နေ့စဥ်သတင်း

တန့်ယန်း ဗျူဟာကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး အရက်မူးရန်ဖြစ်ပြီး ပစ်ခတ်ကြရာမှ နှစ်ယောက်လုံး သေဆုံး

မဲခေါင် 27 Nov - 2026
မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းစခန်းအတွင်း အရက်သောက်စားရာမှ တပ်ဖွဲ့ဝင်အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး သေသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရက်အတူသောက်စားနေသည့် တပ်ဖွဲ့ဝင်နှစ်ဦးအကြား စကားများရာမှ ရန်ပွဲဖြစ်ပွားခဲ့ကာ သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း တန့်ယန်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ တပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး ကျန်တစ်ဦးမှာ တပ်သားအဆင့်ရှိသူဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ရင်းနှီးသူများဖြစ်သော်လည်း အရက်သောက်စားပြီးနောက် အချင်းချင်း ရန်ဖြစ်ကာ ယခုကဲ့သို့ ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း

မဲခေါင်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းစခန်းအတွင်း အရက်သောက်စားရာမှ တပ်ဖွဲ့ဝင်အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး သေသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရက်အတူသောက်စားနေသည့် တပ်ဖွဲ့ဝင်နှစ်ဦးအကြား စကားများရာမှ ရန်ပွဲဖြစ်ပွားခဲ့ကာ သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း တန့်ယန်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ တပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး ကျန်တစ်ဦးမှာ တပ်သားအဆင့်ရှိသူဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ရင်းနှီးသူများဖြစ်သော်လည်း အရက်သောက်စားပြီးနောက် အချင်းချင်း ရန်ဖြစ်ကာ ယခုကဲ့သို့ ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နှစ်ကောင်လုံး ဂန့်သွားတယ်။ အနီးကပ် ပစ်ကြတာ ရင်ဘတ်ကနေ နောက်ကြောပေါက်ထွက်”ဟု ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်ကပြောသည်။

တန့်ယန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း အရက်သောက်စားပြီး ရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ ယခုတစ်ကြိမ်တည်း မဟုတ်ဘဲ ယခုလအတွင်း နောက်ထပ်ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်ကလည်း တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာအုပ်စု၊ မိုင်းကောင်ကျေးရွာရှိ ခလရ ၃၃ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါ ခလရ ၃၃ စစ်ဆေးရေးဂိတ်ကို ဦးသိန်းဝင်း ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားခြင်းဖြစ်ပြီး မိုင်းကောင်ကျေးရွာ နမ့်ပန်ချောင်းဆင်းလမ်းဘက်တွင် တည်ရှိသည်။ ယင်းဖြစ်စဉ်တွင်လည်း အရက်အတူသောက်စား မူးယစ်ရာမှ ရန်ဖြစ်ကာ တစ်ဦးက ဓားဖြင့် ထထိုးသည်ကို တစ်ဦးကသေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်။

#MeKongNews
#တန့်ယန်း
#ဗျူဟာကုန်း
#စစ်ကောင်စီ
#ပစ်ခတ်
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျားဖြန့်နှင့် အွန်လိုင်းဂိမ်း လုပ်ကိုင်သူ ၃၅ ဦး ဖမ်းမိဟု ထုတ်ပြန်၊ ထိုင်းနိုင်ငံသား ၂၆ ဦး ပါဝင်

မဲခေါင်၊ နိုဝင်ဘာ ၂၇ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ကျားဖြန့်နှင့် အွန်လိုင်းဂိမ်းလုပ်ကိုင်နေသူ တရားမဝင် ထိုင်းနိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ်မြို့နယ်တွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀၀ ခန့် အကူအညီလိုအပ်နေ

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း ကင်းချောင်း၊ ပေကုန်းနှင့် သစ်ဆိမ့်ကုန်းဘက်ရှိ စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့်သည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လောက်ကိုင်တွင် ကျားဖြန့် ၁၀၀ ခန့် ဖမ်းဆီးခံရ၊ လွတ်မြောက်ရန် အဆောက်အအုံပေါ်မှ ခုန်ချသဖြင့် ၁ ဦး သေဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) နှင့် ဆက်စပ်သူများကို နိုဝင်ဘာ ၂၄ ရက်မှစတင်ကာ အင်တိုက်အားတိုက် ဖမ်းဆီးနေရာ ယနေ့ (နိုဝင်ဘာ ၂၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ၃ ရက်ကြာ ကျင်းပမည်၊ ဈေးဆိုင်တစ်ခန်း ဘတ် ၂,၅၀၀ သတ်မှတ်

မဲခေါင်၊ နိုဝင်ဘာ ၂၇ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရှမ်းပြက္ခဒိန် ၂၁၂၁ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို လာမည့် ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်အတွင်း ရောင်းချမည့် ဈေးဆိုင်ခန်းများကိုလည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PDF နှင့်ပတ်သက်သည်ဟု စွပ်စွဲကာ ရွာငံတွင် စစ်တပ်က နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီး

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ရွာတွင် PDF နှင့်ပတ်သက်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သေနတ်ရမ်းသမ်းပစ်ခတ်ပြီး အရပ်သားနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၂၄ ရက် ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျပ်ငွေတန်ဖိုး အတက်အကျ မြန်နေသဖြင့် ထိုင်းဘတ်ငွေသုံး ရှမ်းအရှေ့မြို့များတွင် အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ လဲလှယ်ရာတွင် ငွေလဲနှုန်း အတက်အကျ မြန်ဆန်နေသဖြင့် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့များရှိ ဒေသခံများထံမှ သိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂၆ ) ညနေပိုင်းက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလောတွင် ကုန်စိမ်းကား တိမ်းမှောက်ပြီး ယာဉ်မောင်း စိုးရိမ်ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်၊ ကလောမြို့နယ်၊ ကလော-အောင်ပန်းသွား လမ်းမကြီးပေါ်တွင် ကုန်စိမ်းတင်ဆောင်လာသည့် ၆ ဘီးကားတစ်စီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းတစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။ နိုဝင်ဘာ ၂၆ ရက် ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်ဆေးမှုနှင့် ပတ်သက်သူ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး UWSA က တရုတ်ဘက်သို့ လွှဲပြောင်းပေး

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ တရုတ်ဘက်က ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရုတ်နိုင်ငံသားတစ်ဦးကို “ဝ”တပ် (UWSA) က ဖမ်းဆီးပြီး တရုတ်အာဏာပိုင်များထံ လွဲပြောင်းပေးလိုက်သည်ဟု သတင်းထုတ်ပြန်သည်။ အဆိုပါမူးယစ်တရားခံကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် လွဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ရဲတပ်ဖွဲ့တာဝန်ရှိသူများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now