စီးပွားရေး

ဒေါ်လာလိုနေတဲ့ စစ်ကောင်စီ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ထားရင် အရေးယူမယ်ဆိုတဲ့အထိ တင်းကျပ်လာ

မဲခေါင် 21 Aug - 2023
ခွင့်ပြုချက်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ထားတာ တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သြဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်သတိပေးပါတယ်။

မဲခေါင်၊ သြဂုတ် ၂၁

ခွင့်ပြုချက်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ထားတာ တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သြဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်သတိပေးပါတယ်။

လုပ်ငန်းလုပ်ကိုင်သူဖြစ်စေ၊ အခြားမည်သူမဆို တစ်ဦးကို အမေရိကန်ဒေါ်လာ တစ်သောင်းအထိ ကိုင်ဆောင်ခွင့်ရှိပြီး အဲ့ဒီဒေါ်လာကို ၆ လ အထိ အသုံးမပြုရင် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခြင်း ဒါမှမဟုတ် ဘဏ်စာရင်းထဲ ထည့်သွင်းရမယ်လို့ ထုတ်ပြန်တာပါ။

ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နေပြည်တော်မှာလုပ်ခဲ့တဲ့ ပြည်ပကုန်သွယ်ရေးအတွက် ငွေပေးချေမှုဆိုင်ရာ အစည်းအဝေးမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာပေါ် ဈေနှုန်းတွေတက်ဖို့ ရေးသားပြောဆိုနေတာတွေနဲ့ တရားမဝင် ဟွန်ဒီဆောင်ရွက်တာတွေကို အရေးယူဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။

ယနေ့နိုင်ငံခြားငွေဈေးနှုန်းမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၉၀၀ နီးပါး မြင့်တက်နေတယ်လို့ ဒေါ်လာဝယ်ရောင်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ပို့ကုန်နည်းပြီး သွင်းကုန်များနေတဲ့အခြေအနေမှာ စစ်ကောင်စီဟာ ဒေါ်လာငွေ လိုအပ်ချက်မြင့်တက်လာတာကို ဖြည့်တင်းဖို့ လုပ်ငန်းရှင်တွေမှာရှိတဲ့နိုင်ငံခြားငွေကြေးတွေကို ညွှန်ကြားချက် အမျိုးမျိုး ထုတ်ပြီး ကန့်သတ်ဖို့ ကြိုးစားနေတယ်လို့ မြန်မာလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

“အဓိကပြဿာနာက နိုင်ငံတကာပိတ်ဆို့မှုနဲ့ ၂သောင်းတန်ထွက်လာမယ်ဆိုတဲ့ ဂယက်ကြောင့်ဖြစ်တာ အဲ့ဒါကိုသူတို့ကအစည်းဝေးမှာ အဓိကအကြောင်းအရင်းကို မျက်ကွယ်ပြုပြောဆိုပြီး ဈေးမြင့်တက်အောင်လုပ်သူတွေကိုဖမ်းဆီးမယ်၊ အရေးယူမယ်ဆိုတာတွေက သဘာဝမကြဘူး။ အခုအခြေနေထိဖြစ်အောင်လွတ်ထားပြီးပြီးမှ အကုန်ကမောက်ကမ ဖြစ်ချိန်မှာထိန်းချုပ်မယ် ဒေါ်လာလိုအပ်သလောက် ရောင်းပေးမယ်ဆိုတာတွေက ယုံကြည်စရာမရှိပါဘူး” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဗဟိုဘဏ် က ဒေါ်လာလိုအပ်ချက်ကို လုပ်ငန်းရှင်တွေအတွက် ဖြည့်ဆည်းပေးဖို့ အတိုင်းအတာတစ်ခုအထိရှိနေတယ်လို့ ပြောနေပေမဲ့ ရာနဲ့ချီလျှောက်ထားတဲ့ သွင်းကုန်လိုင်စင်များအပြင်စက်ဆီ ချောဆီအပါအဝင် စက်သုံးဆီတင်သွင်းခွင့် လိုင်စင်တွေကို အကန့်အသတ်နဲ့သာ ချထားပေးတာကြောင့် ပစ္စည်းများပြတ်လပ်ပြီး ဈေမြင့်တက်နေရတယ်လို့ လုပ်ငန်းရှင်များကဆိုပါတယ်။

ဒေါ်လာဈေးတက်တာ ရွှေဈေးတက်တာတွေကို၊ ပို့ကုန်ရငွေကိစ္စတွေကို ကုန်စည်စီးဆင်းမှုဗဟိုကော်မတီရဲ့ ညွန်ကြားချက်အရ စသုံးလုံးက တိုက်ရိုက်ကိုင်တွယ်မှာဖြစ်ပြီး သက်ဆိုင်တဲ့နေရာတွေမှာ Test Force ဖွဲစည်းသွားမယ်လို့ စစ်ကောင်စီကြေညာမှာဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ဩဂုတ်လ ၁၅ ရက်က ရုရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) ကို ပေးပို့တဲ့ မိန့်ခွန်း Video Message မှာ နိုင်ငံတချို့ ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

MK-006

#MeKongNews

#စစ်ကောင်စီ

#ဒေါ်လာ

#ဗဟိုဘဏ်

#အရေးယူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now