နေ့စဥ်သတင်း

မိုင်းလားတွင် မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေပြီး ဒဏ်ကြေးနှင့်ယာဉ်မောင်းလိုင်စင် အောင်မြင်မှသာ ပြန်လည်ထုတ်ပေးနေ

မဲခေါင် 1 Oct - 2026
မဲခေါင်၊၊ အောက်တိုဘာ ၁ ​အထူးဒေသ (၄) မိုင်းလားမြို့တွင် စည်းကမ်းပျက်ကွက်သည့် မော်တော်ဆိုင်ကယ်နှင့် မော် တော်ယာဉ်များကို တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးလျက်ရှိပြီး သိမ်းဆည်းခံရသည့် ယာဉ်များကို ပြန်လည်ရွေးယူရန်အတွက် အမှုအလိုက် ကျသင့်ဒဏ်ကြေးနှင့် ယာဉ်မောင်းလိုင်စင် စာမေးပွဲ အောင်မြင်မှသာ ပြန်လည်ထုတ်ပေးသည့် စနစ်အား ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ ​မြို့တွင်း သွားလာလှုပ်ရှားမှုများတွင် စစ်ဆေးရေးဂိတ်များ ခွဲခြား၍ နေ့စဉ် မကြာခဏ စစ်ဆေးလျက်ရှိရာ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ ယာဉ်နံပါတ်ပြား မတပ်ဆင်ထားခြင်း၊ ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် မရှိခြင်း စသည့် လိုအပ်ချက်များအပေါ် မူတည်၍ ဒဏ်ကြေး ပမာဏ ကွာခြားမှုများ ရှိနေသည်။ ​စည်းကမ်းပျက်ကွက်မှု

မဲခေါင်၊၊ အောက်တိုဘာ ၁

​အထူးဒေသ (၄) မိုင်းလားမြို့တွင် စည်းကမ်းပျက်ကွက်သည့် မော်တော်ဆိုင်ကယ်နှင့် မော် တော်ယာဉ်များကို တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးလျက်ရှိပြီး သိမ်းဆည်းခံရသည့် ယာဉ်များကို ပြန်လည်ရွေးယူရန်အတွက် အမှုအလိုက် ကျသင့်ဒဏ်ကြေးနှင့် ယာဉ်မောင်းလိုင်စင် စာမေးပွဲ အောင်မြင်မှသာ ပြန်လည်ထုတ်ပေးသည့် စနစ်အား ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

​မြို့တွင်း သွားလာလှုပ်ရှားမှုများတွင် စစ်ဆေးရေးဂိတ်များ ခွဲခြား၍ နေ့စဉ် မကြာခဏ စစ်ဆေးလျက်ရှိရာ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ ယာဉ်နံပါတ်ပြား မတပ်ဆင်ထားခြင်း၊ ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် မရှိခြင်း စသည့် လိုအပ်ချက်များအပေါ် မူတည်၍ ဒဏ်ကြေး ပမာဏ ကွာခြားမှုများ ရှိနေသည်။

​စည်းကမ်းပျက်ကွက်မှု မရှိဘဲ ပုံမှန် မော်တော် ဆိုင်ကယ်လိုင်စင် ပြုလုပ်ပါက တရုတ်ယွမ်ငွေ ၆၀၀ ကျော်ခန့်သာ ကျသင့်သော်လည်း ဦးထုပ်မဆောင်းခြင်း၊ နံပါတ်ပြားနှင့် လိုင်စင်များ မရှိခြင်း စသည့် ပြစ်မှုအများအပြား ပါဝင်ပါက ဒဏ်ကြေးနှင့် လိုင်စင်ပြုလုပ်ခ စုစုပေါင်း ယွမ် ၁,၀၀၀ ကျော်မှ ၁,၅၀၀ အထိ ကုန်ကျနိုင်ကြောင်း သိရသည်။

သို့သော် လိုင်စင်နှင့် ဦးထုပ်မှလွဲ၍ အခြားအချက်အလက် ပြည့်စုံသူများအတွက်မူ အနည်းဆုံး ဒဏ်ကြေး ယွမ် ၂၀၀ ခန့်သာ ကျသင့်မည်ဖြစ်သည်။

“ဦးထုပ်လည်း မဆောင်းဘူး၊ နံပါတ်ပြားလည်း မပါဘူး၊ ယာဥ်မောင်းလိုင်စင်လည်း မရှိဘူးဆိုရင် အဲဒါဆိုရင်တော့ အနည်းဆုံး ၁၀၀၀ ကျော် ကျတာပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။

​ထို့အပြင် ဖမ်းဆီးခံရသည့် ယာဉ်များကို ပြန်လည်ရွေးယူလိုပါက မိုင်းလား မော်တော် ယာဉ်လိုင်းများ စီမံခန့်ခွဲရေးရုံး (ကညန) ၌ ယာဉ်မောင်းလိုင်စင် စာမေးပွဲနှင့် မောင်းနှင်မှု ကျွမ်းကျင်မှုကို စစ်ဆေးခံရပြီး အောင်မြင်မှသာ ပြန်လည်ထုတ်ပေးလျက်ရှိသည်။

သို့ဖြစ်၍ ဒဏ်ကြေးနှင့် စာမေးပွဲ အခက်အခဲများကြောင့် တန်ဖိုးနည်း သို့မဟုတ် ဟောင်းနွမ်းနေသည့် ဆိုင်ကယ်များကို ပြန်လည်မရွေးယူတော့ဘဲ စွန့်လွှတ်လိုက်ကြသူများလည်း ရှိနေသည်။ ပြန်မရွေးယူသည့် ဆိုင်ကယ်များကို တာဝန်ရှိသူများက တစ်နှစ်လျှင် တစ်ကြီခန့် ရောင်းချလေ့ရှိသည်။

မိုင်းလား ကညန ကွင်းအတွင်း ဖမ်းဆီးထားသည့် ဆိုင်ကယ် ရာချီရှိနေသည်ကိုလည်း သိရသည်။

​လက်ရှိတွင် နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် တရုတ်နိုင်ငံဘက်မှ ခရီးသွားများနှင့် ကာစီနိုကစားသူများ ဝင်ရောက်မှု လျော့နည်းသွားသည့်အတွက် မိုင်းလားမြို့ရှိ စီးပွားရေးလုပ်ငန်းများနှင့် ဆိုင်ခန်းအများအပြား ပိတ်သိမ်းထားရပြီး မြို့တွင်း ကုန်သွယ်မှုနှင့် သွားလာမှုများ နည်းပါးကာ ခြောက်ကပ်လျက်ရှိကြောင်း သိရသည်။

#MeKongNews
#မိုင်းလား
#မော်တော်ယာဥ်
#ဒဏ်ကြေး
#လိုင်စင်
#အထူးဒေသလေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now