ကမ္ဘာ့သတင်း

ဟောမုဇ်ရေလက်ကြားတွင် ရေမြှုပ်မိုင်း ခင်းထားသော် ထွက်လမ်းတစ်ခု အီရန် ပေးထား

မဲခေါင် 25 Mar - 2026
မဲခေါင်၊ မတ် ၂၅ အီရန်သည် ကမ္ဘာ့ရေနံတင်ပို့မှု ၂၀ ရာခိုင်နှုန်း၊ သဘာ၀ဓာတ်ငွေ့ရည် ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ မိုင် ၁၄၀ ရှည်သော ဟော်မုဇ်ရေလက်ကြားတွင် ရေမြုပ်မိုင်းများ ခင်းထားသော်လည်း ပဏ္ဏာသင့်သည့် နိုင်ငံများမှ ရေနံတင်သင်္ဘောများ ယခုတစ်ပတ်အတွင်း ၎င်းခွင့်ပြုချက်ဖြင့် ဖြတ်သန်း ကျော်ဖြတ်သွားနိုင်သောကြောင့် မိုင်းလွတ်ကင်းသည် လမ်းတစ်လမ်း ချန်ထားသည်မှာ သေချာသည်ဟု အမေရိကန်နှင့် ယူကေတို့က ယုံကြည်နေသည်။ အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်နေသဖြင့် အီရန်ဘက်ကလည်း အိမ်နီးချင်းနိုင်ငံများရှိ ရေနံလှောင်ရုံများ တည်ရှိရာ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေကာ ကမ္ဘာ့ရေနံစျေးကွက် ပြိုလဲစေရန် ကြိုးစားနေပြီး ဟောမုဇ်ရေလက်ကြားတွင်လည်း ရေမြှုပ်မိုင်းများစွာ ခင်းထားသဖြင့် ရေနံနှင့် ကုန်တင်သင်္ဘောများစွာ ယင်းရေလက်ကြားထိပ်၌ ရက်ပေါင်းများစွာ

မဲခေါင်၊ မတ် ၂၅

အီရန်သည် ကမ္ဘာ့ရေနံတင်ပို့မှု ၂၀ ရာခိုင်နှုန်း၊ သဘာ၀ဓာတ်ငွေ့ရည် ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ မိုင် ၁၄၀ ရှည်သော ဟော်မုဇ်ရေလက်ကြားတွင် ရေမြုပ်မိုင်းများ ခင်းထားသော်လည်း ပဏ္ဏာသင့်သည့် နိုင်ငံများမှ ရေနံတင်သင်္ဘောများ ယခုတစ်ပတ်အတွင်း ၎င်းခွင့်ပြုချက်ဖြင့် ဖြတ်သန်း ကျော်ဖြတ်သွားနိုင်သောကြောင့် မိုင်းလွတ်ကင်းသည် လမ်းတစ်လမ်း ချန်ထားသည်မှာ သေချာသည်ဟု အမေရိကန်နှင့် ယူကေတို့က ယုံကြည်နေသည်။

အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်နေသဖြင့် အီရန်ဘက်ကလည်း အိမ်နီးချင်းနိုင်ငံများရှိ ရေနံလှောင်ရုံများ တည်ရှိရာ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေကာ ကမ္ဘာ့ရေနံစျေးကွက် ပြိုလဲစေရန် ကြိုးစားနေပြီး ဟောမုဇ်ရေလက်ကြားတွင်လည်း ရေမြှုပ်မိုင်းများစွာ ခင်းထားသဖြင့် ရေနံနှင့် ကုန်တင်သင်္ဘောများစွာ ယင်းရေလက်ကြားထိပ်၌ ရက်ပေါင်းများစွာ သောင်တင်နေသည်။

