ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

မဲခေါင် 13 Oct - 2026
~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက တရုတ်နိုင်ငံ၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့ပါ။ အချိန်က ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ မနက်စောစောအရုဏ်မတက်ခင်။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ အသက်(၇၁)နှစ်အရွယ်ရှိ အကျဉ်းသားရဲ့ ရှည်လျားတဲ့ ဆံပင်ဖြူတွေဟာ သူပခုံးထိအောင် ရောက်နေတယ်။ သူ့တကိုယ်လုံးလည်း ကုတင်ပေါ်မှာ အကြာကြီးနေရတဲ့ဒဏ်နဲ့ အနာတွေပေါက်နေတယ်။ နှစ်ကာလရှည်ကြာ နှိပ်စက်ညှဉ်းပမ်းခံထားရလို့ သွားတွေလည်း မရှိတော့ဘူး။ သူ့မှာ စကားပြောနိုင်စွမ်း မရှိတော့သလို ကုသမခံရဘဲ ပစ်ထားခံရတဲ့ ဆီးချိုနဲ့ အဆုပ်ရောင်ရောဂါက

~ CWM ~

(၁)

၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။

ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက တရုတ်နိုင်ငံ၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့ပါ။ အချိန်က ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ မနက်စောစောအရုဏ်မတက်ခင်။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ အသက်(၇၁)နှစ်အရွယ်ရှိ အကျဉ်းသားရဲ့ ရှည်လျားတဲ့ ဆံပင်ဖြူတွေဟာ သူပခုံးထိအောင် ရောက်နေတယ်။ သူ့တကိုယ်လုံးလည်း ကုတင်ပေါ်မှာ အကြာကြီးနေရတဲ့ဒဏ်နဲ့ အနာတွေပေါက်နေတယ်။ နှစ်ကာလရှည်ကြာ နှိပ်စက်ညှဉ်းပမ်းခံထားရလို့ သွားတွေလည်း မရှိတော့ဘူး။ သူ့မှာ စကားပြောနိုင်စွမ်း မရှိတော့သလို ကုသမခံရဘဲ ပစ်ထားခံရတဲ့ ဆီးချိုနဲ့ အဆုပ်ရောင်ရောဂါက သူ့အဆုပ်တွေကို ဖျက်ဆီးပစ်လိုက်ပြီ။ သူ့လက်တွေမှာလည်း နှာခေါင်းက အစာကျွေးဖို့ အဓမ္မကြိုးစားလို့ ရထားတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့။ နောက်ဆုံးထွက်သက်ကို သူ ရှူလိုက်ချိန်မှာ သူ့အနီးအနားမှာ လက်နက်ကိုင်အစောင့်တဦးရယ်၊ သူ့ရဲ့နောက်ဆုံးခရီးအတွက် လိုအပ်တာလုပ်ပေးမယ့် ဆေးဝန်ထမ်းတဦးရယ်လွဲပြီး မိသားစုဝင် ဘယ်သူတဦးမှ ရှိမနေဘူး။

သစ်သားခေါက်ကုတင်ပေါ်က အလောင်းဟာ “လျူရှောက်ချီ” ဖြစ်တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဥက္ကဌ နဲ့ စစ်ဦးချုပ်ဖြစ်သလို မော်စီတုန်းက သူ့ကိုဆက်ခံသူအဖြစ် အသေအချာရွေးချယ်ထားတဲ့သူလည်း ဖြစ်တယ်။

(၂)

