ဆောင်းပါး

ရုရှားရဲ့ လက်နက်ခဲယမ်းမလောက်ငှမှုမှာ မြန်မာစစ်ကောင်စီ ဘယ်လိုအရေးပါနေသလဲ

မဲခေါင် 15 Mar - 2023
MKF - 001 အကျိုးမရှိရင် အကြောင်းမရှိဘူးလို့ပဲပြောရတော့မှာပဲ။ ဒီခေါင်းစဉ်ဖြစ်တည်လာဖို့က ပြောလာသူရှိလို့ ဖြစ်တည် လာရတာပါ။ ပြောသူက နယ်နယ်ရရမဟုတ်။ ယူကရိန်းစစ်ဗိုလ်ချုပ် ကီရီလိုဘူဒါနော့ဗ်။

MKF – 001

အကျိုးမရှိရင် အကြောင်းမရှိဘူးလို့ပဲပြောရတော့မှာပဲ။ ဒီခေါင်းစဉ်ဖြစ်တည်လာဖို့က ပြောလာသူရှိလို့ ဖြစ်တည် လာရတာပါ။ ပြောသူက နယ်နယ်ရရမဟုတ်။ ယူကရိန်းစစ်ဗိုလ်ချုပ် ကီရီလိုဘူဒါနော့ဗ်။ ရုရှားကို ကြံ့ကြံ့ခံ တိုက်နေတဲ့ ယူကရိန်းစစ်ထောက်လှမ်းရေးအခေါင်အချုပ်တစ်ယောက် VOA သတင်းဌာနကို ဒီရက်ထဲ အင်တာဗျူးမှာ မြန်မာစစ်အာဏာရှင်တွေ အကြောင်းပါလာတာ။

“ရုရှားဟာ လက်နက်ခဲယမ်းတွေကို ဘယ်လိုအကြောင်း၊ ဘယ်လိုနေရာကမဆို ရသလို ဝယ်ဖို့ ကြိုးစား နေတယ်။ ယူကရိန်းကို ဆက်ကျူးကျော်စစ်ဆင်နွှဲဖို့ လိုတဲ့ လက်နက်ခဲယမ်းတွေ ဝယ်နိုင်ဖို့အရေး အရှေ့တောင်အာရှ မြန်မာနိုင်ငံနဲ့တောင် ဆက်သွယ်ကြိုးစားနေတယ်။ သူတို့က တတိယနိုင်ငံတစ်ခုဆီကနေ များပြားလှတဲ့ လက်နက်ခဲယမ်းတွေကို မရရအောင် ဝယ်နေရတဲ့ အခြေအနေဖြစ်နေပြီ” လို့ ဗိုလ်ချုပ် ဘူဒါနော့ဗ်က ပြောသွားတာပဲဖြစ်ပါတယ်။

မြန်မာ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းကတော့ ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က ဒီသတင်းနဲ့ပတ်သက် လို့ ဗီအိုအေရဲ့ ဖုန်းဆက်စုံစမ်းမှုကို စိတ်အလိုရှိတော့ ပြန်ဖြေကြားလိုက်တယ်။ ရုရှားဆိုတာ ကမ္ဘာမှာ လက်နက် ရောင်းစားတဲ့နိုင်ငံပါ။ အခုလို စွပ်စွဲမှုတွေက မဖြစ်နိုင်သလို အခြေအမြစ်လည်း မရှိဘူးလို့ ငြင်းဆိုသွားတယ်။ တခြား တစ်စုံတစ်ရာတော့ မှတ်ချက်ပေးတာ၊ ပြောတာမရှိခဲ့ဘူးတဲ့။ ရုရှားက ယူကရိန်းကိုကျူးကျော်တဲ့အပေါ် ထောက်ခံတဲ့ အာဏာရှင်ခေါင်းဆောင်နည်းနည်းလေးထဲမှာ မြန်မာစစ်ကောင်စီလည်းပါဝင်ခဲ့ပေမယ့် ဒီသတင်းကို ဟုတ်သယောင်ပြပြီး မုတ်ဆိတ်ပွတ်ခေါင်းညှိတ်တော့ သူတို့မနေတဲ့သဘော။

