မြန်မာ့နွေဦး

စစ်ကောင်စီဝင်တွေ နတ် အပါအ၀င် ဓာတ်ရိုက်ဓာတ်ဆင် ယတြာမျိုးစုံ သုံးပြီ

မဲခေါင် 29 Aug - 2023
စစ်ကောင်စီတပ် ထိပ်တန်း ခေါင်းဆောင်တွေသာမက လက်အောက်ခံ ဝန်ထမ်း အများစုဟာ နတ်အပါအ၀င် ဓာတ်ရိုက်ဓာတ်ဆင်၊ ဗေဒင်ယတြာတွေ မျိုးစုံ အသုံးပြုပြီး အသက်အန္တာရာယ်ကင်းဖို့ ကြိုးစားလာတယ်လို့ စစ်ကောင်စီဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မန္တလေး၊ ဩဂုတ် ၂၉

စစ်ကောင်စီတပ် ထိပ်တန်း ခေါင်းဆောင်တွေသာမက လက်အောက်ခံ ဝန်ထမ်း အများစုဟာ နတ်အပါအ၀င် ဓာတ်ရိုက်ဓာတ်ဆင်၊ ဗေဒင်ယတြာတွေ မျိုးစုံ အသုံးပြုပြီး အသက်အန္တာရာယ်ကင်းဖို့ ကြိုးစားလာတယ်လို့ စစ်ကောင်စီဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး စတဲ့ တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွေမှာ တာဝန်ကျနေတဲ့ စစ်တပ် ထိပ်တန်း ခေါင်းဆောင်တွေ သာမက ရဲနဲ့ စစ်သား အပါအဝင် အရပ်ဘက် ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပါ အခုလို လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အန္တရာယ်ကင်းတဲ့ နေရာရောက်ဖို့ ဓာတ်ပုံတွေ ပြောင်းချိတ်လိုချိတ်၊ မပြောင်းရမှာ စိုးလို့ တစ်အိမ်လုံး ပြောင်းဖူး မစားတော့တာတို့ အများကြီးပဲ။ ဗေဒင်ဆရာက ခိုင်းရင် လုပ်လိုက်၊ နတ်က ခိုင်းရင် လုပ်လိုက်နဲ့ သူတို့ခမျာ တစ်ရက်မှ မနားရဘူးလို့ မန္တလေးမြို့က စစ်ကောင်စီဝင် အရာရှိတွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိ တိုင်းရင်းသား ဒေသတွေနဲ့ စစ်ကိုင်း၊ မကွေးတိုင်း တို့လို တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာ စစ်ကောင်စီ အရာရှိတွေ သေဆုံး ထိခိုက်မှု များပြားလာတာကြောင့် အဲ့ဒီ ဒေသတွေမှာ တာဝန်ကျနေသူတွေရဲ့ မိသားစုတွေက စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြတဲ့အတွက် အခုလို အန္တရာယ်ကင်းဖို့ နည်းလမ်းပေါင်းစုံ သုံးစွဲလာတာလို့ စစ်ကောင်စီ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

လက်ရှိ ကျင်းပနေတဲ့ မတ္တရာမြို့နယ်က တောင်ပြုန်းနတ်ပွဲမှာလည်း နေ့စဥ် စစ်ကောင်စီရဲ့ အရေးကြီး ပုဂ္ဂိုလ် ခရီးစဥ်တွေ ရှိနေတာကြောင့် စစ်တပ်နဲ့ ပျူစောထီး ရာနဲ့ချီပြီး လုံခြုံရေး ယူပေးနေရတယ်လို့ တောင်ပြုန်းနယ်က စစ်ကောင်စီတပ်တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အလားတူ မန္တလေးမြို့နဲ့ အနီးတ၀ိုက်က နာမည်ကြီး ဗေဒင်ဆရာတွေနဲ့ ကျောက်ဆည်မြို့နယ်က ရွှေသိမ်တော် ဘုရားမှာလည်း စစ်ကောင်စီဝင်တွေရဲ့ မိသားစုတွေနဲ့ နေ့စဥ် စည်ကားနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခေတ်အဆက်ဆက် စစ်ကောင်စီ အရာရှိတွေဟာ ဗေဒင် ယတြာတွေကို ယုံကြည် အားကိုးလေ့ရှိပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်တဲ့ ဘုရားဟာလည်း ၉ ဂဏန်းကို အခြေပြုထားတယ်လို့ လေ့လာစမ်းစစ်သူတွေက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေ ယတြာချေထားတဲ့ မတင့်တယ်တဲ့ ရုပ်ပွားတော်ပုံများစွာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့သလို့ လက်ရှိ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြ၀တီမြို့အနီးရှိ လက်ခတ်တောင်ပေါ်မှာလည်း ယတြာချေထားတယ်လို့ ယူဆရတဲ့ ထူးဆန်းတဲ့ ရုပ်ထုများ တွေ့ရှိခဲ့တယ်လို့ ကော်ပရာစစ်ကြောင်း တာ၀န်ရှိသူတွေက ပြောဆိုထားပါတယ်။

CJ-009

#MeKongNews

#ရွှေသိမ်တော်ဘုရား

#မန္တလေးမြို့

#ဗေဒင်ယတြာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now