ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

မဲခေါင် 21 Apr - 2024
နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

လင်းမောင်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

မတ် ၇ ရက်နေ့က အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ ဩစတြေးလျ နိုင်ငံတွေဟာ ကမ္ဘာ့ မဟာဗျူဟာကျ ရေလမ်းကြောင်းဖြစ်တဲ့ ဒီတောင်တရုတ်ပင်လယ်မှာ လေတပ်နဲ့ရေတပ် စုပေါင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်း ဟာ ဒီဒေသမှာ ပေကျင်းအစိုးရရဲ့ လက်ဝါးကြီးအုပ်နေမှုအပေါ် လက်မခံနိုင်ကြောင်း အချက်ပြလိုက်ခြင်းလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတစ်ရက်တည်းမှာပဲ တရုတ်ဟာလည်း အင်ဒို-ပစ္စိဖိတ်ဒေသ ရေကြောင်းလိုင်းဟာ သူတို့အတွက် အရေးအပါဆုံးပိုင်နက်ဖြစ်ကြောင်း အမောက်ထောင်ပြမှုအဖြစ် တောင်တရုတ်ပင်လယ်ထဲမှာ လေတပ် စစ်ရေးလေ့ကျင့်မှုတွေလုပ်ခဲ့ကြတယ်။ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်မှာ ရေကြောင်းလိုင်း ၉ လိုင်းပါ U ပုံသဏ္ဍန် ရေပိုင်နက်(တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး)ဟာ သူတို့အပိုင်ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ကို အမေရိကန်နဲ့ မဟာမိတ် ဂျပန်၊ ဖိလစ်ပိုင်နဲ့ ဩစတြေးလျတို့ ပူးပေါင်းဆန့်ကျင်လိုက်တာပဲဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ရန်လိုခြိမ်းခြောက်နေမှုကြောင့် အမေရိကန်နဲ့ မဟာမိတ် ၃ နိုင်ငံဟာ ပထမ ဆုံးအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင်တာဖြစ်ပြီး တစ်ပြိုင်တည်းမှာပဲ ဝါရှင်တန်ဒီစီမှာ ဒီနိုင်ငံခေါင်းဆောင်တွေ ပထမဆုံးသော အစည်းအဝေးပွဲကို ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေထဲ တရုတ်ဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို ရန်စအနိုင်ကျင့်တဲ့ လှုပ်ရှားမှုတွေလည်း ဆက်တိုက် လုပ်ဆောင်ခဲ့တယ်။ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတွေလည်း တောင်တရုတ်ပင်လယ်နဲ့ပတ်သက်လို့ ရန်စအနိုင်ကျင့်ခံခဲ့ကြရ တယ်။ ဒီပင်လယ်ကို တစ်ဦးတည်းမောင်ပိုင်စီးချင်တဲ့ အဓိက အကြောင်းအရင်းက ကမ္ဘာ့ ရေကြောင်းလမ်း ကုန်စည်ပို့ဆောင်လုပ်ငန်းအပြင် အောက်မှာ ရင်းမြစ်ကြွယ်၀လွန်းစွာတည်ရှိနေတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေတွေ ရှိတာကြောင့်လည်းဖြစ်တယ်။