လူ့အခွင့်အရေးထောက်ခံအားပေးမှုအဖွဲ့ဖြစ်တဲ့ Justice for Myanmar (JFM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရတနာ မောင်က ဒီအရေးနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့တယ်။ “ရုရှားနဲ့ မြန်မာစစ်ကောင်စီတွေဟာ အရေးပါတဲ့ မဟာမိတ်တွေပါ။ တစ်ယောက်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို တစ်ယောက် ဖုံးကွယ် အားဖြည့်ပေးနေကြသူတွေပါ။ ယူကရိန်းအပေါ် ကျူးကျော်တဲ့ရုရှားလုပ်ရပ်ကို စစ်ကောင်စီက ထောက်ခံအားပေး ခဲ့တယ်။ အာရှစျေးကွက်မှာ ရုရှားစီးပွားရေးလုပ်ငန်းတွေ ခရီးတွင်အောင် နိုင်ငံတွင်းမှာ အခြေစိုက်ခွင့်တွေ ပေးနေ တယ်။ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲနိုင်အောင် အလိုတူအလိုပါ ကြံစည်ပေးနေကြတယ်” လို့ ထုတ်ပြန်ခဲ့တယ်။

JFM ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက် ရုရှားနဲ့ မြန်မာစစ်ကောင်စီဆက်ဆံရေးတွေကို အနီးကပ်သတိထားစောင့်ကြည့်လေလာနေခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်တယ်။ ၂၀၂၂ ခုနှစ် မတ်လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီကို ပြည်သူအပေါ် သတ်ဖြတ်နေတဲ့ လက်နက်တွေထောက်ပံ့ရောင်းချနေတဲ့ ရုရှားစီးပွားရေးကုမ္ပဏီအဖွဲ့အစည်း ၁၉ ခုကို နာမည်နဲ့တကွဖော်ပြပြီး ပိတ်ဆို့အရေးယူသင့်ကြောင်း ကမ္ဘာကို တင်ပြခဲ့တယ်။ အာဏာသိမ်းပြီးကတည်းက ရုရှားကို အခေါက်ခေါက်အခါခါသွားခဲ့တဲ့အထဲ မနှစ်က ဇူလိုင်လမှာ မင်းအောင်လှိုင်ရုရှားသွားတဲ့ ခရီးစဉ်တုန်းက နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ချုပ်ဆိုခဲ့ ကြောင်း ဇူလိုင် ၁၂ ရက် ရက်စွဲနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့တာရှိတယ်။ မင်းအောင်လှိုင်ရော၊ ရုရှားစစ်ဘက်ခေါင်းဆောင်တွေကပါ ဒီစာချုပ်အရ စစ်ရေးဘက်စုံပူးပေါင်းဆောင်ရွက်မှု တွေကို စဉ်ဆက်မပြတ်တည်ဆောက်ဖို့ သဘောတူခဲ့ကြတာဖြစ်တယ်လို့လည်း အတည်ပြုထုတ်ပြန်ခဲ့ကြပါတယ်။ ဒီအကြောင်း VOA က ရုရှားနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေ နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုမှာ ပူးပေါင်းလိုက် ခြင်းဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာအတွက် ပူပန်မှုတွေ ဖြစ်စေခဲ့ပြီလို့လည်း ဖော်ပြခဲ့ပါသေးတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်က တစ်နှစ်ကျော်လာချိန် စစ်ပွဲက ထင်သလိုရှေ့တိုးနိုင်ခြင်းမရှိဘဲ ဆုံးရှုံးမှုတွေသာ ဧရာမ များပြားခဲ့ပါတယ်။ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ရုရှားဟာ ယူကရိန်းစစ်ကြောင့် အနောက်အင်အား စုတွေရဲ့ ပိတ်ဆို့အရေးယူမှုဒဏ်ကို အလူးအလဲခံနေရကြောင်း၊ ဒါကြောင့် ၂၀၂၃ ခုနှစ်ရဲ့ တစ်ချိုးတစ်ကွေ့မှာပဲ စစ်ပွဲအတွက်အသုံးပြုမယ့် လက်နက်ခဲယမ်း ကုန်ဆုံးသွားရမယ့်ကိန်းကို ဆိုက်နေပြီလို့ သုံးသပ်ထုတ်ပြန်ခဲ့တယ်။ အမေရိကန်လွှတ်တော်ထောက်လှမ်းရေးကော်မတီ၊ အမျိုးသားထောက်လှမ်းရေးဒါရိုက်တာ အဗရယ်ဟိုင်းနက်စ် က ၂၀၂၂ ခုနှစ်ထဲမှာ သေဆုံးနဲ့ ပြန်သုံးမရတော့တဲ့ ဒဏ်ရာရ စစ်သား ၆ သိန်းအထိရှိခဲ့တဲ့ ရုရှားဟာ ၂၀၂၃ ခုနှစ်ထဲ မှာ စစ်သည်အင်အားနဲ့ လက်နက်ခဲယမ်း မလုံလောက်တော့ခြင်းဟာ သူတို့အတွက် အကြီးမားဆုံး ပြဿနာ ဖြစ် စေပြီး စစ်ရေးနိမ့်ပါးမှုတွေ အကြီးအကျယ် ထပ်ဖြစ်လာစေမယ်လို့ သုံးသပ်ထားတယ်။ ဒါကြောင့် လက်နက်ခဲယမ်းလိုအပ်ချက်ပြည့်၀ဖို့ ကိုယ်တိုင်လုံလောက်စွာထုတ်ရေးမဖြစ်နိုင်တော့ တတိယကြားခံနိုင်ငံကို အသုံးပြုပြီး ရသမျှသော လက်နက်တွေ ဝယ်ယူဖို့ စီစဉ်ရလိမ့်မယ်လို့လည်း ကောက်ချက်ချ ထားတယ်။

