မဲခေါင်၊ ဒီဇင်ဘာ ၂၆
TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ မန်တုံမြို့ကို သိမ်းယူပြီးတဲ့နောက် ခလရ-၁၃၀ ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်အတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို ဒီဇင်ဘာလ ၂၅ရက်ညပိုင်းက ထုတ်ပြန်ပါတယ်။
ခလရ – ၁၃၀ ကို သိမ်းပိုက်ရရှိတဲ့ ဒီဇင်ဘာလ ၂၂ရက်က စစ်ကောင်စီရဲ့ ၁၅၅ ဟောင်ဝစ်ဇာ အမြှောက် ၂လက် အပါအဝင် လက်နက် ခဲယမ်း ပစ္စည်း မျိုးစုံနဲ့ စစ် အသုံးအဆောင်ပစ္စည်းတွေ ရှင်းလင်းသိမ်းဆည်းရမိခဲ့ပြီး အခုထပ်မံသိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ စစ်သုံ့ပန်းတွေရဲ့ ထုတ်ဖော်ပြောပြချက်အရ ရှာဖွေဆိမ်းဆည်းရမိတာလို့ TNLA က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ နမ္မတူမြို့တွင်း၊ ခိုဖိတ်ကျေးရွာအနီးတဝိုက်ကို လေယာဉ်နဲ့ ဗုံး ၂၈လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မဟာမိတ်တပ်တွေဘက်က ထုတ်ပြန်ပါတယ်။
#MeKongNews
#Operation1027
#မန်တုံ
#ခလရ၁၃၀