မြန်မာ့နွေဦး

AHA နဲ့ PNLO ပူးပေါင်းပြီး ကရင်နီပြည်မှ စစ်ဘေးရှောင်လာသူတွေကို စားနပ်ရိက္ခာ ကူညီ

မဲခေါင် 18 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၈ စစ်ဘေးရှောင် ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ သွားရောက်စဉ် ယာဉ်တန်း အပစ်ခံရလို့ မအောင်မြင်ခဲ့တဲ့ ခရီးစဉ်ကို ဒုတိယအကြိမ် ထပ်မံ သွားရောက်ပြီး စစ်ဘေးရှောင် ပြည်သူတွေကို အကူအညီ ပစ္စည်း ပေးအပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်-PNLO တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၈

စစ်ဘေးရှောင် ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ သွားရောက်စဉ် ယာဉ်တန်း အပစ်ခံရလို့ မအောင်မြင်ခဲ့တဲ့ ခရီးစဉ်ကို ဒုတိယအကြိမ် ထပ်မံ သွားရောက်ပြီး စစ်ဘေးရှောင် ပြည်သူတွေကို အကူအညီ ပစ္စည်း ပေးအပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်-PNLO တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အာယဆီယံ လူသားချင်း စာနာမှု အကူအညီ ညှိနှိုင်းဆောင်ရွက်ရေး ဗဟိုဌာန-AHA နဲ့ PNLO ပူးပေါင်း စီစဉ်တဲ့ စစ်ဘေးရှောင် ပြည်သူများ လူသားချင်း စာနာမှု အကူအညီပေးရေး ပစ္စည်းတွေကို PNLO အဖွဲ့က ဇူလိုင်လ ၁၆ ရက်နေ့မှာ ကရင်နီပြည်ကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ပေးအပ်ခဲ့ပါတယ်။

အဲ့ဒီအကူအညီပစ္စည်းတွေကို ကရင်နီပြည်ကနေ ရှမ်း-ကရင်နီနယ်စပ်၊ ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာကို စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၁၄၅၀ ဦးကို PNLO က ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၁၆ ရက်မှာ ပေးအပ်တဲ့ အဲ့ဒီ လူသားချင်းစာနာမှု အကူအညီတွေကတေ့ာ ဆန်အိတ် ၄၀၀၊ Family Kit ၄၀၀ နဲ့ Hygiene Kit ၁၄၅၀ တို့ဖြစ်တယ်လို့ PNLO တာဝန်ရှိသူက ပြောပါတယ်။

“ပထမတစ်ခေါက် အပစ်ခံရလို့ စစ်ရှောင်ပြည်သူတွေကို ကူညီဖို့ မအောင်မြင်ခဲ့တာကို AHA နဲ့ PNLO ပူးပေါင်းပြီး ဆက်လုပ်တဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်တွေပေါ့။ အကူအညီတွေကတော့ ဆန်ရယ် မိသားစု အသုံးအဆောင် ပစ္စည်းတွေ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပါတယ်” လို့ PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မြင့်သိန်း ကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်မှာ အာဆီယံ သံတမန်တွေနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ယာဉ်တန်း ပအိုဝ်းဒေသ အတွင်း ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ သွားရောက်စဉ် ဆီဆိုင်မြို့အနီးမှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပစ်ခတ်ခံရမှုကြောင့် အာဆီယံ သံတမန်တွေပါတဲ့ ယာဉ်တန်းဟာ စစ်ရှောင်ပြည်သူတွေကို အကူညီပေးခွင့် မရရှိခဲ့ပဲ စစ်ကောင်စီက ယာဉ်တန်းကို ပြန်လည်ဆုတ်ခွာခိုင်း ခဲ့ပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ စစ်ကောင်စီလက်အောက်ခံ ဌာနေ ပြည်သူ့စစ်တွေက နောက်ကွယ်ကနေ စေခိုင်းတဲ့ လူတွေရဲ့ အမိန့်အရ ပြုလုပ်တာ တွေ့ရတယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC က ထုတ်ပြန်ထားပါတယ်။

CJ-002

#MeKongNews

#အာဆီယံ

#PNLO

#ဆီဆိုင်မြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now