ရုရှားရဲ့ လက်နက်မလောက်ငှမှုပြဿနာကို ဆန့်ကျင်ဘက်နိုင်ငံတွေကပဲ သွားပုပ်လေလွင့် ထုတ်ပြန်နေကြတာ မဟုတ်ပါဘူး။ ကရင်မလင်အစိုးရနဲ့ ချိတ်ဆက်ထားတဲ့ လက်ရှိယူကရိန်းရှေ့တန်းက မျိုးစောင့်စစ်တပ် ဝက်ဂနာ အုပ်စုကို ပူးပေါင်းထူထောင်ထားသူ ပရီဂိုဇင်ကိုယ်တိုင်က ရှေ့ဆုံးက တိုက်ရတဲ့သူ့တပ်တွေထံ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ နောက်ပိုင်းရောက်မလာတော့ကြောင်း၊ သူ့သီးသန့်တပ်ဆီကိုသာမက ရုရှားစစ်တပ်တွေဆီ ကိုပါ လက်နက်ခဲယမ်း ရိက္ခာတွေ လုံလောက်အောင်မရောက်လာလို့ အားလုံး ပျက်စီးခြင်းငါးပါးနဲ့ ကြုံရနိုင်တယ် လို့ လူသိရှင်ကြားဖွင့်ပြောခဲ့တော့ ဒီသတင်းဟာ ယုံကြည့်ထိုက်တဲ့သတင်းဖြစ်နေတယ်။

နေတိုး စစ်ဘက်ဆိုင်ရာကော်မတီ အကြံပေးရော့ဘ်ဘေယာက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအထိ ရုရှားဟာ ယူကရိန်းစစ်ပွဲအတွက် လက်နက်ခဲယမ်းတွေ လုံလောက်အောင် ထုတ်ပေးနေနိုင်သေးကြောင်း၊ အဲဒီနောက်ပိုင်း ရုရှားရဲ့ လက်နက်ထုတ်လုပ်မှုအတွက် အဓိက ကုန်ကြမ်းတွေရောင်းတဲ့ အနောက်နိုင်ငံပေါင်းများစွာက ပိတ်ဆို့ အရေးယူမှုတွေကို အလုံးအရင်းလုပ်လာမှုကြောင့် လက်နက်ထုတ်စနစ်တွေ မလည်ပတ်နိုင်တော့ကြောင်း အခိုင်အမာ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ရုရှားဟာ လက်နက်ခဲယမ်းတွေရဖို့ အီရန်၊ မြောက်ကိုရီးယားသာမက မြန်မာဆီကပါ ဝယ်ဖို့ ကြိုးစား နေရပါပြီဆိုတဲ့သတင်းတွေ ထက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ရုရှားနဲ့ မဟာမိတ်ဖြစ်တဲ့ အီရန်အစိုးရက သူတို့ ဒရုန်းတွေနဲ့ယူကရိန်းစစ်မြေပြင်မှာ ရုရှားတိုက်ခိုက်နေတာ အားလုံးအသိအနေအထားမှာတောင် ရုရှားကို လက်နက်မရောင်းဘူးလို့ ငြင်းဆိုထားတယ်။ ခုလည်းမရောင်းသလို နောက်လည်း မရောင်းဘူးတဲ့။ ယူကရိန်း ဗိုလ်ချုပ် ဘူဒါနော့ဗ်ကတော့ ရုရှားအပေါ် လက်နက်အများဆုံးရောင်းနေတဲ့နိုင်ငံဟာ အီရန်သာဖြစ်တယ်။ ရောင်းချမှုပမာဏ အနည်းနဲ့အများသာ အတိအကျမသိနိုင်ပေမယ့် အီရန်က ရုရှားကို လက်နက်အများဆုံး ရောင်းချပေးနေတာလို့ မြောက်ကိုရီးယားက ရတဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ သိရတယ် လို့ ပြောဆိုခဲ့ပါတယ်။