ဆယ်စုနှစ် နှစ်ခုကျော် ကြာတဲ့အထိ “လျူ” ဟာ တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံရဲ့ ဗိသုကာတဦးဖြစ်ခဲ့တယ်။ ယုံကြည်ချက်ခိုင်မာတဲ့ မာ့စ် ဝါဒီ တဦးဖြစ်သလို ဟူနန်ပြည်နယ် အလုပ်သမားအစည်းအရုံးခေါင်းဆောင်ဟောင်းလည်း ဖြစ်တယ်။ သူက ပါတီလက်စွဲစာအုပ် ” ကွန်မြူကောင်းတဦးဖြစ်အောင် ကျင့်ကြံနေထိုင်နည်း” ဆိုတဲ့ စာအုပ်ကို ရေးသားပြုစုခဲ့သူဖြစ်သလို ပါတီခေါင်းဆောင်ပိုင်းမှာ မော်စီတုန်းပြီးရင် ဒုတိယအကြီးဆုံးပါ။ ၁၉၅၉ ခုနှစ်မှာ မော်စီတုန်းရဲ့ ” မဟာခုန်ပျံကျော်လွှား” (Great Leap Forward) စီမံချက်ကြောင့် သန်းနဲ့ချီတဲ့ တရုတ်ပြည်သူတွေ အငတ်ဘေးကျရောက်တဲ့အခါ မော်စီတုန်းဟာ တရုတ်နိုင်ငံရဲ့ နေ့စဉ်စီမံအုပ်ချုပ်ရေးကနေ နောက်ဆုတ်ပြီး လျူကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဥက္ကဌအဖြစ် တင်မြှောက်လိုက်တယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲရာထူးလည်း ဖြစ်တယ်။ လျူ ဟာ လက်တွေ့ကျတဲ့ မဟာမိတ်တဦးဖြစ်သူ တိန်ရှောက်ဖိန်နဲ့အတူ အစွန်းရောက် ဘုံလယ်ယာမြေစနစ်ကနေ နောက်ဆုတ်လိုက်ပြီး လယ်သမားတွေကို ပုဂ္ဂလိက မြေပိုင်ဆိုင်ခွင့်ပေးကာ စီးပွားရေးတည်ငြိမ်ဖို့ ကြိုးပမ်းခဲ့တယ်။

ဒါပေမယ့် ၁၉၆၂ခုနှစ် သမိုင်းဝင် ကေဒါ ခုနစ်ထောင် ညီလာခံ (Seven Thousands Cadres Conference) မှာ လျူဟာ နိုင်ငံရေးအယူအဆမှားတခုကို ပြုလုပ်မိတယ်။ သူက မဟာခုန်ပျံကျော်လွှား စီမံချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အငတ်ဘေးဆိုက်ရောက်မှုဟာ ” သဘာဝဘေးဆိုး (၃)ရပ်၊ လူလုပ် ဘေးဆိုး (၇)ရပ်ကြောင့် ဖြစ်ခဲ့ရတာလို့ အတိအလင်း ကြေညာတယ်။ မော်စီတုန်းအတွက်တော့ လျူရဲ့ လက်တွေ့ဆန်တဲ့ အမှန်တရားဟာ သည်းမခံနိုင်ဖွယ်ရာ အယူအဆရေးရာ စိန်ခေါ်မှုဖြစ်ခဲ့တယ်။ တဆက်တည်းမှာ လျူဟာ ” တရုတ်ပြည်ရဲ့ ခရူးရှက်ဗ်” ဖြစ်လာမှာကို အစိုးရိမ်ကြီး စိုးရိမ်ခဲ့တယ်။

မော်စီတုန်းရဲ့ လက်စားချေမှုဟာ ၁၉၆၆ ခုနှစ်၊ နွေရာသီ ယဉ်ကျေးမှုတော်လှန်ရေး ပေါက်ကွဲချိန်နဲ့ အတူ ရောက်ရှိလာတယ်။ သန်းပေါင်းများစွာသော အစွန်းရောက် တပ်နီလူငယ်တွေနဲ့အတူ မော်က ” ဌာနချုပ်ကို ဗုံးကြဲကြ” Bombard the Headquarters ပိုစတာကို ထုတ်ဝေလိုက်တယ်။ နိုင်ငံတော် ဗျူရိုကရေစီကို တိုက်ဖျက်ချိန်ကျရောက်ပြီလို့ ဆော်ဩလိုက်တယ်။ တရက်အတွင်းမှာပဲ လျူ ကို ” တရုတ်နိုင်ငံရဲ့ ခရူးရှက်ဗ်” နဲ့ ” အာဏာပိုင်အတွင်းက နံပါတ်(၁) အရင်းရှင်လမ်းကြောင်း လျှောက်လှမ်းသူ”လို့ တံဆိပ်ကပ်လိုက်ကြတယ်။ တပ်နီလူငယ်တွေဟာ တရုတ်ခေါင်းဆောင်တွေနေထိုင်တဲ့ ကျောင်နန်ဟိုင် ဥယျာဉ်ခြံဝင်းထဲက လျူရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြတယ်။ ၁၉၆၇ ခုနှစ်၊ ဩဂုတ်လမှာ လျူရှောက်ချီ နဲ့ သူ့ဇနီး ဝမ်ကောင်းမေ တို့ကို တပ်နီတွေက လူစုလူဝေးနဲ့ ဗဟိုခြံဝင်းထဲကို ဆွဲထုတ်လာပြီး လူအများရှေ့မှောက်မှာ နှိပ်စက်ညှဉ်းပမ်းခဲ့ကြတယ်။ လေယာဉ်ပျံပုံစံ ခြေလက်တွေကို တုပ်နှောင်ပြီး ပေါင်ခြံကို ကန်ကျောက်ထိုးနှက်ခဲ့ကြတယ်။ လျူရဲ့ မျက်မှန်တွေ ကြေမွသွားတဲ့အထိ ထိုးကြိတ်ခံခဲ့ရတယ်။

