ဆောင်းပါး

တရုတ်နိုင်ငံရေးနဲ့ နည်းပညာပိုင်းခေါင်းဆောင်တွေကို တုန်လှုပ်စေတဲ့ စာသားကနေ ရုပ်ရှင်ပြောင်း AI နည်းပညာ Sora

မဲခေါင် 20 Mar - 2024
Chat GPT ကို ထုတ်လုပ်ဖန်တီးခဲ့တဲ့ အမေရိကန်အခြေစိုက် ဉာဏ်ရည်တု Artificial Intelligence (AI) ဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Open AI က နောက်ဆုံးဖန်တီးထုတ်လုပ်လိုက်တဲ့ စာသားကနေ အလိုအလျှောက် ရုပ်ရှင်ဖန်တီးတဲ့ Sora AI နည်းပညာသစ်ကြောင့် တရုတ်နိုင်ငံရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင်တွေ တုန်လှုပ်နေကြရပါပြီ။

လင်းမောင်

Chat GPT ကို ထုတ်လုပ်ဖန်တီးခဲ့တဲ့ အမေရိကန်အခြေစိုက် ဉာဏ်ရည်တု Artificial Intelligence (AI) ဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Open AI က နောက်ဆုံးဖန်တီးထုတ်လုပ်လိုက်တဲ့ စာသားကနေ အလိုအလျှောက် ရုပ်ရှင်ဖန်တီးတဲ့ Sora AI နည်းပညာသစ်ကြောင့် တရုတ်နိုင်ငံရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင်တွေ တုန်လှုပ်နေကြရပါပြီ။ ၂၀၂၄ ခုနှစ်ထဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ Sora ရဲ့ နည်းပညာဖန်တီးမှုအသစ်ဟာ အရင် AI ကြောင့် ဂရပ်ဖစ်ဒီဇိုင်းနယ်ပယ်တစ်ခုလုံး တုန်လှုပ်သွားသလိုပဲ ရုပ်ရှင်၊ ဗီဒီယို နယ်ပယ်တစ်ခုလုံးကိုလည်း တုန်လှုပ်သွားစေပါတယ်။ ဒါကြောင့် တရုတ် နိုင်ငံရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင်တွေကြား တုန်လှုပ်ခြောက်ခြားမှုကို ဖြစ်စေခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

ဘာကြောင့်လည်းဆိုတော့ အမေရိကန်ရဲ့ Sora ဉာဏ်ရည်တုနည်းပညာသစ်ဟာ စာသားရေးပေးရုံနဲ့ အလိုအလျှောက် ရုပ်ရှင်ဖြစ်လာစေနိုင်တာမို့ အမေရိကန်နဲ့ AI နည်းပညာပိုင်းမှာ ပြိုင်ဆိုင်နေတဲ့ တရုတ်ဟာ သူတို့ နောက်မှာ တော်တော်ဝေးဝေးကျန်ရစ်ခဲ့တယ်ဆိုတာကို အလန့်တကြားသိရှိသွားပြီး ဒီနည်းပညာသစ်ဟာ ပင်မရေစီးဖြစ်တဲ့ ကြော်ငြာ၊ ရုပ်ရှင်နမူနာ၊ ရုပ်ရှင်ဇာတ်လမ်းတို အဆောက်အအုံကြီးတစ်ခုလုံးကို တော်လှန်ပြီး ချိုးဖဲ့ ဖျက်ဆီးသွားမယ့် အလားအလာတွေ ထင်ထင်ရှာရှား မြင်တွေ့လိုက်ရတာကြောင့် တရုတ်နည်းပညာရှင်တွေဟာ ချင့်တွက်လေ့လာအဖြေရှာနိုင်ရေး အပူတပြင်း ဖြစ်သွားခဲ့ရပါတယ်။ တရုတ်ရုပ်ရှင်လောကကြီးရဲ့ လက်ရှိအခင်းအကျင်းက နိမ့်ကျ၊ မလှုပ်မယှက်ရှိနေချိန် AI နည်းပညာသစ်တစ်ခုနဲ့ အမေရိကန်ကပါ ခြိမ်းခြောက်လာလို့ မကြာသေးမီက တရုတ်အမျိုးသားပြည်သူ့လွှတ်တော် (NPC) နဲ့ နှစ်စဉ် တရုတ်နိုင်ငံရေးခေါင်းဆောင်တွေ စုဝေးလို့ ကျင်းပတဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ရဲ့ အမျိုးသားကော်မတီတို့ဟာ နှစ်ပတ်လည် အစည်းအဝေးကြီးမှာ ဒီအရေးကို အထူးတလှယ် ဆွေးနွေးခဲ့ကြပါတယ်။

