ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ BGF စခန်းကုန်း ၂ ခုကို မနေ့က သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒေသက စစ်ကောင်စီနဲ့ BGF အဖွဲ့တွေရဲ့ စခန်းတွေကို Kaw Thoo Lei Army ရဲ့ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး ဦးဆောင်တဲ့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းနဲ့ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်နေတာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းက အကြိမ် ၃၀ နဲ့အထက် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲတွေ အတွင်း Lion Battalion Commando- ဗျူဟာ စစ်ကြောင်းက ရဲဘော် တစ်ဦးနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် ၅ ဦး၊ စုစုပေါင်း ၆ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ BGF အဖွဲ့တွေဘက်က ထိခိုက် သေဆုံးမှုတွေ ရှိပေမယ့် အတိအကျ ထုတ်ပြန်တာ မရှိသေးဘူးလို့လည်း သိရပါတယ်။
ဒီကနေ့ ၄ ရက်မြောက် အဖြစ် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အတွက် စစ်ရေး အထောက်အပံ့ ပစ္စည်းတွေဖြစ်တဲ့ ကျည်နဲ့ခဲယမ်းတွေ အပြင် ရိက္ခာ၊ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။