ဆောင်းပါး

ကြားကာလပညာရေးအလှမ်းဝေးနေဆဲ… (သို့မဟုတ်) နွေဦးတော်လှန်ရေးနဲ့ကြားကာလ ပညာရေး

မဲခေါင် 29 Sep - 2023
“ကျွန်တော်တို့ စိတ်ခံစားချက်တစ်ခုနဲ့ ခလေးတွေရဲ့ပညာရေး မနှောင့်နှေးစေချင်ဘူး” ဟု ကျောင်းနေအရွယ်သားသမီး သုံးဦးရှိသူ အငှားယာဉ်မောင်း ကိုစိုးမောင်(အမည်လွှဲ) ကသူ၏ခံစားချက်ကို ရင်ဖွင့်ပြောဆိုသည်။

ဝေဟင်စိုး

“ကျွန်တော်တို့ စိတ်ခံစားချက်တစ်ခုနဲ့ ခလေးတွေရဲ့ပညာရေး မနှောင့်နှေးစေချင်ဘူး” ဟု ကျောင်းနေအရွယ်သားသမီး သုံးဦးရှိသူ အငှားယာဉ်မောင်း ကိုစိုးမောင်(အမည်လွှဲ) ကသူ၏ခံစားချက်ကို ရင်ဖွင့်ပြောဆိုသည်။

သူက နွေဦးတော်လှန်ရေးရဲ့ ကြားကာလပညာသင်ကြားမှုတွင် ခလေးငယ်များ၏ အနာဂတ်ပညာရေးအတွက်သူ၏ရှုမြင်ပုံကို ပြောလိုက်ခြင်းဖြစ်သည်။

သူကတစ်ဆက်တည်းဆိုသလို “ စကစ(စစ်ကောင်စီ) က ဖွင့်တဲ့ကျောင်းတွေမှာ မထားပြန်ရင်လည်း ခလေးတွေပညာရေးတစ်နှစ်ထက်တစ်နှစ်နောက်ကျကုန်မယ်။ ပိုက်ဆံရှိတဲ့သူတွေလို နိုင်ငံတကာကျောင်းတွေမှာ တက်ဖို့လည်း မချမ်းသာဘူး၊ ဒီတော့ ကျွန်တော့်ခလေးတွေ ပညာရေးအဆက်မပြတ်အောင် စကစ ကဖွင့်တဲ့ကျောင်းတွေပဲ ပို့ရတော့တာပေါ့” ဟုဆိုသည်။

လက်ရှိကြားကာလပညာရေးတွင် ကျောင်းနေအရွယ်ခလေးအချို့အနေဖြင့် ပညာသင်ကြားရေးနှင့်ပတ်သက်၍အကြပ်အတည်းများတွေ့နေရသည်ဟု နောက်ထပ်ကျောင်းသားမိဘတစ်ဦးက ညည်းညူပြောဆိုသည်။

“ စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေမှာလည်းမထားချင်ဘူး NUG(အမျိုးသားညီညွတ်ရေးအစိုးရ)ကဖွင့်တဲ့ကျောင်းတွေကိုလည်း လက်လှမ်းမမှီ လုံခြုံရေးအရလည်းစိတ်ပူရတယ်ဆိုတော့ ဒီသုံးနှစ်တာကာလမှာ ခလေးတွေရဲ့ပညာရေးအတွက် ဘယ်မှာထားရမလဲဆိုတာ အကြပ်ရိုက်လာတယ်” ဟုဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကျွန်ပညာရေးအလိုမရှိသည့် ကျောင်းသားမိဘများနှင့်ကျောင်းသားအများစုက စစ်ကောင်စီကျောင်းများတွင် ပညာသင်ကြားမှုအတွက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သည်မှာ ယနေ့အချိန်ထိပင် ရှိနေကြသေးသည်။