အမေရိကန် စွမ်းအင် သတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့အဆိုအရ တောင်တရုတ်ပင်လယ်အောက်မှာ ရေနံစည်ပေါင်း ၁၁ ဘီလီယံနဲ့ သဘာ၀ဓာတ်ငွေ့သိုက် ကုဗပေ ၁၉၀ ထရီလီယံ အထိရှိတယ်လို့ သိရတယ်။ တရုတ်ဟာ ကမ္ဘာ့ဦးဆောင် ရေနံတင်ပို့နိုင်ငံဖြစ်လို့ တောင်တရုတ်ပင်လယ်က ရေနံနဲ့သဘာ၀ဓာတ်ငွေသိုက်ကို လည်း အပိုင်စီးချင်လို့ ရန်စအနိုင်ကျင့်မှုတွေကို သက်ဆိုင်ရာ နိုင်ငံတွေအပေါ် လိုက်လုပ်ဆောင်နေတာလည်း ဖြစ်တယ်။ ဒါကြောင့် အိမ်နီးချင်းတွေအပေါ်လည်း မငဲ့ကွက်သလို ၂၀၁၆ မှာ နိုင်ငံတကာ ခုံရုံးက သတ်မှတ် ပေးခဲ့တဲ့ အနောက် ပစ္စိဖိတ်သမုဒ္ဒရာ ရေပိုင်နက် စည်းမျဉ်းကိုလည်း လက်မခံဘဲ သူတို့ပိုင်ပင်လယ်အဖြစ် အခိုင် အမာလက်ကိုင်ထားလို့ ရန်စအနိုင်ကျင့်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာပဲဖြစ်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေဟာ နိုင်ငံတကာရေပိုင်နက်မှာ လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ကို တရုတ်ရဲ့ ခြိမ်း ခြောက်လာမှုရန်အပေါ် စိုးရိမ်မှုမြင့်တက်လာတာကြောင့်လည်း သတိကြီးကြီးထားပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုအရှိန်တွေကို မြှင်တင်လာရတယ်။ တောင်တရုတ်ပင်လယ်မှာ နှစ်စဉ် နိုင်ငံတကာ ကုန်စည် ကူးသန်းသွားလာမှုတန်ဖိုးက ဒေါ်လာ ၅ ထရီလီယံအထိရှိတာကြောင့်လည်း တောင်တရုတ်ပင်လယ် တစ်ခုလုံး သူတို့ပိုင်နက်လို့ လုပ်လာတဲ့ တရုတ်လုပ်ရပ်အပေါ် ဆန့်ကျင်တိုက်ခိုက်လာရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း တရုတ်ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ ရေကြောင်းပြည်သူ့စစ်အဖွဲ့တွေဟာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ် ရေပိုင်နက်တွေထဲအကြိမ်ကြိမ် နှောင့်ယှက်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်။ နိုင်ငံတကာ က သတ်မှတ်ပေးထားတဲ့ ဒီနိုင်ငံတွေရဲ့ သီးသန့်စီးပွားရေးဇုန်ရေပိုင်နက်တွေထဲအထိ ဝင်ရောက်ပြီး နှောင့်ယှက်မှု အကြိမ်ကြိမ်လုပ်လာတယ်။ သူတို့မှာရှိတဲ့ ပိုမိုကြီးမားတဲ့ စစ်သင်္ဘောတွေသုံးပြီး တခြားနိုင်ငံပိုင် သီးသန့် စီးပွားရေးဇုန်ရေပိုင်နက်တွေထဲ ထပ်ကာထပ်ကာ ကျူးကျော်ဝင်ရောက်နှောင့်ယှက်တယ်။

