မြန်မာ့နွေဦး

ကျောက်ဂူမှာ စစ်ကောင်စီတပ်က ရွာသားတွေကို ရိုက်နှက်ပြီး အဖိုးတန်ပစ္စည်းတွေခိုးသွား၊ လိုက်တောင်းမှ လျော်ကြေးရ

မဲခေါင် 6 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဓနုကျေးရွာတွေမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်-DPLF က စည်းရုံးရေးဆင်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ရွာသားတွေကို ရိုက်နှက်ပြီး ရွှေထည်နဲ့ ဖုန်းတွေ ခိုးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဓနုကျေးရွာတွေမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်-DPLF က စည်းရုံးရေးဆင်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ရွာသားတွေကို ရိုက်နှက်ပြီး ရွှေထည်နဲ့ ဖုန်းတွေ ခိုးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စုရှိ ဓနုကျေးရွာတွေ ဖြစ်တဲ့ ဖက်ရင်းကုန်း၊ မဲကြား၊ ပုန်းအင်း၊ ထမင်းပေါင်း၊ တောင်းခမ်း၊ ကျောက်မီးခတ် အစရှိတဲ့ ရွာတွေမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်-DPLF က စည်းရုံးရေး ဆင်းတယ်ဆိုပြီး စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က စက်တင်ဘာ ၄ ရက်နေ့က ရွာထဲ ဝင်မွှေသွားတယ်လို့ ဆိုပါတယ်။

ဒေသခံ တစ်ဦးက “ပုန်းအင်းရွာကိုလာပြီး ရွာက လူအားလုံး ဘုန်းကြီးကျောင်းမှာ လူစုခိုင်းပြီး လူစုနေချိန်မှာ စစ်သားတွေက ရွာထဲ၀င်မွှေပြီး ရွှေနဲ့ဖုန်းတွေ ယူသွားတယ်။ ရွာသားတွေကိုလည်း ရိုက်နှက်တာတွေ လုပ်ခဲ့တယ်” လို့ ပြောပါတယ်။

အရိုက်ခံရတဲ့ ပုန်းအင်းရွာသား ၄ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိပြီး လက်စွပ် ၂ ကွင်း၊ နားကပ်တစ်ရံနဲ့ ဖုန်း ၅ လုံးကို စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ခိုးသွားတဲ့ ပစ္စည်းတွေကို ပုန်းအင်းရွာသားတွေက စက်တင်ဘာ ၅ ရက်နေ့မှာ ပြန်တောင်းရာ စစ်ကောင်စီ စစ်ကြောင်းမှူးက ပစ္စည်းတန်ဖိုး ငွေကျပ် ၅ သိန်း လျော်ပေးတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းမှူးက သူ့တပ်သားတွေကို ရွာက ပစ္စည်း ခိုးရမလားဆိုပြီး လူရှေ့မှာ ဆူပြီးရိုက်တယ်။ ဖုန်း ၅ လုံးအတွက် ငွေ ၅ သိန်း ပြန်ပေးလာတယ်” ဒေသခံ တစ်ဦးက ပြောပါတယ်။

ပုန်းအင်းကျေးရွာမှာ အိမ်ခြေ ၈၀ ခန့်ရှိပြီး ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေမှာ တပ်ရင်း အမှတ်မပါဘဲ စုပေါင်းတပ် ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့် ပုံးအင်း ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ကျန်တဲ့ အင်အားက ဝါးပြားကျေးရွာ၊ လွယ်ဟောင်ကျေးရွာဘက် ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စက်တာဘာ ၄ ရက်၊ ညနေကလည်း စစ်ကောင်စီတပ်က ကျောက်ဂူကျေးရွာအုပ်စု အုပ်မှူးနဲ့ ကျေးရွာလူကြီးကို ကျောက်ဂူစခန်းကို ခေါ်ပြီး သေနတ်သံကြားရင် ကျေးရွာကို လေယာဉ်ခေါ်ပြီး ဗုံးကြဲမယ်လို့ ခြိမ်းခြောက် ပြောဆိုတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး – Danu People’s Liberation Front ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာခဲ့တာပါ။

အဲဒီလို ကြေညာပြီး နောက်ပိုင်း စစ်ကောင်စီတပ်က ရှမ်းပြည်နယ် တောင်ပိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့တွေ လှုပ်ရှားနိုင်တဲ့ နေရာတွေမှာ စစ်ကြောင်းထိုးမှုတွေ ပြုလုပ်လာတာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

CJ-012

#MeKongNews

#DPLF

#ကျောက်ဂူကျေးရွာအုပ်စု

#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now