လျူဟာ သူ့အိတ်ထဲက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဆွဲထုတ်လိုက်ပြီး လူထုရှေ့မှောက်မှာ ” မင်းတို့ ငါ့ကို ရုံးထဲကဆွဲထုတ်လာပေမယ့် ငါဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဥက္ကဌ ဖြစ်တယ်။ ငါက နိုင်ငံသားမဟုတ်ဘူးလား။ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားတယောက်ကို အကာကွယ်မပေးတော့ဘူးလား” လို့ အော်ဟစ်ပြောဆိုတယ်။ တပ်နီလူငယ်တွေဟာ လျူ လက်ထဲက စာအုပ်ကို ဆွဲယူ ဆုတ်ဖြဲပြီး သူ့ကို မြေကြီးပေါ် မှောက်ရက်လဲအောင် ထိုးကြိတ်ကြတယ်။

လူအများရှေ့မှာ ရက်ရက်စက်စက် အရှက်တကွဲ ထိုးကြိတ်ခံရပြီးတဲ့နောက်မှာတော့ လျူဟာ သော့ခတ်ထားတဲ့ အခန်းတခါးနောက်မှာ ရုပ်ပိုင်းဆိုင်ရာ ထပ်မံချေမှုန်းခံရပြန်တယ်။ ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ်ဖြတ်တောက်ထားလိုက်ပြီး ကျောက်နန်ဟိုင် ဥယျာဉ်ဝင်းထဲက သီးခြားနေအိမ်မှာ အကျဉ်းချခံခဲ့ရတယ်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့အတူ ချန်ကျင်း နဲ့ ကန်ရှန်းတို့က သူ့ကို လုပ်ကြံထားတဲ့ သက်သေအထောက်အအထားတွေကို စုဆောင်းတင်ပြခဲ့ကြတယ်။ ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလမှာ ပါတီဗဟိုကော်မတီက လျူကို ” ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်၊ လောက်ကောင်” လို့ တံဆိပ်ကပ်ပြီး ပါတီကနေ ထာဝရ ထုတ်ပယ်ပစ်လိုက်တယ်။ သူ့အပေါ် ဆေးကုသပေးမှုအားလုံးကိုလည်း ရုပ်သိမ်းလိုက်တယ်။ ပိုမိုဆိုးရွားလာတဲ့ ဆီးချို၊ အဆုပ်ရောင် နဲ့ တီဘီရောဂါတွေကြောင့် အထူးကုဆရာဝန်တွေလည်း နောက်ဆုတ်သွားပြီး အဲဒီအစား သူအသက်ရှင်နေတာကို စောင့်ကြည့်နေဖို့ လူစောင့်တချို့ကိုသာ ထားရှိတော့တယ်။

ကိုယ့်ရဲ့ သေးတွေ၊ချေးတွေနဲ့ လုံးထွေးပြီး လဲလျောင်းနေရတဲ့ လျူရဲ့ ခြေလက်အင်္ဂါတွေဟာ မလှုပ်ရှားနိုင်တော့ဘဲ တခါက အာဏာအရှိဆုံး နိုင်ငံခေါင်းဆောင်ဟာ နောက်ဆုံးမှာ ကိုယ်တပိုင်းသေ ဒုက္ခိတဘဝကို ရောက်ရှိသွားခဲ့တယ်။

(၃)

