နေ့စဥ်သတင်း

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး အပါအဝင် မြန်မာ့အရေး အချက် ၉ ချက် ပြည်တွင်း နိုင်ငံရေးအင်အားစု PCB တောင်းဆို

မဲခေါင် 31 Mar - 2026
မဲခေါင်၊ မတ် ၃၁ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body – PCB) က​ မြန်မာ့နိုင်ငံရေးအကျပ် အတည်းဖြေရှင်းရေး အချက် ၉ ချက်ကို ယနေ့ မတ် ၃၁ ရက်တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။ ယင်း PCB အဖွဲ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် – SNLD ပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှတို့က ဦးဆောင် ပါဝင်ထားသည်။ ထုတ်ပြန်ချက်ပါ အချက်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ လူငယ်များကို ပေါ်တာဆွဲခြင်းနှင့်စစ်မှုထမ်းခိုင်းခြင်း မပြုလုပ်ရန်၊ အရပ်သားများ ထိခိုက်စေမည့်

မဲခေါင်၊ မတ် ၃၁

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body – PCB) က​ မြန်မာ့နိုင်ငံရေးအကျပ် အတည်းဖြေရှင်းရေး အချက် ၉ ချက်ကို ယနေ့ မတ် ၃၁ ရက်တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။

ယင်း PCB အဖွဲ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် – SNLD ပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှတို့က ဦးဆောင် ပါဝင်ထားသည်။

ထုတ်ပြန်ချက်ပါ အချက်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ လူငယ်များကို ပေါ်တာဆွဲခြင်းနှင့်စစ်မှုထမ်းခိုင်းခြင်း မပြုလုပ်ရန်၊ အရပ်သားများ ထိခိုက်စေမည့် စစ်ရေး ဆောင်ရွက်ချက်များနှင့် ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ၊ ကျောင်းများကို တိုက်ခိုက်ခြင်းများ ရှောင်ရှားရန်၊ CDM များအပေါ် အရေးယူမှုများ မလုပ်ရန်နှင့် ပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်၊ အသက်မွေးဝမ်း ကျောင်းခွင့်များကို မပိတ်ပင်ရန်၊ စစ်ဘေးသင့် ပြည်သူများအား ကုစားပေးရေးနှင့် လူသားချင်းစာနာမှု အကူအညီများအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ ပါဝင်သည်။

ထို့ပြင် ပြည်ပရောက် အင်အားစုများ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မည့် အခင်းအကျင်း ဖော်ဆောင်ရန် သက်ဆိုင်သူအားလုံး ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကြိုးပမ်းရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရန် အာဆီယံ၊ ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန်တို့ကို တောင်းဆိုထားသည်။

ထို့နောက် တိုင်းပြည်၏ အရင်းခံ ပြဿနာများကို ဖြေရှင်းနိုင်ရန်မှာ နိုင်ငံသားအားလုံး၏ အခြေခံ လူ့အခွင့်အရေးများကို အာမခံပြီး၊ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းမှသာ ဖြစ်နိုင်မည်ဟု PCB က အလေးအနက် ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

PCB တွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် – SNLD ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရ တိုင်းရင်းသားပါတီများ ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီထံတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း မပြုခဲ့သည့် တိုင်းရင်းသား နိုင်ငံရေးပါတီများ ဖြစ်သည်။

မြန်မာပြည်တွင်းတွင် အခြေစိုက်ထားသော PCB အစုအဖွဲ့ အနေဖြင့် တိုင်းပြည်၏ အရင်းခံပြဿနာများကို ဖြေရှင်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မူဝါဒတူညီသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ၂၀၂၃ ခုနှစ်မှ စတင်ကာ ညှိနှိုင်းခဲ့ကြပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် PCB ကို ဖွဲ့စည်းခဲ့ကြသည်ဟု သိရှိရသည်။

PCB သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ပဋိပက္ခများကို ဖြေရှင်းရေး ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်မည့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#MeKongNews
#ဒေါ်အောင်ဆန်းစုကြည်
#လွှတ်ပေးရေး
#မြန်မာ့အရေး
#နိုင်ငံရေးအင်အားစု
#PCB

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now