၂၀၂၁ ခုနှစ်အတွင်း သူတို့သီးသန့် စီးပွားရေးဇုန်ပိုင် ရေပိုင်နက်ထဲ ရေနံရှာဖွေရေးလုပ်တဲ့ အင်ဒိုနီးရှားသင်္ဘောတွေ ကို တရုတ်ကမ်းခြေစောင့်တပ်တွေက နယ်မြေကျော်ပြီး အကြိမ်ကြိမ် နှောင့်ယှက်ဟန့်တားလို့ လအတော်ကြာ နှစ်ဖက်တင်းမာမှုမြင့်တက်ခဲ့တယ်။ ဂျာကာတာအစိုးရက တရုတ်တွေ ဝင်ရောက်နှောင့်ယှက်တဲ့နယ်မြေဟာ ကုလသမဂ္ဂကွန်ဗန်းရှင်းပင်လယ်ရေကြောင်း ဥပဒေမှာကို အင်ဒိုနီးရှားပိုင် ရေပိုင်နက်အဖြစ် သတ်မှတ်ထားပြီးသားဖြစ်လို့ နယ်မြေကျူးကျော် စော်ကားတာလို့ မကျေမနပ်ထုတ်ပြန်ခဲ့တယ်။ တရုတ်တွေနဲ့ အမြဲရင်ဆိုင်ခဲ့ရတဲ့ နာတူနာပင်လယ်ပြင်ဟာ တောင်တရုတ်ပင်လယ်တောင်ဘက်စွန်းမှာရှိတဲ့ အင်ဒိုနီးရှား ရေပိုင် နက်အဖြစ် ကုလသမဂ္ဂကပါ အသိအမှတ်ပြုသတ်မှတ်ပေးထားတဲ့ နယ်မြေဖြစ်ပါတယ်။၂၀၂၂ ဒီဇင်ဘာမှာ အင်ဒို နီးရှားအစိုးရဟာ နာတူနာပင်လယ်အနောက်ဘက် ရေပြင်မှာ စစ်သင်္ဘောစေလွှတ်ပြီး တရုတ်ကမ်းခြေစောင့် တပ်တွေကို စောင့်ကြည့်ခဲ့တယ်။ အင်ဒိုနီးရှားတစ်နိုင်ငံတည်း တောင်တရုတ်ပင်လယ်ပိုင်နက် ပြဿနာမှာ ပါဝင် တာမဟုတ်ဘဲ တခြားအရှေ့တောင်အာရှနိုင်ငံတွေအပေါ်လည်း တရုတ်က ကျူးကျော် စိုးမိုးမှုတွေ ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဧပြီ ၇ ရက်နေ့က ဖိလစ်ပိုင်ဟာ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့နဲ့ ပူးပေါင်းပြီး သူတို့ရဲ့ သီးသန့်စီးပွားရေးဇုန် ရေပိုင်နက်တွေမှာ တရုတ်စစ်သင်္ဘောတွေ လာမစိုးမိုးဖို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုလုပ်ခဲ့တယ်။ ဒီလေ့ကျင့်မှု မတိုင်ခင် ၂ ရက်ကပဲ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေဟာ အင်အားပြင်း ရေအမြောက်တွေသုံးပြီး ဖိလစ် ပိုင် သင်္ဘောတွေ သူတို့ သီးသန့်စီးပွားရေးဇုန်ထဲ သွားလာနေတာကို မောင်းထုတ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ မတ်လဆန်းပိုင်းက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ကို တရုတ်ကမ်းခြေစောင့်တပ်က မဆင်မမြင် တရားမဝင် ခြိမ်း ခြောက်နှောင့်ယှက်တယ်လို့ စာထုတ်ပြန်ခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လုပ်ရပ်ကြောင့် ဖိလစ်ပိုင် သင်္ဘော တစ်စီး အသေးစားပျက်စီးမှုတွေဖြစ်ခဲ့ရကြောင်း ထုတ်ပြန်သွားတယ်။ မတ်လထဲမှာ တရုတ်သင်္ဘောနှစ်စီး ရေအမြောက်တွေဒဏ်ကြောင့် ဒုတိယသောမတ်စ်ရှိုဟယ် ကျွန်းနားက ဖိလစ်ပိုင် ရေတပ်ထောက်ပို့ မော်တော် ဘုတ်ထိခိုက်ပျက်စီးပြီး သင်္ဘောပေါ်ပါသူတော်တော်များများ ဒဏ်ရာရသလို မော်တော်ဘုတ် ပျက်စီးမှုလည်း ဖြစ်သွားခဲ့လို့ ဖိလစ်ပိုင်အစိုးရက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ရပြန်တယ်။

