ကမ္ဘာ့သတင်း

အီရန် ယူရေနီယံများ ရုရုားသို့ ရွှေ့ ပြောင်းရေး ပူတင် ကမ်းလှမ်းချက် ထရမ့် ပယ်ချ

မဲခေါင် 14 Mar - 2026
မဲခေါင်၊ မတ် ၁၄ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် တစ်စိတ်တပိုင်းအဖြစ် အီရန်က သန့်စင်ထားသော ယူရေနီယံများအား ရုရှားသို့ ပြောင်းရွှေ့ထားရန် ယခုသီတင်းပတ် ဖုန်းခေါ်ဆိုမူတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကမ်းလှမ်းခဲ့သော်လည်း အမေရိကန်ကမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချခဲ့သည်ဟု အမေရိကန် သတင်းရင်းမြစ်များက ပြောကြားသည်။ လက်နက်ထုတ်လုပ်နိုင်သော အဆင့်အထိ ဆက်လက်သန့်စင်ရန် သီတင်းပတ် အနည်းငယ်သာ လိုအပ်သည့် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားပြီးဖြစ်သော အီရန်၏ ယူရေနီယံ ၄၅၀ ကို ရယူရေးသည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့ ပူးတွဲစစ်ဆင်ရေး၏ ရည်မှန်းချက်တစ်ခု ဖြစ်သည်။ ၎င်းကမ်းလှမ်းမှုသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်းနှင့် အမေရိကန်ကလည်း ရုရှား၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ကြောင်း၊

မဲခေါင်၊ မတ် ၁၄

စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် တစ်စိတ်တပိုင်းအဖြစ် အီရန်က သန့်စင်ထားသော ယူရေနီယံများအား ရုရှားသို့ ပြောင်းရွှေ့ထားရန် ယခုသီတင်းပတ် ဖုန်းခေါ်ဆိုမူတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကမ်းလှမ်းခဲ့သော်လည်း အမေရိကန်ကမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချခဲ့သည်ဟု အမေရိကန် သတင်းရင်းမြစ်များက ပြောကြားသည်။

လက်နက်ထုတ်လုပ်နိုင်သော အဆင့်အထိ ဆက်လက်သန့်စင်ရန် သီတင်းပတ် အနည်းငယ်သာ လိုအပ်သည့် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားပြီးဖြစ်သော အီရန်၏ ယူရေနီယံ ၄၅၀ ကို ရယူရေးသည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့ ပူးတွဲစစ်ဆင်ရေး၏ ရည်မှန်းချက်တစ်ခု ဖြစ်သည်။

၎င်းကမ်းလှမ်းမှုသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်းနှင့် အမေရိကန်ကလည်း ရုရှား၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ကြောင်း၊ ထိုယူရေနီယံများကို လုံခြုံစွာ ရယူသွား‌ရေးမှာ အမေရိကန်၏ ရပ်တည်ချက်ဖြစ်သည်ဟု ကန်အရာရှိကြီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လတွင် အီရန်၏ နျူကလီးယားစခန်းများကို မတိုက်ခိုက်မီနှင့် လက်ရှိ အီရန်စစ်ပွဲ မစတင်မီ သီတင်းပတ်များကလည်း ရုရှားက အလားတူ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
‌
ဒေါ်နယ်ထရမ့်ထံ ဖုန်းခေါ်ဆီုမှုအတွင်း သမ္မတပူတင်က စစ်ပွဲအဆုံးသတ်‌ရေး စိတ်ကူးများစွာကို တင်ပြခဲ့ကာ အီရန်၏ ယူရေနီယံများ ရုရှား ရယူထား‌ရေးမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။

စစ်ပွဲမတိုင်မီ ပြုလုပ်ခဲ့သော အမေရိကန်နှင့် ဆွေးနွေးပွဲများတွင် ၎င်းတို့ပိုင် ယူရေနီယံများ လွှဲပြောင်းပေး‌ရေး စိတ်ကူးကို အီရန်က ပယ်ချခဲ့ကာ ယင်းအစား နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ ကြီးကြပ်မှုဖြင့် ၎င်းတို့အား အားပျော့သွားအောင် လုပ်ဆောင်ရေးကို တင်ပြခဲ့ကြောင်း သိရသည်။

ယူရေနီယံများလွှဲပြောင်းပေးရေးကို ယခုအချိန်တွင် အီရန်က လက်ခံသွားမည်လား ဆိုခြင်းမှာလည်း မရှင်းလင်းပေ။

စစ်ပွဲ၏ နောက်ပိုင်းအဆင့်များတွင် အီရန်၏ နျူကလီးယား ပိုင်ဆိုင်မှုများကို ရယူရေးအတွက် အမေရိကန်နှင့် အစ္စရေးတို့က အထူးတပ်ဖွဲ့များကို မြေပြင်သို့ စေလွှတ်ရေးကို ဆွေး‌နွေးခဲ့ကြသည်။

သီအိုရီအရဆိုလျှင် ပူတင်၏ကမ်းလှမ်းမှုသည် အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့ များကို စေလွှတ်စရာမလိုဘဲ အီရန်၏ နျူကလီးယား ပိုင်ဆိုင်မှုများကို ဖယ်ရှားရေး လုပ်ဆောင်နိုင်မည် ဖြစ်သည်။

သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင်မူ အီရန်၏ နျူကလီးယား ပိုင်ဆိုင်မှုများကို ထိန်းချုပ်နိုင်ရန် အမေရိကန်တွင် နည်းလမ်းများစွာရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က ပြောကြားပြီး ၎င်းတို့အနက် နည်းလမ်းတစ်ခုမှာ ၎င်းပိုင်ဆိုင်မှုများကို အီရန်က ကိုယ်ပိုင်ဆန္ဒဖြင့် စွန့်လွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အေးကျော်
Ref: Axios
#MeKongNews
#အီရန်
#ယူရေနီယံ
#ရုရုား
#ပူတင်
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now