စီးပွားရေး

တရုတ်ဘက်မှ ဆီမရသည့်အတွက် ပန်ဆန်းတွင် ဓာတ်ဆီစျေးတက်

မဲခေါင် 4 Mar - 2025
တရုတ်ဘက်မှ ဆီမရသည့်အတွက် ပန်ဆန်းတွင် ဓာတ်ဆီစျေးတက်

တရုတ်ဘက်မှ ဆီမရသည့်အတွက် ပန်ဆန်းတွင် ဓာတ်ဆီစျေးတက်

မဲခေါင်၊ မတ် ၄

UWSA ထိန်းချုပ်ဒေသဖြစ်သည့် ပန်းဆန်း(ပန်ခမ်း)မြို့တွင် တရုတ်နိုင်ငံဘက်မှ ဓာတ်ဆီတင်သွင်းခွင့် မရသည့်အတွက် ဈေးတက်နေကြောင်း ဒေသခံနှင့် ခရီးသွားများထံက သိရသည်။

ပန်ဆန်းမြို့နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်ပေါက်မှ တဆင့် ဓာတ်ဆီနှင့် ကုန်ပစ္စည်းအချို့ တင်သွင်းခွင့်ကို ဆက်လက်ကန့်သတ်ထားခြင်းကြောင့် ယခုကဲ့သို့ ဆီစျေးများ မြင့်တက်နေရခြင်းဟု ဒေသခံများနှင့် ပန်ဆန်းကို ဖြတ်ကာ ပြေးဆွဲနေသည့် ယာဥ်မောင်းများထံမှ သိရသည်။

“ပန်ဆန်းမှာ လမ်းဘေးဆီဆိုရင် တစ်လီတာ ယွမ်၂၅၊ ၃၀အထိတောင်ရှိတယ်။ အရင်တစ်လခန့်ကတည်းက ၁၃ယွမ်​ရှိတယ်။ နေရာတိုင်းလည်းမရဘူး။ ဆီဆိုင်ကပြောတာတော့ တရုတ်ဘက်က ဓာတ်ဆီမရတာ တစ်ပတ်လောက်ရှိပြီပြောတယ်။ မိုင်းလားနဲ့ လားရှိုးဘက်တော့ ဆီမရှားဘူး ရနေတယ်။ တရုတ်ဆီပဲ” ဟု မိုင်းလား။ လားရှိူး၊ မူဆယ် ပြေးဆွဲနေသည့် ယာဥ်မောင်း တစ်ဦးက မဲခေါင်ကို မတ်လ၄ရက်တွင် ပြောသည်။

ကားသမားများအနေဖြင့် ပန်ဆန်းတွင် ဆီမထည့်ဘဲ မိုင်းလားမှ ဓာတ်ဆီ တစ်လီတာ ၈ယွမ်ခွဲဈေးဖြင့် ပုံးဖြင့်ဝယ်ယူလာကာ သုံးစွဲနေကြောင်း၊ တန့်ယန်းတွင် တစ်လီတာ ၆၀၀၀ကျပ်၊ ချင်းရွှေဟော်တွင် တစ်လီတာကို ၁၀ယွမ်နှင့် မူဆယ်တွင် ကျပ်၆၀၀၀ ရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ၎င်းပန်ဆန်းသို့ဖြတ်သန်းစဥ် ဓာတ်ဆီဆိုင်များတွင် ကားများ၊ ဆိုင်ကယ်များ တန်းစီဝယ်နေကြသည်ကို တွေ့ရပြီး ဆီလိုသလောက်မရဘဲ ၃၀လစ်(လီတာ) သာ ရကြောင်း ဒေသခံများထံက သိရသည်ဟု ဆိုသည်။

အခြား ဝ ထိန်းချုပ်ဒေသများဖြစ်သည့် ပန်လုံ၊နမ့်တစ်၊ ဟိုပန်တို့တွင်လည်း ဆီဝယ်ယူရရှိမှု အလားတူ ခက်ခဲနေကြောင်း သိရသည်။

ဒေသအခြေစိုက် WNL သတင်းတွင်လည်း တရုတ်ဘက်မှ ဆီမရသဖြင့် ပန်ဆန်းတွင် ဆီစျေးများမြင့်တက်နေသည်မှာတစ်ပတ်ခန့်ရှိပြီဖြစ်သည်ဟုဖော်ပြပါရှိသည်။

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံးမှ ဇန်နဝါရီ ၂၀ ရက်နေ့ ရက်စွဲဖြင့် “ဝ”ပြည်နယ်ဘက် မှကိုးကန့်ဒေသဘက်သို့ လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြုထားခြင်းဖြစ်သည်။

ယင်းမတိုင်မီ တရုတ်ဘက်မှ “ဝ” နယ်စပ်ဂိတ်၊ နမ့်တစ်(မန်ခါး)၊ မုန်းအား၊ ဆောဖားနဲ့ ပန်ဆန်း(ပန်ခမ်း)ဂိတ်များကို ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းကပင် ကုန်ပစ္စည်း အဝင်အထွက်တင်းကြပ်ထားခဲ့ခြင်းဖြစ်သည်။

မဟာ
#MeKongNews
#ပန်ဆန်း
#UWSA
#စက်သုံးဆီ
#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now