မြန်မာ့နွေဦး

ရန်ကုန်မှာ စစ်ကောင်စီကျင်းပတဲ့ စက်ဘီးပြိုင်ပွဲ နေ့စားဝင်နင်းသူတွေ ထက်ဝက်ခန့်ပါ

မဲခေါင် 27 Dec - 2022
ရန်ကုန်တိုင်းအတွင်း ၇၅ နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြိုအဖြစ် စစ်ကောင်စီက ကျင်းပတဲ့ ခရိုင်အဆင့် ကျား/မ စက်ဘီးစီးပြိုင်ပွဲမှာ လာရောက်ယှဥ်ပြိုင်သူထက်ဝက်ခန့်ဟာ နေ့စားဝင်ရောက်လာနင်းသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပြိုင်ပွဲကို ဒီနေ့ဒီဇင်ဘာ၂၇ ရက် မနက်ပိုင်းကကျင်းပခဲ့တာဖြစ်ပြီး ခရေပင်လမ်းခွဲကနေ စမ်းချောင်းမြို့နယ်အထိ သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်စက်ဘီးသမားတွေက အဝါရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြိုင်ပွဲအောင်မြင်လား၊ မအောင်မြင်ဘူးလားကတော့ လူတိုင်းသိပါတယ်။ လမ်းတွေပိတ်တော့ ရုံးသွားရတဲ့သူတွေတော့ ဒုက္ခအတော်ရောက်ကြတယ်။ လူဆယ်ဂဏန်းလောက်နဲ့ ပြိုင်ပွဲလုပ်နေသေးတယ်။ တကယ်စီးတဲ့သူတွေနည်းပါတယ်။ ကျွန်တော်တို့လည်း စက်ဘီးလောကမှာရှိတော့ သိတယ်။ တစ်ချို့ဆို ပြိုင်ပွဲရောက်မှ ခုလိုစက်ဘီးနင်းဖူးတဲ့သူတောင် ပါသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်ဘီးပြိုင်ပွဲဝင်တွေအတွက် စစ်ကောင်စီက ပြည်လမ်းတစ်လျောက် လုံခြုံရေးအင်အားရာကျော် အသုံးပြုထားပြီး အရေးပေါ်လူနာတင်ယာဥ်တွေနဲ့ သူနာပြုတွေကိုလည်း လမ်းဆုံတိုင်းမှာထားရှိထားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

စက်ဘီးပြိုင်ပွဲကျင်းပနေတဲ့အတွက် ပြည်လမ်းမကနေသွားနေတဲ့ YBSယာဥ်တွေ သွားလို့မရတော့ဘဲ မြောက်ဥက္ကလာပဘက်နဲ့ ဗဟိုလမ်းဘက်တို့ကနေသာ သွားလာလို့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now