ကမ္ဘာ့သတင်း

အစ္စရေးကို တိုက်ခိုက်မှုမှာ ပါဝင်နေတဲ့ အီရန် သတိထားတော့လို့ ဂျိုးဘိုင်ဒန် သတိပေး

မဲခေါင် 12 Oct - 2023
အစ္စရေးတောင်ပိုင်းကို ဟားမက်စ်တပ်တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ အီရန်ရဲ့ အစ္စလာမ္မစ်ရီပက်ဘလစ်နဲ့ တော်လှန်ရေးအစောင့်တပ် (Revolutionary Guards) တွေ ပါဝင်တယ်လို့ သိရတဲ့အတွက် အီရန်ခေါင်းဆောင်တွေကို ကောင်းကောင်း သတိထားကြပါလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၂

အစ္စရေးတောင်ပိုင်းကို ဟားမက်စ်တပ်တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ အီရန်ရဲ့ အစ္စလာမ္မစ်ရီပက်ဘလစ်နဲ့ တော်လှန်ရေးအစောင့်တပ် (Revolutionary Guards) တွေ ပါဝင်တယ်လို့ သိရတဲ့အတွက် အီရန်ခေါင်းဆောင်တွေကို ကောင်းကောင်း သတိထားကြပါလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး နျူကလီးယားတင်ဆောင် လေယာဉ်တင်သင်္ဘောကြီး USS Gerald R. Ford ဟာ အရန်စစ်သင်္ဘော ၆ စင်းပါ အုပ်စုနဲ့အတူ မြေထဲပင်လယ် အရှေ့ဘက် ကမ်းခြေကို ရောက်ရှိနေပြီး အီရန်ဟာ ဟားမက်စ်ရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ ထဲထဲဝင်ဝင်ပါဝင်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးသတင်း ရရှိ ထားတယ်လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။

ဒါကြောင့် အောက်တိုဘာ ၁၂ ရက်နေ့က ဂျူးလူမျိုးရေးခေါင်းဆောင်တွေ နဲ့ ဝါရှင်တန်မှာ တွေ့ဆုံစဉ် အီရန်ကို သတိပေးစကားပါ ဂျိုးဘိုင်ဒန်က ထုတ်ပြောသွားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ သင်္ဘောအုပ်စုကို အရှေ့မြေထဲပင်လယ်ထဲ ပို့ထားပြီးဖြစ်ပါတယ်။ နောက်ထပ် ဂျက်ဖိုက်တာ လေယာဉ်တွေလည်း ထပ်ပို့ဦးမှာပါ။ ဒါကြောင့် အီရန်သားတွေ သတိကြီးကြီးထားကြပါ” လို့ ဂျိုးဘိုင်ဒန်က ပြောဆိုသွားခဲ့ တာဖြစ်ပါတယ်။

အီရန်ခေါင်းဆောင် အလီခါမီနီကတော့ အမေရိကန်ရဲ့ စွပ်စွဲမှုဟာ မဟုတ်မှန် ကြောင်းနဲ့ စစ်ရေးနဲ့ထောက်လှမ်းရေးပိုင်းမှာ အစ္စရေး ရှုံးသွားရတာမျိုးသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အီရန်ဟာ ပါလက်စတိုင်းလက်နက်ကိုင်တွေကို ထောက်ပံ့မှုတွေရှိနေတာ သိရကြောင်း၊ ဒါပေမဲ့ ရှုပ်ထွေးနက်နဲတဲ့ အခြေ အနေဖြစ်ပြီး အမေရိကန်ပြောသလို အီရန်က အစ္စရေးကို ဝင်တိုက်တဲ့အထဲ ပါတယ်ဆိုတာ သက်သေမရှိသေး ဘူးလို့ ပြောကြားသွားပါတယ်။

အစ္စရေးဘက်က ထုတ်ပြန်ချက်အရ ဟားမက်စ်တွေ ကျူးကျော်တိုက်ခိုက်မှုမှာ စစ်သား ၁၈၉ ဦးအပါ ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး အစ္စရေးဘက်မှာ သေပြီးကျန်ခဲ့တဲ့ ဟားမက်စ်အလောင်းပေါင်း ၁၅၀၀ ရှိတယ်လို့ ထုတ်ပြန်ထားပါ တယ်။

Ref: iranwire
MKF-001

#MeKongNews

#အီရန်

#အစ္စရေး

#ဘိုင်ဒန်

#ဟားမက်စ်

#သတိပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now