မနှစ်ကကတည်းက တောင်တရုတ်ပင်လယ်အရေးကြောင့် တရုတ်နဲ့ ဖိလစ်ပိုင်အစိုးရကြား တင်းမာမှုတွေတိုးလာ သလို တရုတ်ဘက်က အနိုင်ကျင့်စိုးမိုးမှုတွေလည်း ထပ်တိုးမြှင့်လုပ်ဆောင်လာတယ်။ ၂၀၂၃ အောက်တိုဘာ လအထိတွက်ရင် တရုတ်ဘက်က ဖိလစ်ပိုင် ရေပိုင်နက်ထဲ လာရောက် နှောင့်ယှက်အနိုင်ကျင့်မှု ၅၅ ကြိမ်အထိ လုပ်ဆောင်ခဲ့တယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်။ ဖိလစ်ပိုင်သာမက ဗီယက်နမ် လည်း တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ အနိုင်ကျင့်ရန်စမှုတွေကို ခံရပြန်တာပါပဲ။ ၂၀၂၀ ဧပြီလအတွင်း ဟနွိုင်းအရှေ့ပင်လယ်မှာ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောနဲ့တိုက်လို့ ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စီး ပါရာဆယ်ကျွန်းနားမှာ နစ်မြုပ်ခဲ့ရတယ်။ ပါရာဆယ်ကျွန်းဟာ ၁၇ ရာစုကတည်းက ဗီယက်နမ်ပိုင်နက်ဖြစ် တယ်လို့ ဗီယက်နမ်အစိုးရက တွင်တွင်ပြောနေပေမယ့် တရုတ်ဟာ ၁၉၇၄ ခုနှစ်ကတည်းက ဒီနယ်နိမိတ်ထဲ ဝင်လာပြီး ဗီယက်နမ်ရဲ့ကမ်းလွန်ရေနံလုပ်ကွက်တွေကို ဖျက်သိမ်းပယ်ဖျက်ပစ်ခဲ့တယ်။

မနှစ်ကလည်း တရုတ်အစိုးရဟာ နောက်ဆုံးထုတ် စံပြမြေပုံဆိုပြီး တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးနီး သူတို့အပိုင် အဖြစ် ထုတ်ပြန်တော့ မလေးရှားအစိုးရက ကန့်ကွက်ခဲ့ပြီး ဘော်နီယိုကျွန်းဟာ မလေးရှား ပိုင်နက် ဖြစ်တာ တစ်ကမ္ဘာလုံးသိထားပြီးသားဖြစ်ကြောင်း၊ မလေးရှားရေပိုင်နက်တွေကိုပါ တရုတ်က သူတို့ပိုင်နက် အဖြစ် ပြဌာန်းထုတ်ပြန်တာကို ကန့်ကွက်ပြီး လက်မခံဘူးလို့ ၂၀၂၃ ဩဂုတ် ၃၁ ရက်မှာ မလေး နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်သွားတယ်။

ဒီလို တရုတ်ရဲ့ စစ်ဝါဒီနဲ့ အနောက်ပစ္စိဖိတ်ပင်လယ်မှာ ငြိမ်းချမ်းတည်ငြိမ်မှုကို အာဏာသုံးပြီး နှောင့်ယှက်ခြင်း တွေဟာ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတိုင်းအပေါ်လည်း ခြိမ်းခြောက်လာလို့ ဖိလစ်ပိုင်ဟာ နိုင်ငံတကာ အရှိန်အဝါကို ယူပြီး တရုတ်ကို တန်ပြန်ဖို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ လုပ်လာရတာပဲဖြစ်ပါတယ်။ ဒီနောက် ခံအကြောင်းတရားတွေအရ အမေရိကန်နဲ့ အာဆီယံ မဟာမိတ်တွေဟာ တောင်တရုတ်ပင်လယ်မှာ စစ်ရေး ပူးပေါင်းလေ့ကျင်ခြင်းနဲ့ တရုတ်ရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို မခံကြောင်း အသိပေးတုံ့ပြန်တာဖြစ်တယ်။ ကျွမ်းကျင် သူတွေက အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးဇုန်ဖြစ်ဖို့ ဒီနယ်ထဲ စစ်ရေးအင်အားပြမှုတွေဟာ တစ်ရက်ထက်တစ်ရက် ပိုတိုးလာခြင်းနဲ့အတူ တရုတ်နဲ့ ပွတ်တိုက်မှုအရှိန်ဟာလည်း ပိုပြီး များပြားလာတော့မှာဖြစ်တယ်လို့ သုံးသပ်နေကြပါပြီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now