မဲခေါင်၊ ဇန်နဝါရီ ၂၇
၂၀၂၅ ခုနှစ်ရောက်ရင် ကမ္ဘာပတ်လမ်းထဲကို လူသားဉာဏ်ရည်၊ DNA နဲ့ ကမ္ဘာ့သဘာ၀ရင်းမြစ်တွေဖြစ်တဲ့ သစ်ပင်ပန်းမန် မျိုးစေ့ဗီဇတွေပါတဲ့ ဒုံးပျံတစ်စင်း ပစ်လွတ်ဖြန့်ကျဲဖို့ စီစဉ်ထားတယ်လို့ အစ္စရေး သိပ္ပံပညာရပ်ဆိုင်ရာ ကုမ္ပဏီ WEXU က ထုတ်ပြန်ခဲ့ပါတယ်။
ဒီနေ့ကမ္ဘာမှာ ရုရှားသမ္မတပူတင်လို စစ်အာဏာရှင်နဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်ကြီးတွေအကြား တင်းမာတဲ့ ဆက်ဆံရေးတွေကြောင့် သမ္မာကျမ်းစာပါ ကမ္ဘာပျက်သုဉ်းတဲ့နေ့ (နျူကလီးယားနဲ့ ကမ္ဘာပျက်တဲ့နေ့ – nuclear apocalypse) ကြီး ကြုံရနိုင်တဲ့အတွက် WEXU က ကမ္ဘာပျက်ပြီး ကမ္ဘာသစ် ပြန်လည် မွေးဖွားဖို့ အစီအစဉ် Plan B အမည်နဲ့ Ark ဆိုတဲ့ ဒုံးပျံကို ကမ္ဘာပတ်လမ်းထဲ လွှင့်တင်ဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။
ရှေးဟောင်းအီဂျစ်ပညာရှင်တွေဟာ နောက်လူသားတွေကို သူတို့ရှာဖွေတွေ့ရှိမှုတွေ သိရှိနိုင်အောင် ရည်ရွယ်ထား ရှိခဲ့သလို ဒီစီမံကိန်းကလည်း လူသားတွေ နှစ်သန်းပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့ရာမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းပညာတွေ၊ သိပ္ပံပညာရပ်တွေကို ကမ္ဘာပျက်ပြီး ကမ္ဘာသစ်ပြန်လည်မွေးဖွားရင် နောက်အနာဂတ် လူသားတွေ သိရှိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကမ္ဘာသစ်ပြန်လည်မွေးဖွားဖို့ နေစွမ်းအင်အပြင်ဘက် ကမ္ဘာပတ်လမ်းရှိပြီး ကြယ်တွေလည်းရှိတဲ့ သက်ရှိနေထိုင်နိုင်တဲ့ ဂြိုဟ်တွေပေါ်ကို လူသား ဉာဏ်ရည်၊ မျိုးရိုးဗီဇ DNA တွေ၊ သစ်ပင်ပန်းမန် မျိုစိတ်တွေ၊ သတင်းအချက်အလက်တွေအားလုံးကို ဖြန့်ကျဲလုပ်ဆောင်သွားမှာဖြစ်တယ်လို့ WEXU က ဖော်ပြခဲ့ပါတယ်။
အကာအကွယ်လုပ်ထားတဲ့ Capsule ထဲမှာ ဖန်တီးမှု ထည့်ပေးလိုက်နိုင်ဖို့ လူသားတွေအနေနဲ့ ကိုယ့် DNA ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေရဲ့ DNA တွေကိုပေးခြင်းနဲ့ ဒီစီမံကိန်းအတွက် ငွေကြေးပေးချေသွားနိုင်တယ်လို့ အသိပေးထားပါတယ်။
တစ်ခြားကမ္ဘာတွေမှာ ဂြိုဟ်သားတွေရှိရင် ဒါတွေကို စူးစမ်းလေ့လာပြီး လူသားကမ္ဘာကို ပြန်လည် မွေးဖွား ပေးနိုင်စွမ်းရှိလိမ့်မယ်လို့လည်း WEXU က ထုတ်ပြန်ထားပါတယ်။
MKF-001
Mekongnews
Ref:The Sun