လျူရဲ့ နောက်ဆုံး ပြည်နှင်ဒဏ်ဟာ ပထဝီနိုင်ငံရေး အလန့်တကြားဖြစ်မှုနဲ့အတူ ဖြစ်ပေါ်ခဲ့တယ်။ ၁၉၆၉ ခုနှစ်၊ အောက်တိုဘာမှာ ဆိုဗီယက်ပြည်ထောင်စု နဲ့ တရုတ်တို့ နယ်စပ်ပဋိပက္ခဖြစ်ပွားရာက နျူးကလီးယားစစ်ပွဲဖြစ်လာနိုင်တဲ့အထိ စိုးရိမ်မကင်းဖြစ်လာတဲ့အတွက် ဘေဂျင်းအာဏာပိုင်တွေဟာ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အရေးကြီးအကျဉ်းသားတွေကို အရေးပေါ် ရွှေ့ပြောင်းဖို့ စီစဉ်ခဲ့ကြတယ်။ ညစ်ပတ်တဲ့စောင်နဲ့ ခန္ဓာကိုယ်ကို ထုပ်ပိုးပြီး ခြေဗလာနဲ့ တဝက်သေ တဝက်ရှင် သမ္မတဟောင်းကို စစ်ဘက်ကုန်တင်လေယာဉ်တစီးရဲ့ ကြမ်းပြင်ပေါ် ကုန်ပစ္စည်းတခု ပစ်ထည့်လိုက်ကြပြီး တောင်ပိုင်း ကိုင်ဖန်းကို သယ်ဆောင်သွားခဲ့ကြတယ်။ သူ့ကို သီးသန့်အခန်းတခန်းမှာ ထည့်သွင်းလိုက်ပြီး တင်းကြပ်တဲ့ စစ်ဥပဒေအရ အခြေခံဆေးဝါး နဲ့ အပူပေးစနစ်တောင် မရရှိဘဲ နေခဲ့ရတယ်။ ဟေနန်ကို ရောက်ပြီး တလမပြည့်ခင်မှာပဲ သူ့ရဲ့နှလုံးတွေ အခုန်ရပ်သွားတယ်။

တရုတ်အစိုးရဟာ အမှောင်ထုကို အကာကွယ်ယူပြီး သူ့ရဲ့နောက်ဆုံးခရီးကို လက်စဖျောက်ခဲ့ကြတယ်။ နိုဝင်ဘာလ(၁၄)ရက် မနက်အစောပိုင်းမှာ အစောင့်စစ်သားတွေဟာ လျူရဲ့ အသက်မဲ့ခန္ဓာကို အမိုးဖွင့် စစ်ဂျစ်ကားတစီးရဲ့ နောက်ဘက်ကို ပစ်ထည့်လိုက်ကြတယ်။ ပိတ်ဖြူဖုံးထားတဲ့ အလောင်းဟာ ကိုင်ဖန်းမြူနီစပယ် မီးသင်္ဂြိုလ်စက်ကို ရောက်ရှိလာတယ်။ သင်္ဂြိုင်းဝန်ထမ်းတွေကို အလောင်းကို စစ်ဆေးခြင်းမပြုဘဲ ချက်ချင်းမီးရှို့ဖို့ အမိန့်ပေးထားတဲ့အတွက် ချက်ချင်းပဲ မီးရှို့လိုက်ကြတယ်။ တရားဝင် သေဆုံးကြောင်းလက်မှတ် နဲ့ မီးသင်္ဂြိုလ်မှတ်တမ်းမှာတော့ အာဏာပိုင်တွေက လျူ ရဲ့ ငယ်နာမည် ” လျူ ဝေဟောင်း” ၊ အသက်(၇၁)နှစ် လို့ ဖော်ပြထားပြီး အလုပ်အကိုင်နေရာမှာတော့ ” အလုပ်အကိုင်မရှိ”လို့ ဖော်ပြခဲ့ကြတယ်။ လျူ ရဲ့ အရိုးပြာတွေကို အပေါစား မထင်မရှား သစ်သားပြာအိုးထဲထည့်ပြီး စင်နောက်ဘက် ချောင်ထဲမှာ ထိုးထည့်ထားလိုက်တယ်။

နှစ်ပေါင်းများစွာ ကြာတဲ့အထိ တရုတ်ပြည်သူလူထုနဲ့ လျူရဲ့ သားသမီးတွေဟာ လျူရဲ့ ကံကြမ္မာကို မသိရှိခဲ့ကြဘူး။ သမ္မတ တိန့်ရှောက်ဖိန်လက်ထက် ၁၉၈၀၊ ဖေဖော်ဝါရီလ ရောက်မှ ကွယ်လွန်သူ လျူရှောက်ချီ ကို တရုတ်ပြည်သူ့ခန်းမဆောင်မှာ နိုင်ငံရဲ့ မဟာအာဇာနည်အဖြစ် ပြန်လည်အသိအမှတ်ပြု ဖော်ပြခဲ့တယ်။ ဝါဒမှိုင်းတခုဟာ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်တဦးကိုတောင် မထင်မရှားပြည်နယ်သုဿန်တခုရဲ့ မီးသင်္ဂြိုလ်စက်မှာ မထင်မရှားအမည်တခုနဲ့ ပြီးဆုံးအောင် ဝါးမြိုသွားခဲ့တယ်..။

ref: History After Dark.

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now