နေ့စဥ်သတင်း

မူးယစ်ဆေးမှုနှင့် ပတ်သက်သူ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး UWSA က တရုတ်ဘက်သို့ လွှဲပြောင်းပေး

မဲခေါင် 27 Nov - 2026
မဲခေါင်၊ နိုဝင်ဘာ ၂၇ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ တရုတ်ဘက်က ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရုတ်နိုင်ငံသားတစ်ဦးကို “ဝ”တပ် (UWSA) က ဖမ်းဆီးပြီး တရုတ်အာဏာပိုင်များထံ လွဲပြောင်းပေးလိုက်သည်ဟု သတင်းထုတ်ပြန်သည်။ အဆိုပါမူးယစ်တရားခံကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် လွဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ရဲတပ်ဖွဲ့တာဝန်ရှိသူများက အမှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ ကိုယ်ရေးအချက်အလက်များနှင့် သက်သေအထောက်အထားများကို စစ်ဆေးအတည်ပြုပြီးနောက် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ အဆိုပါအမှုနှင့် ပတ်သက်သူကို တရုတ်ဘက်က တရားဝင်စာပေးပို့၍ ဖမ်းဆီးပေးရန် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး အကြောင်းကြားစာရရှိပြီးနောက် “ဝ”တပ်ဖွဲ့ တရားရေးဌာနက သက်ဆိုင်ရာတပ်ဖွဲ့ဝင်များကို စေလွှတ်ကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဖမ်းဆီးလွှဲပြောင်းမှုသည် နယ်စပ်ဖြတ်ကျော်မှုခင်းများကို နှိမ်နင်းရေးနှင့် နှစ်ဖက်ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း “ဝ”တပ်ဖွဲ့တရားရေးဌာနက ဆိုသည်။ ထို့အပြင် မူးယစ်ဆေးဝါးမှုများအပေါ်

မဲခေါင်၊ နိုဝင်ဘာ ၂၇

မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ တရုတ်ဘက်က ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရုတ်နိုင်ငံသားတစ်ဦးကို “ဝ”တပ် (UWSA) က ဖမ်းဆီးပြီး တရုတ်အာဏာပိုင်များထံ လွဲပြောင်းပေးလိုက်သည်ဟု သတင်းထုတ်ပြန်သည်။

အဆိုပါမူးယစ်တရားခံကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် လွဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ရဲတပ်ဖွဲ့တာဝန်ရှိသူများက အမှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ ကိုယ်ရေးအချက်အလက်များနှင့် သက်သေအထောက်အထားများကို စစ်ဆေးအတည်ပြုပြီးနောက် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်သူကို တရုတ်ဘက်က တရားဝင်စာပေးပို့၍ ဖမ်းဆီးပေးရန် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး အကြောင်းကြားစာရရှိပြီးနောက် “ဝ”တပ်ဖွဲ့ တရားရေးဌာနက သက်ဆိုင်ရာတပ်ဖွဲ့ဝင်များကို စေလွှတ်ကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖမ်းဆီးလွှဲပြောင်းမှုသည် နယ်စပ်ဖြတ်ကျော်မှုခင်းများကို နှိမ်နင်းရေးနှင့် နှစ်ဖက်ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း “ဝ”တပ်ဖွဲ့တရားရေးဌာနက ဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါးမှုများအပေါ် လုံးဝသည်းမခံသည့် မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု လမ်းကြောင်းများနှင့် ကွန်ရက်များကို ဖြတ်တောက်နိုင်ရန် တရုတ်အာဏာပိုင်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“မူးယစ်ဆေးဝါး မပပျောက်သေးသရွေ့ နှိမ်နင်းမှုကိုလည်း မရပ်တန့်” ဟူသည့် မူဝါဒဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း “ဝ”တပ်ဖွဲ့တရားရေးဌာနက ထုတ်ပြန်ချက်တွင်ပြောသည်။

“ဝ”တပ်ဖွဲ့-UWSA ၏ တရားရေးကော်မတီသည် တရုတ်ဘက်မှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကိုလည်း နိုဝင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့သေးသည်။

#MeKongNews
#UWSA
#တရုတ်
#မူးယစ်ဆေး
#လွှဲပြောင်း
#ဝတပ်ဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျားဖြန့်နှင့် အွန်လိုင်းဂိမ်း လုပ်ကိုင်သူ ၃၅ ဦး ဖမ်းမိဟု ထုတ်ပြန်၊ ထိုင်းနိုင်ငံသား ၂၆ ဦး ပါဝင်

မဲခေါင်၊ နိုဝင်ဘာ ၂၇ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ကျားဖြန့်နှင့် အွန်လိုင်းဂိမ်းလုပ်ကိုင်နေသူ တရားမဝင် ထိုင်းနိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ်မြို့နယ်တွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀၀ ခန့် အကူအညီလိုအပ်နေ

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း ကင်းချောင်း၊ ပေကုန်းနှင့် သစ်ဆိမ့်ကုန်းဘက်ရှိ စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့်သည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လောက်ကိုင်တွင် ကျားဖြန့် ၁၀၀ ခန့် ဖမ်းဆီးခံရ၊ လွတ်မြောက်ရန် အဆောက်အအုံပေါ်မှ ခုန်ချသဖြင့် ၁ ဦး သေဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) နှင့် ဆက်စပ်သူများကို နိုဝင်ဘာ ၂၄ ရက်မှစတင်ကာ အင်တိုက်အားတိုက် ဖမ်းဆီးနေရာ ယနေ့ (နိုဝင်ဘာ ၂၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ၃ ရက်ကြာ ကျင်းပမည်၊ ဈေးဆိုင်တစ်ခန်း ဘတ် ၂,၅၀၀ သတ်မှတ်

မဲခေါင်၊ နိုဝင်ဘာ ၂၇ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရှမ်းပြက္ခဒိန် ၂၁၂၁ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို လာမည့် ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်အတွင်း ရောင်းချမည့် ဈေးဆိုင်ခန်းများကိုလည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PDF နှင့်ပတ်သက်သည်ဟု စွပ်စွဲကာ ရွာငံတွင် စစ်တပ်က နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီး

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ရွာတွင် PDF နှင့်ပတ်သက်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သေနတ်ရမ်းသမ်းပစ်ခတ်ပြီး အရပ်သားနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၂၄ ရက် ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျပ်ငွေတန်ဖိုး အတက်အကျ မြန်နေသဖြင့် ထိုင်းဘတ်ငွေသုံး ရှမ်းအရှေ့မြို့များတွင် အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ လဲလှယ်ရာတွင် ငွေလဲနှုန်း အတက်အကျ မြန်ဆန်နေသဖြင့် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့များရှိ ဒေသခံများထံမှ သိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂၆ ) ညနေပိုင်းက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလောတွင် ကုန်စိမ်းကား တိမ်းမှောက်ပြီး ယာဉ်မောင်း စိုးရိမ်ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်၊ ကလောမြို့နယ်၊ ကလော-အောင်ပန်းသွား လမ်းမကြီးပေါ်တွင် ကုန်စိမ်းတင်ဆောင်လာသည့် ၆ ဘီးကားတစ်စီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းတစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။ နိုဝင်ဘာ ၂၆ ရက် ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တန့်ယန်း ဗျူဟာကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး အရက်မူးရန်ဖြစ်ပြီး ပစ်ခတ်ကြရာမှ နှစ်ယောက်လုံး သေဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းစခန်းအတွင်း အရက်သောက်စားရာမှ တပ်ဖွဲ့ဝင်အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး သေသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now