အိန္ဒိယ၊ တူရကီနှင့် ပါကစ္စတန်တို့မှ ရေနံတင် သင်္ဘောများမှာမူ အလွန်အန္တရာယ်များသော ယင်းရေလက်ကြားမှ ပြီးခဲ့သည့် ရက်များအတွင်း ဘေးကင်းစွာ ဖြတ်ကျော်သွားနိုင်မှုကို ကြည့်လျှင် အီရန်သည် ဆက်ဆံရေး အဆင်ပြေသည့် နိုင်ငံများမှ ရေနံတင်သင်္ဘောများ ပေးသွားရန် ရေမြှုပ်မိုင်း လွတ်ရာ လမ်းကြောင်းငယ်တစ်ခုကို ထားရှိပေးထားမည်ဟု အမေရိကန်နှင့် ယူကေအစိုးရအကြီးအကဲများက ယုံကြည်ထားကြသည်။

အီရန် အတွင်းလူတစ်ဦးကလည်း ရေမြှုပ်မိုင်း ခင်းထားခြင်းမှာ ရေလက်ကြားတစ်ခုလုံးအပြည့်မဟုတ်ဘဲ ထွက်ပေါက်လမ်းချန်ထားပေးသည်ဟု The Times သို့ပြောသွားခဲ့သည်။

အီရန်အနေဖြင့် ၄၈ နာရီအတွင်း ရေလက်ကြားအား အပြည့်အစုံ ပြန်မဖွင့်ပေးပါက အီရန်၏ စွမ်းအင်အဆောက်အအုံများ အားလုံးကို ဖျောက်ဖျက်ရမည်ဟု ပြီးခဲ့သည့် မတ် ၂၁ ရက်တွင် ဒေါ်နယ်ထရမ့်က ရာဇသံပေးခဲ့သည်။

သို့သော် အချိန်စေ့ရန် နာရီပိုင်းအလိုတွင် အီရန်နိုင်ငံ၌ အယာတိုလာနေရာ ဆက်ခံသူ မဟုတ်သော်လည်း အမြင့်ဆုံးခေါင်းဆောင်တစ်ဦးသဖွယ် ဩဇာရှိသူနှင့် ဆွေးနွေးနေရာ အကျိုးဖြစ်ထွန်းစေသော နားလည်မှု ရရှိသောကြောင့် အီရန်စွမ်းအင် အဆောက်အအုံများကို နောက် ၅ ရက်အတွင်း မတိုက်ခိုက်သေးဟု မတ် ၂၂ ရက်တွင် ပြောခဲ့သည်။

သို့သော် အီရန်ဘက်က အမေရိကန်နှင့် ဆွေးနွေးမှုမရှိဘဲ သတင်းလိမ်သာ ဖြစ်သည်ဟုဆိုကာ နောက်ဆုံးရည်မှန်းချက် မအောင်မြင်မချင်း အနိုင်တိုက်ကာ ဆန့်ကျင်သွားမည်ဟု အစိုးရပြောခွင့်ရှိသူက ထပ်မံ သတိပေးခဲ့သည်။

နောက်ထပ် ပေးထားသည့် အချိန် ၅ ရက်သည် လာမည့်မတ် ၂၇ တွင် ပြည့်မြောက်မည်ဖြစ်ရာ ထိုရက်မှာပင် အရှေ့အလယ်ပိုင်းဒေသသို့ ဆိုက်ရောက်လာမည့် အမေရိကန်အထူးတပ်များ အီရန်ကျွန်းများကို စတင်သိမ်းပိုက်ကာ မြေပြင်ထိုးစစ်စတင်ဖွယ်ရှိကြောင်း သုံးသပ်နေကြသည်။

လက်ရှိတွင် ထရမ့်သည် စစ်သည် ၂၂၀၀၀ ပါ USS Tripoli နှင့် USS New Orleans ကမ်းတက်စစ်သင်္ဘောကြီး၂ စီးအား အီရန်အနီး ပင်လယ်သို့ ခုတ်မောင်းခိုင်ထားပြီး ထိုသင်္ဘောများသည် ထရမ့်၏ ရာဇသံ ၅ ရက်မြောက်သည့်နေ့တွင် ရောက်ရှိလာတော့မည်ဖြစ်ရာ သံတမန်နည်းဖြင့် မဖြေရှင်းနိုင်တော့ပါက ကမ်းတက်ကာ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်သွားဖွယ်ရှိကြောင်း သုံးသပ်နေကြသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ဟောမုဇ်ရေလက်ကြား
#ရေမြှုပ်မိုင်း
#ထွက်လမ်း
#အီရန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now