ဘူဒါနော့ဗ်က “ရုရှားဟာ ဘယ်သူ့ဆီက ဘယ်လိုလက်နက်မျိုးကိုမဆို ဝယ်ချင်နေတယ်။ သူတို့ပြဿနာက ရွေးစရာလမ်းမရှိတော့ဘူး။ ရုရှားက လူတိုင်းဟာ ဆားဘီးယားဆီက လက်နက်တွေ အစုလိုက်အပြုံလိုက် ဝယ်နိုင် ဖို့မျှော်လင့်ထားကြပေမယ့် ငြင်းဆန်ခံလိုက်ရလို့ တော်တော် စိတ်ဓာတ်ကျသွားတယ်။ ဒါကြောင့် လက်နက် အလုံး အရင်းရဖို့ တတိယကြားခံနိုင်ငံတစ်ခုဆီ ဦးလှည်ကြိုးစားဖို့ပြင်နေတယ်။ ဒါကြောင့် မြန်မာဆီက ဆက်နွယ်ပြီး ရရှိ နိုင်ဖို့ ကြိုးစားနေတယ်ပြောရတာပါ။ အချိန်တစ်ခုအတွင်း ဘာတွေဖြစ်မလဲ စောင့်ကြည့်ရမှာပဲ” လို့ ဖွင့်ဟတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့ မြန်မာ စစ်ကောင်စီ ပူးပေါင်းသွားမယ့်အရေးကို NUG က စိုးရိမ်ကြောင်းလည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ကျော်ဇောက VOA မှာ ပြောဆိုသွားပါတယ်။ “ရုရှားဟာ မြန်မာ စစ်ကောင်စီနဲ့ ခရိုနီတွေကို ကြားခံအဖြစ် အသုံးပြုပြီး တခြားနိုင်ငံတွေက လက်နက်တွေ ဝယ်သွားမှာကို စိုးရိမ်မိပါတယ်။ မြန်မာစစ်ကောင်စီမှာ ရုရှားကို ထောက်ပံ့ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်အဆင့်အတန်းမရှိပါဘူး။ အနောက် နိုင်ငံတွေက မြန်မာစစ်ကောင်စီကိုလည်း ပစ်မှတ်ထားပိတ်ဆို့အရေးယူထားတာဖြစ်ပေမယ့် ယိုပေါက်တွေအများ ကြီးက ရှိနေလို့ ထိရောက်မှုမရှိတာ သိကြမှာပါ။ ဒီယိုပေါက်တွေကို အသုံးချပြီး ရုရှားနဲ့ စစ်ကောင်စီပူးပေါင်းလုပ် ဆောင်ခဲ့ရင် သူတို့အတွက် လူသတ်ဖို့ ငွေကြေးတွေ အများကြီး ရရှိသွားမယ်” လို့ စိုးရိမ်စရာဆိုခဲ့တယ်။

တရုတ်က ရုရှားကို လက်နက်မထောက်ပံ့၊ မရောင်းချဘူးလို့ ကမ္ဘာကို ငြင်းဆိုထားတယ်။ ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယ အစိုးရပိုင်ကုမ္ပဏီတွေကပဲ မြန်မာစစ်ကောင်စီကို လက်နက်တွေ၊ လက်နက်ထုတ်ရာမှာ သုံးတဲ့ အမြှောက်ပြောင်း တွေ၊ နည်းပညာတွေ၊ အဝေးထိန်းလက်နက်ထိန်းချုပ်ရေးပစ္စည်းတွေကို အာဏာသိမ်းပြီးချိန်တစ်လျှောက် တင်ပို့ ရောင်းချနေခဲ့တဲ့သတင်းကို မကြာသေးခင်ကပဲ JFM က အခိုင်အမာ ထုတ်ဖော်တင်ပြခဲ့လို့ မြန်မာဟာ တရုတ်၊ အိန္ဒိယ၊ မြောက်ကိုရီးယား စတဲ့ နိုင်ငံတွေဆီကနေ ရုရှားကို သွားမယ့် လက်နက်တွေကို တတိယကြားခံနိုင်ငံအဖြစ် လက်ခံဝယ်ယူပေးတဲ့နိုင်ငံ ဖြစ်လာနိုင်ကြောင်း သုံးသပ်လိုက်ရပါတယ်။

(VOA ၏ Could Myanmar Be Implicated in Russia’s War Against Ukraine? ကို ဆီလျှော်အောင် ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်)

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now