စစ်ကျွန်ပညာရေးကို လက်မခံဘဲ သပိတ်မှောက်ခဲ့သည့် ကျောင်းသားအရေအတွက်သည် တစ်နိုင်ငံလုံးကျောင်းသားဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး၊ စစ်ကောင်စီကန့်သတ်ထားသော ပညာရေးယန္တယားကိုကျောင်းဆရာ ဆရာမ များအပါအဝင် ကျောင်းသားမိဘနှင့် ကျောင်းသားထု အများစုသည် စာသင်ခန်းများကိုကျောခိုင်းစွန့်လွှတ်ခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်သည်။

“ပညာရေးကိုအကြိမ်ကြိမ်သင်းကွပ်မခံချင်တာကြောင့် ပညာရေးကို အား‌ပေးတဲ့အစိုးရ ၊ ပညာရေးစနစ်ကောင်းတွေကို ဖော်ဆောင်ပေးနိုင်တဲ့အစိုးရ ဖြစ်မလာမချင်း စာသင်ခန်းတွေကို စွန့်ခွာခဲ့ကြတာဖြစ်တယ်” ဟု CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ကျောင်းဆရာဖြစ်သူ ကိုဝင်းလှိုင်(အမည်လွှဲ) က ဆိုသည်။

တော်လှန်ရေးကြာလာသည်နှင့်အမျှ ခလေးငယ်များပညာသင်ကြားရေးနှင့်ပတ်သက်၍ စိုးရိမ်စိတ်များမြင့်တက်လာကာ စစ်ကောင်စီက ဖွင့်လှစ်ပေးသော စာသင်ကျောင်းများတွင် အများစုပြန်လည်အပ်နှံလာကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စာသင်ခန်းများအတွင်းပြန်လည်ဝင်ရောက်လာသည့် ကျောင်းသားအရေအတွက်သည် ခြောက်သန်းကျော်ထိ ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပြီး ယင်းကျောင်းသားအရေအတွက်သည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ထက် ရာခိုင်နှူန်းမြင့်တက်လာကြောင်း CDM ဆရာ ဆရာမ အသိုင်းအဝိုင်းက ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရအခြေခံပညာ ကျောင်းသားဦးရေသည် (၁၂ )သန်း ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က ၂၀၂၂ ခုနှစ်၊ မေလက အသိပေးထားသည်။

ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်ပေးခဲ့ပြီး၊ ယခုနှစ်ကျောင်းအပ်နှံမှုသည် ပြီးခဲ့သော ၂၀၂၂_၂၀၂၃ပညာသင်နှစ်ထက် ကျောင်းအပ်နှံသူဦးရေသည် ခုနစ်သိန်းကျော် လျော့ကျသွားကြောင်း အဖွဲ့ချုပ်၏ စစ်တမ်းများအရ သိရသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရဆိုလျှင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် အပ်နှံသူ ၇ ဒသမ ၂၃ သန်းကျော်ရှိခဲ့သော်လည်း အခု ၂၀၂၃-၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ခြောက်သန်းခွဲ နီးပါး (၆,၄၇၃,၃၅၀ ဦး)သာ ရှိနေသည်ဟု ဆိုသည်။

ယခုနှစ်အရေအတွက်သည် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် မေ (၂၃) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ အပ်နှံလာကြတဲ့ အရေအတွက် ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့၏ မေလ (၃၁) ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကျွန်မတို့ကလေးတွေက ဒီလိုမှမတက်ပြန်ရင်လည်း အဆင်မပြေတော့ဘူး သူ့အသက်နဲ့ သူတက်ရမယ့်အတန်းကိုက်ညီမှုအတွက် စစ်ကောင်စီကျောင်းတွေမှာပြန်တက်တာကို ဘာမှပြောစရာမလိုပေမယ့် စစ်ကျွန်ပညာရေးကိုအဆုံးထိသပိတ်မှောက်နေတဲ့ ကလေးငယ်တွေအတွက် မိဘတွေက ကျောင်းပြင်ပပညာရေးကို တစိုက်မတ်မတ်သင်ကြားနေစေချင်တယ်” ဟု ရန်ကုန်မြို့နေ အမည်မဖော်လိုသူ CDM ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

