မြန်မာ့နွေဦး

နန့်ယားရွာခံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွား

မဲခေါင် 25 Aug - 2023
ဖားကန့် - မြစ်ကြီးနားလမ်းရှိ နန့်ယားရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ ခမရ - ၁၂ အဖွဲ့က မနေ့ ဩဂုတ် ၂၄ ရက်ညပိုင်းက စစ်ရှောင် ပြည်သူအချို့နဲ့ အဲဒီမှာ ပိတ်မိနေတဲ့ ခရီးသွားပြည်သူ စုစုပေါင်း အယောက် ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၅

ဖားကန့် – မြစ်ကြီးနားလမ်းရှိ နန့်ယားရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ ခမရ – ၁၂ အဖွဲ့က မနေ့ ဩဂုတ် ၂၄ ရက်ညပိုင်းက စစ်ရှောင် ပြည်သူအချို့နဲ့ အဲဒီမှာ ပိတ်မိနေတဲ့ ခရီးသွားပြည်သူ စုစုပေါင်း အယောက် ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

အဲ့ဒီလိုဖမ်းခေါ်သွားတဲ့အထဲမှာ နန့်ယားဘုရားကျောင်းဝင်းထဲ တိုက်ပွဲရှောင်လာတဲ့ ဒေသခံပြည်သူ အမျိုးသား ၇၀ ခန့် ပါဝင်တဲ့အပြင် လမ်းမှာပိတ်မိပြီး သောင်တင်နေတဲ့ ခရီးသွားပြည်သူတွေနဲ့ သာသနာ့ ဝန်ထမ်း ၂ ဦးကိုလည်း စစ်ကောင်စီတပ်တွေက ခေါ်ဆောင်တဲ့အထဲ ပါသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ စစ်ကြောင်းမှာ လူသားဒိုင်း အဖြစ်သုံးတာပါ” လို့ အဲ့ဒီဒေသခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး ကပ်မှော်ရွာနဲ့ ဆိုင်းဖရာရွာတွေကနေ နန့်ယားရွာက ဘုရားကျောင်းဝင်းထဲ စစ်ဘေးရှောင်နေချိန် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရတာပါ။

“ညက ဖုန်းလည်း ပြောလို့ မရဘူး။ တည်းခိုခန်းမှာလည်း မအိမ်နိုင်တော့။ ထွက်ပြေးရတယ်။ နန့်ယား အပြင်ဘက် သွားအိပ်ရတာ တညလုံး ခြင်စာ ဖြစ်သွားတယ်။ ကားသမားတွေ တချို့လည်း ထွက်ပြေးရတယ်။ ပြီးမှ ကားပေါ် ပြန်လာရတာ” လို့ အမျိုးသား ခရီးသည် ၁ ဦးက ပြောပါတယ်။

ဒီမနက် ၄ နာရီခန့်မှာ စစ်ကောင်စီရဲ့စစ်ကြောင်း ထွက်ခွာသွားပြီး နန့်ယားကျော်သွားပြီ ဖြစ်တာကြောင့် အဲဒီမှာ ပိတ်မိသောင်တင်နေတဲ့ ခရီးသွား ပြည်သူတွေကို လမ်းဖွင့်ပေးပြီး သွားလာခိုင်းထားတယ်လို့ ပြန်ပိတ်ထားမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း စစ်ကောင်စီတပ်မ ၃၃ ဟာ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာရှိတဲ့ နန့်ယားရွာမှာ စစ်ရှောင်နေသူတွေထဲက အရွယ်ကောင်းအယောက် ၁၀၀ ကို ရွေးထုတ်ပြီး အထမ်းသမားအဖြစ် ခေါ်ဆောင်သွားတယ်လို့ သူရဲ့လူမှုကွန်ယက်အကောင့်မှာ ဒီမနက်ရေးထားပါတယ်။

ပြီးခဲတဲ့ မေလကလည်း ဖားကန့် – တနိုင်း စစ်ကောင်စီ စစ်ကြောင်းဟာ နန့်ယားနဲ့ ခါ့တောင်း ရွာတွေက ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်း အဖြစ် ခေါ်ဆောင်သွားခဲ့ဖူးပါတယ်။

CJ-008

#MeKongNews

#စစ်ကောင်စီ

#မြစ်ကြီးနား

#ဖားကန့်

#နန့်ယားရွာ

#KIA

#စစ်ရှောင်ပြည်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now