မြန်မာ့နွေဦး

မိုးဗြဲမြို့ကို သိမ်းပိုက်ဖို့ စစ်ကောင်စီတပ် အလုံးအရင်းနဲ့ ထိုးစစ်ဆင်၊ မြို့ပျက်ကြီး ဖြစ်သွားမှာကို ဒေသခံတွေ စိုးရိမ်

မဲခေါင် 17 Jun - 2023
မဲခေါင်၊ ဇွန် ၁၇ ရှမ်း-ကရင်နီ နယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့ကို စစ်ရေးအရ အလုံးစုံ ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ် အင်အား အလုံးအရင်းသုံးပြီး မြို့တွင်းကို ထိုးစစ်ဆင် တိုက်ခိုက် စစ်ရှိန်မြှင့် လာတာကြောင့် မြို့ပျက်ကြီး ဖြစ်သွားမှာကို စိုးရိမ်တယ်လို့ မိုးဗြဲ မြို့ခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇွန် ၁၇

ရှမ်း-ကရင်နီ နယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့ကို စစ်ရေးအရ အလုံးစုံ ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ် အင်အား အလုံးအရင်းသုံးပြီး မြို့တွင်းကို ထိုးစစ်ဆင် တိုက်ခိုက် စစ်ရှိန်မြှင့် လာတာကြောင့် မြို့ပျက်ကြီး ဖြစ်သွားမှာကို စိုးရိမ်တယ်လို့ မိုးဗြဲ မြို့ခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မိုးဗြဲမြို့ဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ခံတပ် နေပြည်တော်ကို စစ်ရေးအရ တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ နယ်ပယ်ထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတာကြောင့် လက်ရှိ စစ်ကောင်စီက အင်အား အလုံးအရင်း သုံးပြီး မြို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ တိုက်ပွဲဖြစ်နေတာ ၃ လ ဝန်းကျင်ရှိလာပြီ။ ဘာလို့ ကြာနေလဲ ဆိုတော့ ကျွန်တော်တို့ ခုခံနိုင်စွမ်း ကြောင့်ပဲ။ မိုးဗြဲမြို့က မြို့သေးတယ်။ ဒါပေမဲ့ စစ်ကောင်စီ အတွက်ရော ကျွန်တော်တို့ အတွက်ပါ စစ်ရေးအရ အရေးပါတဲ့ နေရာ ဖြစ်နေတာ။ ကျွန်တော်တို့ဆီကနေ ရှမ်းနယ်စပ်ကိုဖြတ်ပြီး ကရင်နီဘက်သွားရင် အခု တိုက်ပွဲတွေ ပြင်းထန်နေတဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုတို့ဘက် တန်းနေတာပဲ။ ပြီးတော့ အပေါ်ထပ်တက်ရင် ပင်လောင်းဘက် ရောက်ပြီ ဆိုတော့ ဒီနေရာကို ကိုင်နိုင်ရင် လမ်းတစ်ခု ပိတ်ပြီးသား ဖြစ်သွားမယ်။ ဒါကြောင့် သူတို့ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရင်းပြီး ပြန်ဆုတ်သွားလိုက်၊ အင်အားဖြည့် လာတိုက်လိုက် လုပ်နေတာ” လို့ သူကပြောပါတယ်။

တိုက်ပွဲမှာ အထိနာလို့ စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားတိုင်း တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာကို လေကြောင်းက ဗုံးကြဲတာနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကာ PDF တွေ နယ်မြေ ခြေကုတ် မရအောင် လုပ်လေ့ရှိပြီး အင်အားပြန်ဖြည့်ကာ နောက်ထပ် ပြန်တိုက်တာကြောင့် တိုက်ပွဲတွေက ကြာမြင့်နေတာလို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက‌ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကစပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာတဲ့ မိုးဗြဲမြို့ပေါ်မှာ လူဦးရေ ၃၀,၀၀၀ ကျော် နေထိုင်ပြီး လက်ရှိ ပြည်သူတွေ စစ်ဘေးလွတ်ရာ ထွက်ပြေးကြလို့ မြို့ပေါ်မှာ လူသူမရှိသလောက် ဖြစ်နေပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“လက်ရှိမှာတော့ မိုးဗြဲမြို့ပေါ်မှာ ဘယ်သူမှ မကျန်တော့ဘူး။ ကျန်ခဲ့လည်း ခေါင်းမာတဲ့ လူဆယ်ဂဏန်းပေါ့။ ဆက်နေလို့ ကတော့ မဖြစ်တော့ဘူးလေ။ တိုက်ပွဲတွေကြားမှာ ကျန်ခဲ့တဲ့ သူတွေကို စစ်တပ်က လိုက်သတ်နေတာ။ ဆက်နေရင် ကျွန်တော်တို့လည်း အသတ်ခံရမှာစိုးတော့ အထုပ်ဆွဲပြီး ပြေးရတာပဲ။ ဟိုကောင်တွေက အသက်ကြီးတာ၊ ငယ်တာ၊ ယောကျ်ား၊ မိန်းမ ခွဲတာ မဟုတ်ဘူး။ မဲမဲမြင်ရာ ပစ်နေတာ။ အိမ်ပြာကျသွားတာမှ ပြန်ဆောက်လို့ ရသေးတယ်ဆိုပြီး ဖြေသိမ့်ပြေးရတာပဲ ညီလေးရေ” လို့ သူကပြောပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်က မြို့ပေါ် လူနေရပ်ကွက်တွေကို ပစ်မှတ်ထား လေကြောင်းကနေ ဗုံးကြဲကာ နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့လို မြို့ပျက်ကြီး ဖြစ်သွားမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထန်တလန်မြို့ဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီးနောက် မြို့လုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတာ လက်ရှိ အချိန်အထိ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ထန်တလန်မြို့ထဲ ရမ်းကား ပစ်ခတ်လို့ မြို့တွင်းနေရာ ၅ ခုမှာ ပေါက်ကွဲ မီးလောင်ပြီးနောက် တစ်မြို့လုံး နီးပါးက ဘာသာရေး အ‌ဆောက်အအုံတွေနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးပြီး လက်ရှိအချိန်ထိ မြို့ပျက်ကြီး ဖြစ်နေပါတယ်။

MK-007

#MeKongNews

#မိုးဗြဲမြို့

#PDF

#ထန်တလန်မြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now