ဒီအစည်းအဝေးပွဲမှာ အမျိုးသားနိုင်ငံရေးအကြံပေး CPPCC အဖွဲ့ဝင်၊ ရှန်ဟိုင်းပြည်သူ့သံတမန်အဖွဲ့ ဥက္ကဌ Zhou Hanmin က ကြီးမားတဲ့ ရိုက်ခက်ထိုးနှက်မှုဖြစ်လာတဲ့ Sora ပေါ်ထွန်းလာမှုဟာ အရေးပေါ် ချင့်တွက်ရမယ့် အခြေအနေဖြစ်လာကြောင်း၊ သူတို့ရဲ့ ပြည်တွင်းအခြေစိုက်ပြီး ပြည်ပက အချက်အလက်တွေ ခိုးယူစုဆောင်းရင်း တီထွင်တဲ့ နည်းပညာအဆင့်အတန်းမှာ နောက်ကောက်ကျနေရလို့ ချင့်တွက်လေ့လာမှု အပူတပြင်းလုပ်ပါ၊ စမ်းသပ်လေ့လာရေးအဖွဲ့တွေ ဖွဲ့စည်းပါ။ စဉ်ဆက်မပြတ် နည်းပညာတိုးတက်စေရေး အချက်အလက် စုဆောင်းမှု ယန္တရားကို အဆင့်ထပ်မြှင့်တင်ပါ၊ ပြဌာန်းခဲ့ပြီးတဲ့ ဒေတာလုံခြုံရေးဥပဒေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်ကာကွယ်ရေးဥပဒေတွေပါတဲ့ ဥပဒေတွေကို ပြန်ချင့်တွက်ပြီး တိုးမြှင့်လုပ်ဆောင်ပါလို့ တိုက်တွန်းမှာကြားသွားပါတယ်။ တရုတ်အစိုးရဟာ ပြည်ပက သတင်းအချက်အလက်တွေကို ဖောက်ထွင်းရယူမှုနဲ့ နည်းပညာ တိုးတက်ရေးတီထွင်မှုတွေကို အားယူထူထောင်နေပေမယ့် သူတို့ဆီက အချက်အလက်တွေ နယ်စပ်ဖြတ်ကျော် ဖောက်ထွက်စီးဆင်နေတဲ့ ပြဿနာတွေနဲ့လည်း ကြုံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။

တရုတ်ရဲ့ အမေရိကန်ကို ကျော်ဖြတ်နိုင်ရေး နည်းပညာပြိုင်ဆိုင်နေမှုဟာ AI နဲ့ပတ်သက်ရင် ခေတ်နောက်ကျ ကျန်နေသေးတာ ရှင်းရှင်းလင်းလင်းသိရှိရတယ်။ သူတို့ရဲ့ AI နည်းပည ဖန်တီးမှုမှာ အဓိကအချက်နဲ့ သာမည အချက်အလက်တွေကို ရှင်းလင်းအောင် သိမြင်ဖန်တီးနိုင်မှု အားနည်းချက်တွေ များနေတယ်။ လက်ရှိ တရုတ် အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေသတွေဟာလည်း တီထွင်မှုမှာ ဘယ်အချက်အလက်က အဓိကကျတာနဲ့ မကျတာကို ကောင်းကောင်းခွဲခြားနိုင်ရေး သိသာထင်ရှားတဲ့ အထောက်အပံ့တွေလည်း မပေးနိုင်သေးဘူး။ ဒါကြောင့် နိုင်ငံရေးနဲ့ နည်းပညာပိုင်းမှာ အခရာကျလာတဲ့ AI နည်းပညာနယ်ပယ်မှာ သူတို့ဟာ ပိုပြီး တိုးတက် အောင်တီထွင်လေ၊ နားလည်နိုင်စွမ်းက ပိုပြီး ရှုပ်ထွေးပြီး နားမလည်မှုကို ပိုဖြစ်စေ၊ အန္တရာယ်ကိုလည်း ပိုပြီး ဖိတ်ခေါ်သလိုဖြစ်နေရတယ်လို့ Zhou Hanmin ကု နှစ်ပတ်လည်အစည်းအဝေးမှာ သတိပေး တင်ပြသွားတယ်။

