ်ဂိုဏ်းတွေ စုဝေးနေတဲ့ ရွှေကုက္ကိုလ်နဲ့ KK park တို့ကို ထိုင်းက မီးဖျက်၊ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းဖျက်တာတွေလဲ လုပ်လာပါတယ်။

၂၀၂၄ နှစ်အစပိုင်းမှာတော့ တရုတ်ရဲတပ်ဖွဲ့တွေဟာ တာချီလိတ်မြို့အတွင်းထိရောက်ရှိလာပြီး ငွေလိမ်ဂိုဏ်းကလူတွေကို ဝင်ရောက်ဖမ်းဆီးမှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနောက် နယ်မြေ အခြေချ စစ်ဗျူဟာက တရုတ်တွေကို အလုံးအရင်းဖမ်းဆီးပြီး တရုတ်ဘက်ကို ပြန်လွှဲပေးတာရှိသလို တစ်ဦးကို ဘတ်(၃)သိန်းနဲ့ ပြန်ရွေးခိုင်းကာ လွှတ်ပေးတာတွေလဲရှိပါတယ်။ တာချီလိတ်မြို့ပေါ်မှာ တရုတ်ငွေလိမ်ဂိုဏ်းတွေကို အလုံးအရင်း တပ်နဲ့ ဌာနဆိုင်ရာက ဖမ်းဆီးတာတွေရှိခဲ့ပေမယ့် အလုံးစုံ မြို့အတွင်းက ထွက်သွားတာ မဟုတ်ပါဘူး။ တချို့ ရပ်ကွက်တွေအတွင်းမှာ အာဏာပိုင်တွေကို ငွေကြေးပေးပြီး ဆက်လက်လုပ်ကိုင်နေတာတွေရှိနေပါသေးတယ်။

ဒါပေမယ့် ရှမ်းအရှေ့မှာ အဖမ်းအဆီးကြမ်း၊ ငွေတောင်းကြမ်းလာပြီးနောက်ပိုင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းအများစုကတော့ နေရာသစ်ကို ရွှေ့ကြပါတော့တယ်။ နေရာသစ်ကတော့ ရွှေတြိဂံဧရိယာ လာအိုနိုင်ငံအတွင်း တရုတ်လုပ်ငန်းရှင်တွေ နှစ်(၁၀၀)စာချုပ်နဲ့ ငှါးရမ်းထားတဲ့ အထူးစီးပွား‌ရေးဇုံ လောင်းကစားနယ်မြေပါ။ သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လလောက်ကစလို့ တစ်နေ့ကို လူဦး‌ရေ(၅)ထောင်လောက် အလုံးအရင်းနဲ့ ပြောင်းရွှေ့လာတယ်လို့သိရပါတယ်။

မဲခေါင်မြစ်တစ်ဖက်ကမ်း လာအိုနိုင်ငံက နှစ်ပေါင်း(၁၀၀) လာအိုအစိုးရနဲ့ MoU စာချုပ်ချုပ်ဆိုပြီး ကာစီနိုမြို့တော်ကြီးဖွင့်လှစ်ထားတဲ့ China Town ဧရိယာဟာဆိုရင်လဲ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့ လိင်အရောင်းအဝယ်အပြင်၊ ငွေကြေးခဝါချရာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

အဲဒီ အထူးစီးပွားရေးဇုံအတွင်း ဧပြီ ပထမအပါတ်အတွင်း လာအိုရဲတပ်ဖွဲ့တွေက အထောက်အထားမဲ့ ငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသားတွေကို ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့ပြီး သူဌေးအာမခံ နဲ့ တစ်ဦးကို ယွမ်(၅၀၀)နဲ့ ပြန်လည်ရွေးယူရတာတွေရှိခဲ့ပါတယ်။

လာအို ကာစီနိုစီးပွားရေးဇုံကို ငွေလိမ်ဂိုဏ်းတွေ ရောက်ရှိသွားပြီး မြန်မာပြည်တွင်းက အလုပ်သွားရောက်လုပ်ကိုင်သူတွေလည်း ပိုမိုများပြားလာပါတယ်။ သွားရောက် အလုပ်လုပ်ကိုင်သူတွေကတော့ ငွေလိမ်ဂိုဏ်းမှာလုပ်ကိုင်သူတွေအများစုဖြစ်ပြီး ဒေသအတွင်း မိန်းမငယ်လေးတွေကို လိင်ကုန်ကူးသူတွေကလည်း လူမှုကွန်ယက်ပေါ်မှာ ပေါ်ပေါ်တင်တင် တရုတ်အပျော်မယားလုပ်ဖို့ ခေါ်ယူတာတွေလဲ တွေ့နေရပါတယ်။

လက်ရှိမှာတော့ လာအိုနိုင်ငံ ရွှေတြိဂံနယ်မြေအတွင်းမှာ ငွေလိမ်ဂိုဏ်တွေ စုဝေးရောက်ရှိနေတဲ့အတွက် အလုပ်သမားခေါ်ယူမှုဟာ မြင့်တက်နေပြီး ငွေလိမ်ဂိုဏ်းက တရုတ်လူမျိုးတွေအတွက် လိင်လုပ်ငန်းမှာလိုအပ်နေတဲ့ အမျိုးသမီးငယ်တွေကို Social Media သုံးပြီး ခေါ်ယူမှုတွေအပြင် ကွန်ပြူတာကျွမ်းကျင်နဲ့ တရုတ်စကား၊ အင်္ဂလိပ်စကားကျွမ်းကျင်သူခေါ်ယူမှုတွေလဲ ရှိနေတာပါ။

အလုပ်သမားတွေ တာချီလိတ် ဝမ်ပုံဆိပ်ကမ်းကနေ မဲခေါင်မြစ်ကူးဖို့အတွက် လူတစ်ဦးကို ကျသင့်ငွေ ယွမ်(၄၀၀)ခန့်ရှိပေးရပြီး လာအိုမှာနေထိုင်ခွင့်အတွက် သူဌေးထောက်ခံချက်တွေ အခုလပိုင်းအတွင်း လုပ်ပေးနေတယ်လို့လဲသိရပါတယ်။ လာအိုနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသား (၅)သောင်းလောက် ဆောက်လုပ်ရေး၊ ဟိုတယ်၊ ကာစီနိုနဲ့ ငွေလိမ်ဂိုဏ်းတွေအတွင်း အလုပ်လုပ်ကိုင်နေကြတယ်လို့လဲ သိရပါတယ်။

ငွေလိမ်ဂိုဏ်းတွေဟာ သူတို့ရဲ့ နောက်ဆုံးခံတပ်အနေနဲ့ ဥပဒေစိုးမိုးမှုအားနည်းတဲ့ ရွှေတြိဂံဒေသအတွင်းက တောတောင်တွေထဲ ကိုယ်ပိုင်မီးစက်၊ ဂြိုလ်တုဆက်သွယ်ရေး စနစ်တွေအသုံးပြုပြီး ဆက်လက်လုပ်ကိုင်နေဖို့ ရှိပါတယ်။ ကျားဖြန့်လုပ်ငန်းတွေကို အပြင်းအထန်နှိမ်နင်းနေတဲ့ တရုတ်အစိုးရအတွက်လည်း ဆက်ဖြေရှင်းဖို့ကျန်တဲ့ ပုစ္ဆာတစ်ရပ်အဖြစ်ရှိနေပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now