မဲခေါင်၊ သြဂုတ် ၂၄
ရုရှားပိုင်းလော့တစ်ယောက်ဟာ ယခုတစ်ပတ်အတွင်းက လျှို့ဝှက်စွာ ကြိုတင်ပြင်ဆင်ပြီး ယူကရိန်းဘက် Mi-8 ရဟတ်ယာဉ်ပါ မောင်းပြီး ဘက်ပြောင်းခိုလှုံသွားခဲ့တယ်လို့ Ukrainska Pravda သတင်းက ဖော်ပြပါတယ်။
ယူကရိန်းထောက်လှမ်းရေး ပင်မညွှန်ကြားမှုဦးစီးဌာနနဲ့ ဒီပိုင်းလော့ဟာ လွန်ခဲ့တဲ့ ၆ လကတည်းက ဆက်သွယ်ပြီး လျှို့ဝှက်စွာနဲ့ဘက်ပြောင်းခိုလှုံဖို့ သဘောတူခဲ့ကြောင်း၊ မိသားစုဝင်တွေကလည်း ရုရှားနိုင်ငံတွင်းကနေ လွတ်မြောက်ထွက်ခွာနိုင်ပြီဖြစ်လို့ Sukhoi Su-27 ဖိုက်တာဂျက်လေယာဉ် အပိုပစ္စည်းတွေတင်ဆောင်လာချိန် ယူကရိန်းစစ်တပ် ထိန်းချုပ်ရာ ပိုလ်တာဗာလေတပ်အခြေစိုက် စခန်းကို ဆင်းသက်ခိုလှုံခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို ယူကရိန်းထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရေးယူဆော့ဗ်က အတည်ပြုခဲ့ပြီး နိုင်ငံပိုင် ရုပ်သံကနေ ဖြစ်စဉ်တွေကိုတင်ပြဖို့ ဆက်လက်စီစဉ်နေကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။
ရုရှားထောက်ခံ တယ်လီဂရမ်ချန်နယ် Fighterbomber ကတော့ သူတို့ ရဟတ်ယာဉ်ဟာ လမ်းညွှန်စနစ်မှားယွင်းပြီး နယ်စပ်ကနေ ကျော်ဝင်သွားခဲ့ကြောင်း၊ ကွင်းမှား ဆင်းတာသိလိုက်ရချိန် တိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့ရာမှာ ရဟတ်ယာဉ်ပေါ်ပါတဲ့ သူရဲကောင်းနှစ်ဦး အသက်စွန့်လိုက်ရပြီး ပိုင်းလော့ကို ယူကရိန်းဘက်က ပြန်ပေး ဆွဲထားတယ်လို့ လုပ်ကြံ ဝါဒဖြန် သတင်းရေးသားဖော်ပြသွားပါတယ်။
ယူကရိန်းစစ်တပ်မှာ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားလို့ ရရှိထားတဲ့ Mi-8 ရဟတ်ယာဉ် ၄၅ စင်းသာ ရှိပြီး အခု ၄၆ စင်း ရရှိလိုက်ခြင်းလည်း ဖြစ်ပါတယ်။
Ref: newsmax
MKF-001
#MeKongNews
#ယူကရိန်း
#ရုရှား
#ဘက်ပြောင်း
#MI8








