မြန်မာ့နွေဦး

စစ်တပ် လက်နက်စက်ရုံတွေကို အရေးပေါ် လျှပ်စစ် အပြည့်အ၀ ပေးနေရလို့ မြို့ကြီးတွေမှာ မီးပျက်

မဲခေါင် 12 Jul - 2023
မန္တလေး၊ ဇူလိုင် ၁၂ နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်မှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ အနေနဲ့ လက်နက် ထုတ်လုပ်ရေး စက်ရုံတွေ အချိန်ပြည့် လည်ပတ်နိုင်ရေး လျှပ်စစ်မီး အပြည့်အဝပေးဖို့ ညွှန်ကြားထားတဲ့ အတွက် အခုရက်ပိုင်း အတွင်း ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံအနှံ့က မြို့ကြီးတွေမှာ မီးပျက်နေတာလို့ အမည်မဖော်လိုသူ လျှပ်စစ်ဌာန အရာရှိ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

မန္တလေး၊ ဇူလိုင် ၁၂

နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်မှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ အနေနဲ့ လက်နက် ထုတ်လုပ်ရေး စက်ရုံတွေ အချိန်ပြည့် လည်ပတ်နိုင်ရေး လျှပ်စစ်မီး အပြည့်အဝပေးဖို့ ညွှန်ကြားထားတဲ့ အတွက် အခုရက်ပိုင်း အတွင်း ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံအနှံ့က မြို့ကြီးတွေမှာ မီးပျက်နေတာလို့ အမည်မဖော်လိုသူ လျှပ်စစ်ဌာန အရာရှိ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

အရင်က စစ်လက်နက် ပစ္စည်း စက်ရုံတွေ စွမ်းအားပြည့် မလည်ပတ်ပေမယ့် အခုရက်ပိုင်းက စပြီး စွမ်းအားပြည့် လည်ပတ် ထုတ်လုပ်ဖို့ လိုအပ်တဲ့ လျှပ်စစ် ပြတ်တောက်မှု မရှိစေဘဲ အပြည့်အဝပေးဖို့ ညွှန်ကြားထားတယ်လို့ သူကဆိုပါတယ်။

“ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတွေကို အရေးပေါ် လိုအပ်ချက်အရ လျှပ်စစ်ဓာတ်အား ၂၄ နာရီ ပြတ်တောက်မှု မရှိဖို့၊ ဝန်အား အပြည့်ပေးဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ အနည်းဆုံး တစ်လကနေ ၃ လအထိ ကြာမြင့်နိုင်ပါတယ်” လို့ သူဆိုပါတယ်။

စစ်တပ် လက်နက်စက်ရုံ အများစုဟာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာ တည်ရှိနေတာဖြစ်ပြီး အဲဒီဒေသတွေမှာ မီးပြတ်တောက်မှု ပိုဖြစ်မယ်လို့ သူက ဆိုပါတယ်။

ဇူလိုင်လဆန်းပိုင်းက စပြီး မန္တလေးမြို့ နေရာ အတော်များများမှာ လျှပ်စစ် တစ်ရက်ကို ၆ နာရီဝန်းကျင်သာ ရရှိတော့တယ်လို့ မန္တလေး မြို့ခံတွေက ဆိုပါတယ်။

လက်ရှိ လျှပ်စစ်ဓာတ်အား ရရှိချိန် နည်းပါးလွန်းတဲ့ အတွက် မန္တလေးမြို့က အသေးစား စက်မှုလက်မှု လုပ်ငန်း အများအပြား လုပ်ငန်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ်လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

“တစ်နေကုန် မီးမရဘူး။ လာတဲ့အချိန်ကျလည်း ညပိုင်းဆိုတော့ ပတ်ဝန်းကျင်နဲ့ အဆင်မပြေဘူး။ အပ်ထည်တွေ အချိန်မီ မရတော့ အလုပ်အပ်တဲ့သူတွေက အလုပ်မအပ်ကြတော့ဘူး။ ဒီဇယ်ဆီ ဈေးက ကြီးပေမဲ့လည်း အလုပ်ဖြစ်ဖို့ အတွက် တစ်ခါတစ်ခါ အရှုံးခံ လုပ်ပေးရတာတွေ ရှိလာတယ်ဗျ။ ဒီအတိုင်းပဲ ဆက်သွားရင်တော့ လုပ်ငန်း တော်တော်များများ ရပ်ရတော့မှာပေါ့” လို့ အောင်မြေသာစံမြို့နယ်က တွင်ခုံ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

အခုလို လျှပ်စစ်ဓာတ်အား ရရှိချိန် နည်းပါးမှုဟာ မန္တလေးမြို့အပြင် ရန်ကုန်တိုင်း စစ်ကိုင်းနဲ့ ပဲခူးတိုင်း တွေမှာလည်း ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုရက်ပိုင်း ခဏခဏ မီးပျက်တယ်။ ပျက်တဲ့အချိန် ပိုပိုများလာတယ်” လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်ခဲ့ပြီးနောက် မိုးတွင်းကာလမှာပါ အခုလို ပြတ်တောက်လာတဲ့ အတွက် ပြည်သူတွေ အနေနဲ့ အလင်းရောင်ရဖို့ အပိုကုန်ကျစရိတ်တွေ များပြားလာတယ်လို့ သူက ပြောပါတယ်။

CJ-009

#MekongNews

#မန္တလေး

#လျှပ်စစ်

#လက်နက်စက်ရုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now