မဲခေါင်၊ ဖေဖော်ဝါရီ ၃
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
အိုးဘိုထောင်တွင်း တရားရုံးက နိုင်ငံဘဏ္ဍာ အလွဲသုံးမှု ပုဒ်မ ၄၀၉ နဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင် နဲ့အတူ. မန္တလေး စည်ပင် ကော်မတီဝင် ဦးကျော်ဇေယျ ကိုပါ ထောင်ဒဏ် ၂ နှစ်ချလိုက်တာလို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင် နဲ့ စည်ပင် ကော်မတီဝင် ဦးကျော်ဇေယျ တို့ဟာ ဆူပူအောင် လှုံ့ဆော်မှုနဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ် ခံထားရတာပါ။
အဲဒီ ထောင်ဒဏ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အတွင်းမှာ လွှတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ဘဲ သူတို့ ၂ ဦး စည်ပင်တာဝန်ယူစဉ်က နိုင်ငံ့ဘဏ္ဍာ အလွဲသုံးတယ်ဆိုပြီး စွပ်စွဲကာ စစ်ကောင်စီက ထပ်မံ ပုဒ်မတိုးပြီး ဆက်လက် ထိန်းသိမ်းခဲ့တာလို့ သိရပါတယ်။
MK-003
#MeKongNews
#မန္တလေး
#ဒေါက်တာရဲလွင်
#စည်ပင်
#ထောင်ဒဏ်