မဲခေါင်၊ သြဂုတ် ၂၄
ရုရှားမျိုးစောင့်ပုဂ္ဂလိက စစ်တပ် ဝက်ဂ်နာအုပ်စု ခေါင်းဆောင် ပရီဂိုဇင် စီးနင်း လိုက်ပါလာတဲ့ ခရီးသည်တင်လေယာဉ်ဟာ သြဂုတ် ၂၃ ရက် ညနေပိုင်းမှာ ရုရှားနိုင်ငံ တီဗာဒေသမှာ ပျက်ကျသွားခဲ့ပြီး ပရီဂိုဇင်အပါအဝင် လိုက်ပါသူ ၁၀ ယောက်စလုံးသေဆုံးကြောင်းနဲ့ အလောင်းတွေကိုလည်း ရရှိခဲ့ကြောင်း ရုရှားအစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။
ပရီဂိုဇင်ဟာ ပြီးခဲ့တဲ့ ၂ လတိတိက ယူကရိန်းဘက်ခ်မတ်ဒေသ တိုက်ပွဲအောင်ပွဲခံနိုင်ခဲ့ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တွေဟာ သူ့တပ်သားတွေကို လက်နက်၊ ရိက္ခာမထောက်ပံ့သလို ပြန်ပြီး လေကြောင်းကနေ ပစ်ခတ်လက်စတုန်းကြတယ်ဆိုပြီး မော်စကိုမြို့ကို စစ်ချီလာရာမှာ မိုင် ၁၅၀ လောက် အရောက်မှ ရုရှားမဟာမိတ်အိမ်နီးချင်း ဘီလာရုစ်သမ္မတ လူကက်ရှန်ကို နားချလို့ တပ်ပြန်ဆုတ်ခဲ့သူပါ။
ဝက်ဂ်နာတပ်ဟာ ဘီလာရုစ်နိုင်ငံထဲမှာ တပ်ထိုင်ထားပြီး ဆီးရီးယားမှာ စစ်ဆင်ရေးဆက်လုပ်နေတယ်လို့ သတင်း တွေထွက်ပေါ်နေပေမယ့် မော်စကိုမှာ မကြာခဏ မြင်တွေ့ရတယ်လို့လည်း အတွင်းသတင်းတွေမှာ ဖော်ပြပါရှိခဲ့ပါ တယ်။
အခုလည်း မော်စကိုကနေ စိန့်ပီတာစဘတ်မြို့ကို အသွား စတင်ပျံသန်းပြီး နာရီဝက် မပြည့်ခင် ပျက်ကျ သွားတာဖြစ်ပါတယ်။
ဝက်ဂနာအုပ်စုနဲ့ ချိတ်ဆက်ထားတဲ့ Grey Zone ဆိုတဲ့တယ်လီဂရမ်ချန်နယ်မှာတော့ တခြား သက်သေအထောက်အထား မဖော်ပြဘဲ ရုရှားဘက်က ပစ်ချတိုက်ခိုက်ခဲ့တာလို့ စွပ်စွဲရေးသားထားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ပရီဂိုဇင်လုပ်ကြံခံရမှု သေချာမသိရသေးပေမယ့် ရုရှားနိုင်ငံမှာ နောက်ကွယ်က ပူတင်မပါဘဲ ဖြစ်ပျက်တတ်တဲ့အရာ အလွန်တရာရှားပါးတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
Ref:BBC
MKF-001
#MeKongNews
#ပရီဂိုဇင်
#ရဟတ်ယာဥ်
#ရုရှား
#ပူတင်