တရုတ်ရဲ့ နည်းပညာနယ်ပယ် ကျွမ်းကျင်သူတွေက လက်ရှိသူတို့ အသုံးပြုနေတဲ့ AI Power မျိုးဆက် မော်ဒယ်တွေမှာ လေ့ကျင့်ရေး အချက်အလက်၊ ကွန်ပြူတာစွမ်းရည်၊ နည်းပညာနယ်ပယ် ပါရမီရှင်တွေအတွက် အရည်အချင်းပိုမိုပြုစုပျိုးထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်သင့်ပြီလို့ တိုက်တွန်းအကြံပြုကြတယ်။ တရုတ်ရဲ့ Cloud Video Solution Provider တွေဖြစ်တဲ့ Hangzhou Arcvideo Technology Co Ltd နဲ့ BizConf Telecom Co Ltd တို့ရဲ့ A-Share စျေးကွက် ရှယ်ယာတန်ကြေးတွေကလည်း ဆက်လက်မြင့်တက်နေတုန်းဖြစ်ပါတယ်။ သူတို့ရဲ့နည်းပညာက ဘာသာစကားအများကြီးသုံးနိုင်တဲ့ မော်ဒယ်၊ ရုပ်ထွက်အရည်အသွေးအကောင်းဆုံး ဗီဒီယို တွေကို စာသား Text ရိုက်ခိုင်းတာနဲ့ ထုတ်လုပ်နိုင်လို့ Shanghai bourse’s STAR Market မှာ နေ့စဉ် ကန့် သတ်ထားတဲ့ ရှယ်ယာစျေးတက်မှု ၂၀ ရာခိုင်နှုန်းကနေ ကျမသွားပါဘူး။ ဒါကြောင့် တရုတ်ရဲ့ စာသားအကြံပြုချက်တွေအပေါ် အခြေခံပြီး ရုပ်ထွက်မြင့်မားသော ဗီဒီယို မျိုးဆက်သစ် AI နည်းပညာဟာ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍသစ်မှာ အားကောင်းတဲ့ တွန်းအားတစ်ခုဆိုတာလည်း ငြင်းမရပါဘူး။

ပေကျင်းအခြေစိုက် အင်တာနက်စက်မှုလုပ်ငန်းအထူးပြု သုတေသနအင်စတီကျု Data Center of China Internet ဒါရိုက်တာ Liu Xingliang က Sora ကို မီဖို့တော့ တရုတ်နည်းပညာရှင်တွေ၊ အစိုးရအဖွဲ့အကြီးအကဲတွေဟာ ပိုကောင်းတဲ့ အစီအမံတွေ ချမှတ်မှဖြစ်မယ်လို့ တိုက်တွန်းသွားတယ်။ တရုတ် သိပ္ပံရုပ်ရှင်အထွေထွေအမှုဆောင် အတွင်းရေးမှူး Ma Heliang ကလည်း AI ထွန်းကားလာခြင်းမှာ Sora ရဲ့ အရည်အသွေးကို မြင်သိလိုက်ရတော့ လုံး၀ အံ့ဩတကြီးဖြစ်ရကြောင်း၊ သူတင်သာမဟုတ်ဘဲ ပင်မ ရုပ်ရှင်လောကကြီးတစ်ခုလုံးက ထုတ်လုပ်သူတွေပါ မကျန် သူတို့ရုပ်ရှင်လုပ်ငန်းတွေမှာ ကြီးမားတဲ့ ထိုးနှက်ချက်၊ ကြီးမားတဲ့ ဇာတိပြောင်းလဲမှုဖြစ်စဉ်တွေလာတော့မှာကို သိရှိနားလည်းလာကြကြောင်း၊ ဒါပေမဲ့ အမေရိကန်ရဲ့ Sora စာသားအခြေပြု ရုပ်ရှင်ဖန်တီးမှုဟာ နှစ်ပေါင်း ၁၀၀ လောက် တည်ရှိခဲ့ပြီးဖြစ်တဲ့ ရုပ်ရှင်ရုံတွေမှာ ပရိသတ်နဲ့ စိတ်နှလုံး ထိန်းညှိပေးနိုင်စွမ်းရှိတဲ့ ရုပ်ရှင်ပင်မ ရေစီးကြောင်းကြီး ပြိုလဲပြီး နေရာယူသွားဖို့ အဆင့်မျိုးအထိတော့ မရောက်သေးကြောင်း၊ ဒီထက် ပြည့်စုံ ကောင်းမွန်လာရင်တော့ ရုပ်ရှင်လောကတစ်ခုလုံး တော်လှန်ခံရတာမျိုးဖြစ်လာနိုင်ကြောင်း သုံးသပ် ပြောကြားသွားပါတယ်။

