မဲခေါင်၊ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ၁၂ ရပ်ကွက်၊ ဦးညီလှလမ်းတွင် အဆောက်အဦးဆောက်လုပ်ရန်အတွက် အုတ်မြစ်ချနေစဥ် မြေပြိုကျမှု ဒီကနေ့မနက် ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကမဲခေါင် သတင်းဌာနကို ပြောပါတယ်။
“မြေပြိုကျတော့လူတွေလည်းအများကြီးရောက်လာတယ်။ ခရမ်းမီးသတ်တပ်ဖွဲ့ဿယ်ဆယ်ရေးကားတွေရောက်လာတယ်။ အုတ်မြစ်ချဖို့လုပ်နေကျတာ။ မြေပြိုတော့သူတို့ကိုပိသွားတဲ့အနေအထားမျိုးဖြစ်သွားတာ ကံကောင်းပါတယ်လူသေဆုံးမှုတော့မရှိခဲ့ပါဘူး” လို့ သူကပြောပါတယ်။
မြေပြိုကျမှုကြောင့် အမျိုးသားနှစ်ဦးကို ခရမ်းမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ခဲ့ရပြီး အဆိုပါအမျိုးသားနှစ်ဦးကို ခရမ်းမြို့ပြည်သူ့ဆေးရုံကို တင်ပို့ပေးထားတယ်လို့ သိရပါတယ်။
MK-005








