ဒီကနေ့ နေ့လယ် ၁ နာရီ ၅၅ မိနစ်က ဆောမြို့နယ်၊ ညောင်ကန်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အစည်းအဝေး လုပ်နေတယ် ဆိုတဲ့ သတင်းကြောင့် Jet Fighter-A5 အမျိုးအစား လေယာဉ်နဲ့ ဒုံကျည် အပါအဝင် စက်သေနတ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စစ်လေယာဉ်ဟာ ညောင်ကန်ရွာနဲ့ ကျင်းလိန်ရွာကို ပစ်ခတ်ခဲ့ပြီး ညောင်ကန်ရွာကို ဗုံး ၃ လုံး ချခဲ့ရာ အိမ်အချို့ ပျက်စီးကာ နေအိမ်အတွင်း ပြည်သူတွေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိဖြစ်စဉ် အသေးစိတ်နဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မဲခေါင်သတင်း အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။