တရုတ်ရဲ့ 360 Security Technology ထူထောင်သူနဲ့ ဥက္ကဌ Zhou Hongyi ကလည်း Sora ရဲ့ အောင်မြင် မှုကြီးကြောင့် တရုတ်ရဲ့ အအောင်မြင်ဆုံးဖြစ်နေတဲ့ TikTok အလျှင်အမြန်ကျဆုံးသွားဖို့ မရှိသေးဘဲ ပိုကောင်းတဲ့ ဖြတ်တောက် ဖန်တီးနိုင်စရာ Tool တစ်ခုသာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Sora ကြောင့် ကြော်ငြာ လုပ်ငန်းအဆောက်အအုံ၊ ရုပ်ရှင်နမူနာ၊ ဗီဒီယိုအတိုလုပ်ငန်းတွေအပေါ် ကြီးစွာသော အနှောင့်အယှက်ပေးမှုကြီး ဖြစ်လာနေပြီဖြစ်ကြောင်း၊ တရုတ်ရဲ့ AI ဖွံ့ဖြိုးမှု အဆင့်အတန်းကတော့ အမေရိကန်ကို မမီနိုင်ဘဲ တရုတ်နိုင်ငံရှိ အကြီးစား မော်ဒယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုံးအဆင့် ၄.၀ ဟာ လွန်ခဲ့တဲ့ ၁ နှစ်ခွဲကျော်က ထွက်တဲ့ အမေရိကန်ရဲ့ GPT-3.5 အဆင့်လောက်ပဲရှိသေးတဲ့ ကွာဟချက်မျိုးရှိနေသေးကြောင်း၊ အမေရိကန် Open AI ရဲ့ GPT-5 ဆိုရင် စက်ပစ္စည်းကို ကိုယ်တိုင်လေ့လာသင်ယူပြီး အဆင့်မြင့်လျှို့ဝှက်လက်နက်တွေအထိပါ တီထွင်နိုင်မယ့်အဆင့်မျိုးဖြစ်လို့ နိုင်ငံရေး၊ စစ်ရေးပိုင်းမှာပါ သက်ရောက်မှုအများကြီးရှိနေတယ်လို့ ထိတ်လန့်စွာ ပြောသွားခဲ့ပါတယ်။

ပေကျင်းတက္ကသိုလ် စာတိုက်နဲ့ ကြေးနန်းဆက်သွယ်ရေးတက္ကသိုလ်မှ လူသား-စက်အပြန်အလှန်ဆက်ဆံရေးနဲ့ သိမြင်မှုအင်ဂျင်နီယာဓာတ်ခွဲခန်း ဒါရိုက်တာ Liu Wei ဟာ AI နည်းပညာဆိုင်ရာ အမေရိကန် လုပ်ဖော်ကိုင်ဖက်တွေနဲ့အကြိမ်များစွာ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပညာရှင်တွေ ဝန်ခံခဲ့တာက အမေရိကန်ဟာ ဆော့ဖ်ဝဲလ် နဲ့ ဟာ့ဒ်ဝဲလ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုမှ ထိပ်ဆုံးကရှိပြီး တရုတ်ကတော့ AI အသုံးချပရိုဂရမ်နဲ့ အချက်အလက်စုဆောင်းမှုမှာ ပိုမိုကြီးမားသောဦးဆောင်နိုင်သူလို့ ပြောပြသွားတယ်။ Liu က AI လို နည်းပညာသစ်တွေဟာ နှစ်ဖက်သွားဓားလိုဖြစ်ပြီး ဒီလောက်ရုတ်ချည်းလျင်မြန်ဖွံ့ဖြိုးတိုးတက်မှုဟာ မိရိုးဖလာလူမျိုးစုတွေအပေါ်၊ ဥပဒေတွေနဲ့ထုတ်လုပ်မှုနည်းလမ်းတွေအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုရှိမှာ သေချာကြောင်း၊ နိုင်ငံတွေရဲ့ ကိုယ့်ပြဌာန်းမှုနဲ့ကိုယ် တခြားသူမစွက်ဖက်ရေးမူဝါဒတွေအပေါ် ချဉ်းကပ်မှု၊ အများပြည်သူအကျိုးစီးပွားထိခိုက်မှုတွေဖြစ်စေကြောင်း၊ ဒါပေမဲ့ တစ်ဖက်မှာ ဒီလိုဖြစ်လာမှာစိုးလို့ တင်းကျပ်လွန်းတဲ့ စည်းမျဉ်းကန့်သတ်ချက်တွေလုပ်လာရင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ အားနည်း နှေးကွေးမှုကို ဖြစ်စေနိုင်တယ်လို့ သုံးသပ်သွားပါတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now