မြန်မာ့နွေဦး

မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ကြားက ပြည်သူရာချီ စုပေါင်းချီတက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲ

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၁ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ကြားက ပြည်သူ ရာချီ စုပေါင်း ချီတက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင် ကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁

မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ကြားက ပြည်သူ ရာချီ စုပေါင်း ချီတက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မုံရွာ ပင်မသပိတ်နဲ့ လူထုအကျိုးပြု မြောင်လူငယ်ကွန်ရက်-YFC တို့ ပူးပေါင်း ဦးဆောင်ပြီး မြောင်မြို့နယ်ရှိ ကျေးရွာ အချို့မှာ “အဆုံးသတ်တိုက်ပွဲ ဆင်နွှဲဖို့ မြောင်နယ်သားတို့ စုရုံးစို့” ခေါင်းစဉ်နဲ့ ၄ နာရီခန့်ကြာအောင် သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ကုန်းကြောင်း၊ ရေကြောင်းနဲ့ မြောင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ကြားက မြောင် ပြည်သူလူထု ရာနဲ့ချီ စုဝေးချီတက်ပြီး စစ်အာဏာရှင်စနစ် အလိုမရှိ ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြတာပါ။

“ဒီနှစ်ထဲမှာ ပြည်သူအားလုံး တစ်သံတည်း ညီပြီး တချီတည်းနဲ့ စစ်ကျွန်ဘဝကနေ အပြတ်ရုန်းရမယ့် အချိန် ဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ပြည်သူပိုင် နေရာတွေ၊ ပြည်သူပိုင်လမ်းတွေကို လူထုအားနဲ့ ပြန်လည် သိမ်းပိုက်ဖို့ ဒီကနေ့ လူထုက အသင့်ဖြစ်နေတယ်ဆိုတာ သက်သေပြနေပါတယ်။ စစ်ရေးအရှိန် မြှင့်တင်လာမယ့် အချိန်မှာ ဟန်ချက်ညီတဲ့ လူထုလှုပ်ရှားမှုတွေ အချိန်ကိုက် ပြုလုပ်နိုင်ဖို့ အရေးကြီးတယ်” လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင် ကိုခန့်ဝေဖြိုးက ဟောပြာခဲ့ပါတယ်။

အဲဒီ သပိတ်တိုက်ပွဲသို့ မုံရွာ သပိတ်ခေါင်းဆောင် ကိုခန့်ဝေဖြိုး၊ မုံရွာ စီးပွားရေး တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဒုဥက္ကဋ္ဌ ကိုလွင်မိုးသန့်နဲ့ အထွေထွေ အတွင်းရေးမှူး နန်းဟေဟွာ၊ ရွှေဘို နည်းပညာ ကောလိပ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုထက်အောင်နဲ့ မြောင်လူငယ်ကွန်ရက်က မအမရာမှူး တို့မှ နိုင်ငံရေး၊ တော်လှန်ရေး ဆိုင်ရာ အကြောင်းအရာ တွေကို ဟောပြော တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-မုံရွာ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင် ကော်မတီ-Youths For Community-Myaung

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now