သို့သော် ရန်ကုန်၊မန္တလေးအပါအဝင် အခြားစစ်အုပ်ချုပ်ရေး ယန္တယား လက်လှမ်းမှီသောနေရာများတွင်ကျောင်းပြင်ပ ပညာရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကဖွင့်လှစ်သော အွန်လိုင်းစာသင်ကျောင်းများတွင် ပြောသလောက်လွယ်လွယ်ကူကူသင်ကြားနိုင်ရန် ခက်ခဲလွန်းလှသည်။

အွန်လိုင်းစာသင်ကျောင်းများတွင် တက်ရောက်သင်ကြားနေသော ကျောင်းသားများအနေဖြင့် လုံခြုံရေးအရဖမ်းဆီးခံရခြင်း ၊ လျှပ်စစ်မီးမမှန်ခြင်း ၊ အွန်လိုင်းဒေတာခကြီးမြင့်ခြင်းနှင့် ကျောင်းသားမိဘများကိုယ်တိုင်စာသင်ကြားသူခလေးငယ်၏ အနီးတွင် အစဉ်တစိုက်စောင့်ကြည့်ပေးနိုင်ခြင်းမရှိသည့် အခက်အခဲများကြောင့်စာသင်ကြားမှုအတွက် အလှမ်းဝေးလာခဲ့ကြသည်။

လက်ရှိတွင် စစ်ကောင်စီကို အဆုံးစွန်ထိ သပိတ်မှောက်ထားသော အခြေခံပညာအဆင့် ကျောင်းသားများအနေဖြင့်ကျောင်းပြန်တက်မည်ဆိုပါက အသက်နှင့်တက်ရမည့်အတန်းသည် သုံးနှစ်စာ ကွာဟသွားပြီဟု ကျောင်းသားမိဘတစ်ဦးကဆိုသည်။

“ကျွန်မသားက Grade 1 အောင်ပြီး အများနည်းတူ covid 19 ကြောင့် နားရတာတစ်နှစ်၊ စစ်အာဏာသိမ်းပြီးနောက် ဒီနေ့အချိန်ထိ CDM လှုပ်ရှားမှု မှာပါဝင်နေတာ သုံးနှစ်ရှိပြီ။ တော်လှန်ရေးအခြေအနေကလည်း ဘယ်အချိန် ဘယ်ကာလမှ ပြီးမယ်မသိတော့ တစ်ခါတလေ စစ်ကောင်စီ ဖွင့်တဲ့ကျောင်းမှာ ပြန်ထားဖို့တောင် စိတ်ကူးမိတယ်။ ဒါပေမယ့် ကလေးရဲ့ အသက်နဲ့ အရပ်က ကြီးလာတာကြောင့် ကျောင်းပြန်တက်ဖို့က ကလေးကိုယ်တိုင်စိတ်မပါတော့ဘူး။ ကျွန်မ နောက်ဆုံး စဉ်းစားထားတာက ကျောင်းပြင်ပ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပညာကို တစ်တွဲတည်းသင်ပေးဖို ဆုံးဖြတ်ထားတယ်။” ဟု CDM လှုပ်ရှားမှုတွင် ပါဝင်နေသော ကျောင်းသားမိဘတစ်ဦး က ပြောသည်။

လက်ရှိတွင်ကျောင်းပြင်ပ ပညာရေးများနှင့်ပက်သတ်၍( ပတ်သက် စာလုံးပေါင်းအမှန်) CDM ဆရာ ဆရာမ များအသိုင်းအဝိုင်းက အခမဲ့ ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိပြီး ပုန်းလျှိုးကွယ်လျှိုးနှင့် သင်ကြားပေးလျှက်ရှိပြီး တက်ရောက်လိုသည့် ကျောင်းသားများသည် စစ်ကောင်စီကျောင်းတွင်တက်ရောက်နေသောကျောင်းသားများမဖြစ်စေရန် အဓိကသတ်မှတ်ထားသည်။

