မြန်မာ့နွေဦး

အေးသာယာမှာ လမ်းပြုပြင်မှု ဆိုင်ခန်းတွေ လမ်းထက်အဆမတန် မြင့်သွားလို့ အခက်တွေ့နေ

မဲခေါင် 21 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ပြည်ထောင်စု လမ်းမကြီး ပြုပြင်နေရာ ဆိုင်ခန်းတွေ လမ်းမထက် အဆမတန် မြင့်တက်သွားတာကြောင့် အခက်တွေ့နေရတယ်လို့ ဆိုင်ခန်း ပိုင်ရှင်တွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ပြည်ထောင်စု လမ်းမကြီး ပြုပြင်နေရာ ဆိုင်ခန်းတွေ လမ်းမထက် အဆမတန် မြင့်တက်သွားတာကြောင့် အခက်တွေ့နေရတယ်လို့ ဆိုင်ခန်း ပိုင်ရှင်တွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ လမ်းဦးစီးဌာနက ဇွန်လပိုင်းက စတင်ပြီး လမ်းပြုပြင်နေရာမှာ လက်ရှိ ဆိုင်ခန်းတွေ ၆ ပေကနေ ၁၀ ပေ၀န်းကျင် အထိ မြင့်တက်သွားလို့ ဈေးဝယ်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဘယ်လို စိတ်ကူးနဲ့ လုပ်တာလဲတော့ မသိဘူး။ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲတွေပေါ့။ လူတစ်ရပ်ကျော် မြင့်သွားတော့ လှေကား ထောင်ထားရတယ်။ ဈေးဝယ်တွေကလည်း တချို့ မတက်ရဲဘူး။ လှေကားက ယာယီ ဆိုတော့လေ။ အရင်ကဆို ဈေးလာမဝယ်ရင်တောင် ဝင်ကြည့်ကြတယ်လေ။ အခုက အဲလိုကို လာကြည့်တဲ့သူ မရှိတော့တာ” လို့ ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ လမ်းဖောက်လုပ်မှု မပြီးသေးလို့ ဆိုင်ခန်းတွေမှာ ယာယီလှေကား ထောင်ထားပြီး မိုးရွာတဲ့ ရက်တွေမှာ ဈေးဝယ်သူတွေ လှေကားအမြင့်တက်ဖို့ ခက်ခဲတာကြောင့် ဈေးဦးမပေါက်တဲ့ ရက်တွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် လမ်းပြုပြင်ပြီးနောက် မြောင်းဖောက်တာနဲ့ လှေကားလုပ်ရတဲ့ ကုန်ကျစရိတ်တွေ ရှိလာနိုင်တာကြောင့် ငွေကြေး ကုန်ကျမှု များနိုင်တယ်လို့ ဆိုပါတယ်။

“သူတို့က မြေတွေကိုတော့ တူးလိုက်ပြီ။ ဒါပေမယ့် ကတ္တရာ ချက်ချင်း မခင်းနိုင်သေးတော့ မိုးရွာရင် ရုပ်ပျက်ဆင်းပျက်ပဲ။ ဆိုင်ကယ်မှောက်သူတွေနဲ့ ဗွက်တွေနဲ့လေ။ အရင်အစိုးရတုန်းက လမ်းခင်းရင် ဘာမှကို မသိလိုက်ရဘူး။ အခု သူတို့ လက်ထက်ကျမှ အကုန်တလွဲတွေ ဖြစ်နေတာ” လို့ ဈေးသည် တစ်ဦးက ပြောပါတယ်။

အဲဒီ လမ်းပြုပြင်တဲ့ စီမံကိန်းကို ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ဖောင်တော်ပေါက် ဒေသအထိ ဆောင်ရွက်မှာ ဖြစ်ပြီး လမ်းတစ်ဖက် တစ်ချက်မှာ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

CJ-007

#MekongNews

#အေးသာယာမြို့

#ပြည်ထောင်စုလမ်းမ

#စီမံကိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now