မြန်မာ့နွေဦး

ဒီးမော့ဆို အနောက်ခြမ်းမှာ စစ်ဘေးရှောင် ကလေးငယ် ၁,၂၀၀၀ ကျော် ပညာသင်ကြားဖို့ ခက်ခဲနေ

မဲခေါင် 17 Aug - 2023
ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းက စစ်ဘေးရှောင် ကလေးငယ် ၁,၂၀၀၀ ကျော် ပညာသင်ကြားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာ၀န်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၇

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းက စစ်ဘေးရှောင် ကလေးငယ် ၁,၂၀၀၀ ကျော် ပညာသင်ကြားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာ၀န်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

၂၀၂၁ ခုနှစ် နှောင်းပိုင်းကစပြီး ဒီးမော့ဆို အရှေ့ခြမ်းမှာ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲချီတဲ့ ဒေသခံ ပြည်သူတွေ လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးဘဲ ဒီးမော့ဆို အနောက်ခြမ်းမှာ စစ်ဘေး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဒီလို နေရပ်စွန့်ခွာ ထွက်ပြေးနေရပေမဲ့ ကလေးငယ်တွေ ပညာတတ်မြောက်စေဖို့ တိုက်ပွဲတွေ ကြားမှာ ပညာသင်ကြားနိုင်ဖို့ ခက်ခက်ခဲခဲ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကလေးငယ်တွေ ပညာတတ်မြောက်ဖို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကြားကနေ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင် နေပါတယ်။ လော‌လောဆယ်တော့ စစ်ရှောင် ကလေးငယ် ၁,၂၀၀၀ ၀န်းကျင်‌လောက်ကို ပညာသင်ကြား ပေးနေပါတယ်။ ခက်ခဲမှုတွေတော့ ရှိနေဆဲပါပဲ”လို့ ပညာရေးဘုတ်အဖွဲ့ တာ၀န်ရှိသူက ရှင်းပြပါတယ်။

လက်ရှိ စစ်ရှောင် ကလေးတွေအတွက် ယာယီ စာသင်ကျောင်းလေးတွေ ပြုလုပ်ပြီး တတ်နိုင်သလောက် ပညာရေးနဲ့ အဆက်မပြတ်စေဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်တွေ နေထိုင်တဲ့ ကျေးရွာတွေ၊ ယာယီ စာသင်ကျောင်းနဲ့ ယာယီ ဆေးရုံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ထင်သလောက် ခရီးမပေါက်ဘူးလို့ စစ်ရှောင် ကလေးတွေကို သင်ကြားပေးနေတဲ့ ဆရာ တစ်ဦးက ပြောပါတယ်။

“စစ်ရှောင် ကလေးငယ်တွေကို စာသင်ကြားပေးနေတယ် ဆိုပေမဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် နေရာ မကြာခဏ‌ ရွှေ့ပြောင်းရ၊ သင်ခန်းစာတွေနဲ့ အဆက်ပြတ်သွားတာ၊ ဒီလို အခြေအနေတွေက ဖြေရှင်းဖို့ ခက်ပါတယ်။ ထင်သလောက် ခရီးမပေါက်ဘူးပေါ့ဗျာ။ ဒါပေမဲ့လည်း ပညာသင်ကြားရေးက အရေးကြီးတာဖြစ်လို့ ရသ‌လောက် သင်ယူနိုင်အောင် လုပ်နေကြတာပါ” လို့ သူကရှင်းပြပါတယ်။

နိုင်ငံတကာ အဆင့်မှီ သင်ရိုးတွေ အသုံးပြု သင်ကြားပေးနေပေမဲ့ ရန်ပုံငွေ အားနည်းတာ၊ စာရေးကိရိယာ မလုံလောက်တာတွေကြောင့် ကျောင်းသား ၅ ဦးကို ဖတ်စာအုပ် တစ်အုပ် ရနိုင်ဖို့ မလွယ်ကူတဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ဆရာ၊ ဆရာမ ဦးရေ ၁,၀၀၀ နီးပါးသာ ရှိတဲ့အတွက် ကျောင်းသား ဦးရေနဲ့ အတန်း အများအပြားကို တာ၀န်ယူထားရကာ မအားမလပ် ကြိုးစား သင်ကြားနေကြရတယ်လို့ သိရပါတယ်။

ပြည်သူတွေ အနေနဲ့လည်း လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေအရ ကာကွယ်ရေးဘက်ကို ဦးစားပေး ထောက်ပံ့နေတာကြောင့် ပညာရေးဆိုင်ရာ လိုအပ်တဲ့ ရန်ပုံငွေ မရရှိလို့ ကလေးငယ်တွေ လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းတွေ မလုံမလောက် ဖြစ်နေတယ်လို့ ဒီးမော့ဆို ပညာရေး ဘုတ်အဖွဲ့ တာ၀န်ရှိသူက ဆိုပါတယ်။

“အဓိက လိုအပ်တာတော့ စာရေးကိရိယာ လိုတယ်။ ပထမ ဦးစားပေး အချက်ပေါ့။ ဒုတိယကတော့ ကလေး တွေကို စေတနာ အရင်းခံပြီး စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမလေးတွေကိုလည်း ထောက်ပံ့ဖို့ လိုအပ်တယ်။ အခုက ရန်ပုံငွေ အခက်အခဲကြောင့် ပထမ အချက်ကိုတောင် မဖြည့်နိုင်သေးဘူး ဖြစ်နေတယ်” လို့ သူကပြောပါတယ်။

လက်ရှိ တော်လှန်ရေး အင်အားစုတွေ စစ်ရေးအရ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့နယ် အပါအ၀င် ကရင်နီ ပြည်နယ် တစ်ခုလုံး ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက စစ်အင်အား အမြောက်အများ အသုံးပြု ထိုးစစ်ဆင်နေတာ၊ အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီး ၁၂၀ မမ တွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒီတိုက်ပွဲတွေကြောင့် စစ်ရှောင် ပြည်သူတွေဟာ နေရာအတည်တကျ မနေနိုင်ဘဲ တိုက်ပွဲနဲ့ ‌ဝေးရာကို မကြာခဏ ရွှေ့ပြောင်းနေရတာပါ။

ဒီလို အခြေအနေတွေကြောင့် စစ်‌ရှောင် ကလေးငယ်တွေ အေးအေးချမ်းချမ်း ပညာသင်ကြားနိုင်ဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်နေတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီးမော့ဆို ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

MK-007

#MeKongNews

#ဒီးမော့ဆို

#စစ်ဘေးရှောင်

#ပညာရေးဘုတ်အဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now