ယင်းစာသင်ခန်းများတွင် သင်ကြားနေသောခလေးအများစုသည် မိသားစုဝမ်းရေးအတွက် နေ့တစ်ပိုင်းအလုပ်လုပ်ကိုင်လျှက်ရှိပြီး ကျန်တစ်ပိုင်းကို တိတ်တဆိတ်ပညာသင်ကြားလျှက်ရှိနေကြခြင်းဖြစ်သည်။

“သားတို့ကတော့ အခုသင်ပေးနေတဲ့ ဆရာ ဆရာမတွေနဲ့ပဲ စာဆက်သင်မယ် ကျန်တဲ့အချိန်ကို အဖေ့အလုပ်မှာဝိုင်းကူတယ် သားသူငယ်ချင်းတွေလည်းဒီအတိုင်းပဲ သားတို့က ဘယ်စာသင်ကျောင်းဖြစ်ဖြစ်စာသင်ချင်ပေမယ့် CDM လုပ်ထားပီဆိုတော့အခြေနေပေးသလောက်ပဲ သင်ရတာပေါ့” ဟု စစ်အုပ်ချုပ်ရေးယန္တယားအတွင်းရှိကျောင်းသားတစ်ဦးက ပြောသည်။

လက်ရှိတွင် NUG ကဖွင့်လှစ်သည့် ဖက်ဒရယ်ပညာရေး အွန်လိုင်းကျောင်းပေါင်း (၇၀ )နှင့် အုပ်ချုပ်ရေးအရလက်လှမ်းမှီသည့် မြေပြင်ကျောင်းများတွင် တက်ရောက်သင်ကြားသူ ကျောင်းသားဦးရေသည် တစ်သန်းခန့်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားထားသည်။

တစ်ဖက် စစ်ကောင်စီဖွင့်လှစ်သည့်ကျောင်းများတွင်လည်း သင်ကြားရေးဆရာ ဆရာမ မလုံလောက်သည့်ပြဿနာကြောင့် မူလတန်းအဆင့်ကဲ့သို့သော် စာသင်ခန်းများတွင် နှစ်ခန်းလျှင် ဆရာတစ်ဦးနှုန်းဖြင့် သင်ကြားနေရခြင်း သင်ကြားရေးကျွမ်းကျင် ဆရာ ဆရာမများ မရှိခြင်းကြောင့် သင်ကြားရေးပိုင်းတွင် အလွန်အားနည်းနေသည်ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိသည့် အခြေခံ ပညာကျောင်းရှိ ဆရာတစ်ဦးက ရင်ဖွင့်သည်။

လက်ရှိနိုင်ငံရေးအခြေနေကြောင့် ကျောင်းနေအရွယ်ခလေးငယ်များအနေဖြင့် ဟိုမရောက်ဒီမရောက် ဘဝများဖြင့်အချိန်တစ်ဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီး နိုင်ငံရေး၏သားကောင်များဖြစ်နေရရှာသည်။

ယင်းခလေးငယ်တွေ၏ အနာဂတ်ပညာရေးအိပ်မက်သည် ယခုသုံးနှစ်ပြည့်သည့်အထိ မရေမရာဖြစ်နေကာ ယင်းခလေးငယ်များ၏ အနာဂတ်ပညာရေးလမ်းကြောင်း ဖြောင့်ဖြူးလာနိုင်ရေးအတွက် စိုးရိမ်ဖွယ်မေးခွန်းတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။

“ကျွန်တော့်ခလေးတွေမှမဟုတ်ဘူး အခြားခလေးတွေလည်း ဘယ်ကျောင်းမှာပဲသင်သင် ပညာသင်ကြားနေဖို့ပဲလိုတယ် ဒါဟာ စစ်ကောင်စီလက်ထက် ပညာသင်ကြားမှုအခက်ခဲတွေကြားက ရအောင်သင်ယူသွားတဲ့ ခလေးတစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးဖြစ်တယ်” ဟု အငှားယာဉ်မောင်း ကိုစိုးမောင်(အမည်လွှဲ) က သူ့ရှုမြင်ပုံကိုထပ်လောင်းပြောကြားလိုက်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now