မဲခေါင်၊ သြဂုတ် ၂၃
အာဖရိကတိုက်ရဲ့ ဘော့ဆွာနာနိုင်ငံမှာ ကမ္ဘာပေါ် ဒုတိယမြောက်အကြီးဆုံး စိန်တုံးကြီးကို တူးဖော်တွေ့ရှိခဲ့ပါ တယ်။
လက်ရှိ ကမ္ဘာ့အကြီးမားဆုံး စိန်တုံးဟာ ၁၉၀၅ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပြီး ၃၁၀၆ ကာရတ်ရှိတဲ့ ကူလီနန် စိန်တုံးကြီးဖြစ်ကာ ၉ ပိုင်းခွဲဖြတ်လိုက်ပြီးနောက် အများစုဟာ လက်ရှိ ဗြိတိန်သရဖူရတနာထဲမှာ မြှုပ်နှံဆင်ယင်ထားတာဖြစ်ပါတယ်။
အခု ကနေဒါ မိုင်းကုမ္ပဏီ Lucara Diamond က ဘော့ဆွာနာမြို့တော် ဂက်ဘိုရိုနီရဲ့အနောက်ဘက် ကီလိုမီတာ ၅၀၀ (မိုင် ၃၀၀) အကွာကာရိုဝီ မိုင်းတွင်းမှာ ၂၄၉၂ ကာရတ်ရှိတဲ့ ကမ္ဘာ့ ဒုတိယ အကြီးမားဆုံး စိန်တုံးကြီးကို တူးဖော်ရရှိနိုင်ခဲ့ကြောင်း BBC က ဖော်ပြသွားပါတယ်။
ဘော့ဆွာနာအစိုးရအဖွဲ့က ဒီစိန်တုံးကြီးဟာ အာဖရိကတိုက်တောင်ပိုင်းမှာ တူးဖော်ရရှိခဲ့သမျှ စိန်တွေထဲ အကြီး ဆုံးစိန်တုံးဖြစ်တယ်လို့လည်း ထုတ်ပြန်သွားပါတယ်။
အရင် ဘော့ဆွာနာနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အကြီးဆုံး စိန်တုံးကတော့ ၂၀၁၉ ခုနှစ်က တွေ့ရှိတဲ့ ၁၇၅၈ ကာရတ်ရှိ စိန်တုံးဖြစ်ပါတယ်။ ဘော့ဆွာနာနိုင်ငံဟာ ကမ္ဘာမှာ စိန်အထွက်ဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့စိန်ထွက်ရှိမှုနှုန်းရဲ့ ၂၀ ရာခိုင်နှုန်း ထွက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။
Ref:BBC
MKF-001








