မြန်မာ့နွေဦး

စစ်ကောင်စီထံက သိမ်းဆည်းရမိတဲ့ ၁၂၀ မမ အမြောက် တိုက်ပွဲမှာ ပြန်လည် အသုံးပြုမှု ထိ‌ရောက်မှုရှိတယ် လို့ဆို

မဲခေါင် 31 Aug - 2023
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ် တိုက်ပွဲတွေ အတွင်း စစ်ကောင်စီထံကနေ သိမ်းဆည်းရမိတဲ့ ၁၂၀ မမ အမြောက်တွေကို တိုက်ပွဲတွေမှာ တော်လှန်ရေး အင်အားစုတွေက ပြန်လည် အသုံးပြုရာမှာ ထိရောက်မှု ရှိတယ်လို့ ကရင်နီ တပ်မတော်-KA နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၃၁

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ် တိုက်ပွဲတွေ အတွင်း စစ်ကောင်စီထံကနေ သိမ်းဆည်းရမိတဲ့ ၁၂၀ မမ အမြောက်တွေကို တိုက်ပွဲတွေမှာ တော်လှန်ရေး အင်အားစုတွေက ပြန်လည် အသုံးပြုရာမှာ ထိရောက်မှု ရှိတယ်လို့ ကရင်နီ တပ်မတော်-KA နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကနေ ၂၁ ရက်အထိ မယ်စဲ့မြို့နယ်မှာ တစ်ပတ်ကျော်ကြာ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်း ၁၂၀ မမ လက်နက်ကြီး ၇ လက်နဲ့ ကျည်အမြောက်အများ သိမ်းဆည်းထားတဲ့ လက်နက်ဂိုထောင်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သိမ်းဆည်းရမိတဲ့ လက်နက်ကြီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်လလယ်ကစပြီး တိုက်ပွဲတွေမှာ ပြန်လည် အသုံးပြုနေရာ စစ်ရေးအရ များစွာ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။

“ဒီ၁၂၀ မမ က အကွာအ‌ဝေး ၁၀ မိုင် ၀န်းကျင်လောက်ထိကို သွားတယ်။ ပေါက်ကွဲအားလည်း ကောင်းတော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးရင် တော်တော်လေးကို တန်ပြန် တိုက်ခိုက်နိုင်တယ် ပြောရမယ်။ တော်တော်လည်း စစ်သားတွေ အထိနာတယ်” လို့ KA နဲ့ နီးစပ်သူက ရှင်းပြပါတယ်။

ဒီလို ပစ်ခတ်တိုက်ခိုက်ရာမှာ ဒရုန်းတွေနဲ့ ကြည့်ပြီး ပစ်ခတ်တာကြောင့် စစ်ကောင်စီ စစ်ကြောင်းတွေပေါ် တည့်တည့်ကျပြီး စစ်ကြောင်း ဖရိုဖရဲဖြစ်တဲ့အထိ ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

၁၂၀ မမ တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ရရှိလိုက်မှုကြောင့် အကွာအ‌ဝေး အတိုင်းအတာ တစ်ခုအထိ သက်‌ရောက်မှုဟာ စစ်ရေးအတွက် အပြောင်းအလဲ ဖြစ်စေပြီး စစ်ကောင်စီ စစ်ကြောင်းတွေကို ခြိမ်းခြောက်နိုင်တယ် စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“တော်တော်လေးကို ခြိမ်းခြောက်နိုင်တယ်။ အရင်က ကျွန်တော်တို့လည်း ဒီလိုမျိုး ကြုံရတာလေ။ အခုတော့ ကိုယ့်ဘက်ကလည်း တာ‌ဝေးလက်နက်ကြီးတွေ ရလိုက်တာက စစ်ရေးအရ အများကြီးကို အပြောင်းအလဲ ဖြစ်စေပါတယ်” လို့ သူကရှင်းပြပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်နယ် နေရာ အများစုမှာ တိုက်ပွဲတွေ ငြိမ်နေပေမဲ့ စစ်ကောင်စီဘက်က အင်အား ဖြည့်ပြီး စစ်ကြောင်း အမြောက်အများနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တယ်လို့ သူက သုံးသပ်ပြောပါတယ်။

MK-007

#MeKongNews

#မယ်စဲ့မြို့နယ်

#၁၂၀_မမ

#ဒရုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now