စီးပွားရေး

စစ်ကောင်စီပင်မထောက်တိုင် MOGE ကို အမေရိကန် ပိတ်ဆို့အရေးယူလိုက်ပြီ

မဲခေါင် 1 Nov - 2023
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်သူကို ပြန်လည်အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ တစ်ခုတည်းသော ပင်မထောက်တိုင်ဝင်ငွေရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်က ပိတ်ဆို့အရေးယူမှု စတင်ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်သူကို ပြန်လည်အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ တစ်ခုတည်းသော ပင်မထောက်တိုင်ဝင်ငွေရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်က ပိတ်ဆို့အရေးယူမှု စတင်ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က စစ်ကောင်စီဟာ MOGE ကနေ နှစ်စဉ်ရရှိနေတဲ့ ဒေါ်လာသန်း ရာချီကို လက်နက်တွေဝယ်ယူပြီး ပြည်သူကို ပြန်လည်အကြမ်းဖက်နေတာဖြစ်လို့ အမေရိကန်အနေနဲ့ ပိတ်ဆို့အရေးယူမှု လုပ်သင့်ကြောင်း တင်ပြခဲ့တာပါ။

အခု အရေးယူလိုက်ပြီဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက ကျန်နိုင်ငံတွေပါ အမေရိကန်လမ်းစဉ်လိုက်ပြီး MOGE ကို ဝိုင်းဝန်းပိတ်ဆို့ အရေးယူကြမယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနက အောက်တိုဘာ ၃၁ ရက်နေ့မှာ MOGE ကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု စလုပ်ခဲ့ ကြောင်း ကြေညာတာဖြစ်ပြီး အပြည့်အ၀ ပိတ်ဆို့တာမဟုတ်ပေမယ့် ဘယ်အမေရိကန်နိုင်ငံသား၊ အဖွဲ့အစည်းမှ MOGE အတွက် ငွေကြေးဝန်ဆောင်မှုမပေးဖို့ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်ကတည်းက စလို့ MOGE နဲ့ပတ်သက်တဲ့ အဓိကအရေးပါသူတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု စလုပ်ခဲ့ပြီး အခုမှ MOGE တစ်ခုလုံးနဲ့ပတ်သက်တဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း (ငွေချေးခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တခြား)တွေမှာ ဘယ်အမေရိကန်နိုင်ငံသားကမှ ပါဝင်ကူညီခြင်းမလုပ်ရ၊ ချိုးဖောက်ခဲ့ရင် နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံရမှု၊ ပြည်နှင်ဒဏ်ပေးမှု၊ အမေရိကန်ဘဏ်စနစ်ထဲက ထုတ်ပယ်မှု၊ အမေရိကန်တွေနဲ့ ကုန်သွယ်မှုနဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာသွားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကိုယ်တိုင်ကလည်း သီးခြားထုတ်ပြန်ချက်ထဲမှာ မိမိတို့ရဲ့ ပိတ်ဆို့အရေးယူမှုကို နိုင်ငံတိုင်းက နမူနာယူလိုက်ပါပြီး မြန်မာစစ်အာဏာရှင်ဆီ လက်နက်ခဲယမ်းတွေ၊ လေယာဉ် ဆီတွေ၊ ဝင်ငွေတွေမရောက်ဖို့ တာဝန်ယူကြစေချင်တယ်လို့ ထုတ်ပြန်သွားပါတယ်။

အမေရိကန်ရဲ့ အခုပိတ်ဆို့ အရေးယူမှုနဲ့တစ်ပြိုင်နက် ကနေဒါနဲ့ ဗြိတိန်ကလည်း စစ်ကောင်စီနဲ့ပတ်သက်တဲ့ ထပ်တိုးအရေးယူမှုတွေကို ထုတ်ပြန်ခဲ့ကြပါတယ်။

ဒီနှစ်နိုင်ငံကတော့ MOGE လို့ ခေါင်းစဉ်မတပ်ခဲ့ပေမယ့် ဗြိတိန်က လူ ၅ ယောက်နဲ့ အဖွဲ့ အစည်းတစ်ခုကို ပိတ်ဆို့အရေးယူကြောင်း၊ ကနေဒါက လူ ၃၉ ယောက်နဲ့ အဖွဲ့အစည်းသို့မဟုတ် ကုမ္ပဏီ ၂၂ ခုကို စစ်ကောင်စီအားပေးထောက်ခံမှုနဲ့ ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီထုတ်ပြန်မှုနဲ့ပတ်သက်လို့ ဝါရှင်တန်မှာရှိတဲ့ စစ်ကောင်စီမြန်မာသံရုံး၊ MOGE နဲ့ ဖေဖော်ဝါရီလက ရှယ်ယာ ခေါ်ရာမှာ MOGE ရှယ်ယာတွေကိုပါ ထည့်သွင်းထားတဲ့ အမေရိကန်ရဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး Chevron တို့က တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြသွားပါတယ်။

အမေရိကန်ဟာ ဒီအရေးယူမှုမတိုင်ခင်ဇွန်လက မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားဝင်ငွေအဓိက ချုပ်ကိုင်ရာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါ သေးတယ်။

Ref:Reuter
MKF-001

#MeKongNews

#MOGE

#စစ်ကောင်စီ

#အမေရိကန်

#ပိတ်ဆို့

#စွမ်းအင်

#ဝင်ငွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်က ကုန်စုံဆိုင်တွေကို အခွန်ဆောင်ဖို့ SSPP တပ်ဖွဲ့က အခွန်စာရွက်လာပေး

ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနှပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နိုပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now