ဆောင်းပါး

နှစ်သစ်ကူးပွဲတော်မှ ဖော်ပြလိုက်သည့် တရုတ်စီးပွားရေးဆိုးရွာစွာကျဆင်းနေမှု

မဲခေါင် 1 Mar - 2026
~ လင်းမောင် ~ တစ်ခါက ပြန်လည်ပေါင်းစည်းခြင်း၊ ပျော်ရွှင်ခြင်းများဖြင့် တန်ဖိုးထားခံရသည့် နွေဦးပွဲတော်တစ်ခုမှာ ယခုတွင် တရုတ်နိုင်ငံ နေရာအနှံ့အပြား၌ ဟန်ဆောင်မှုနှင့်ဖျော်ဖြေတင်ဆက်မှုများကိုသာ တိုးမြှင့်လုပ် ဆောင်ရာ ပွဲတော်ဖြစ်လာသည်။ မိသားစုများအကြား ပြန်လည်ပေါင်းစည်းမှုနှင့် နှောင်ကြိုချစ်နှောင်မှု ကို ပြသသင့်သည့်ပွဲတော်ဖြစ်သော်လည်း လူများသည် ၎င်းတို့မပိုင်ဆိုင်သော ချမ်းသားကြွယ်၀မှုများ ကို ဟန်ရေးကြွယ်ကာ ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြသည့်ပွဲတော်မျိုး ဖြစ်လာနေသည်။ မီးရှူးမီးပန်းများ၊ ဗျောက်အိုးသံများနောက်ကွယ်တွင် တကယ့် အလိမ်အညာမဟုတ်သည့် အစစ်အမှန်တရားက ရှိနေသည်။ တရုတ်ပြည်သူများစွာသည် တစ်နှစ်လုံး ပင်ပန်းစွာရှာဖွေခဲ့ရသည့် ငွေများကို ပွဲတော် ၇ ရက်အတွင်းမှာပင် ဆွေမျိုးများ၊ အိမ်နီးနားချင်းများရှေ့ မျက်နှာပန်းလှစေရေး အကုန်သုံးစွဲရတော့သည်။ ကျေးလက်တောရွာများတွင် နေအိမ်စွန့်ခွာကာ ရွှေ့ပြောင်းလုပ်သားများအဖြစ် ရောက်ရာပေါက်ရာ အလုပ်သွားလုပ်ခဲ့သူများ ပြန်လာသည်ကို

~ လင်းမောင် ~

တစ်ခါက ပြန်လည်ပေါင်းစည်းခြင်း၊ ပျော်ရွှင်ခြင်းများဖြင့် တန်ဖိုးထားခံရသည့် နွေဦးပွဲတော်တစ်ခုမှာ ယခုတွင် တရုတ်နိုင်ငံ နေရာအနှံ့အပြား၌ ဟန်ဆောင်မှုနှင့်ဖျော်ဖြေတင်ဆက်မှုများကိုသာ တိုးမြှင့်လုပ် ဆောင်ရာ ပွဲတော်ဖြစ်လာသည်။ မိသားစုများအကြား ပြန်လည်ပေါင်းစည်းမှုနှင့် နှောင်ကြိုချစ်နှောင်မှု ကို ပြသသင့်သည့်ပွဲတော်ဖြစ်သော်လည်း လူများသည် ၎င်းတို့မပိုင်ဆိုင်သော ချမ်းသားကြွယ်၀မှုများ ကို ဟန်ရေးကြွယ်ကာ ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြသည့်ပွဲတော်မျိုး ဖြစ်လာနေသည်။ မီးရှူးမီးပန်းများ၊ ဗျောက်အိုးသံများနောက်ကွယ်တွင် တကယ့် အလိမ်အညာမဟုတ်သည့် အစစ်အမှန်တရားက ရှိနေသည်။ တရုတ်ပြည်သူများစွာသည် တစ်နှစ်လုံး ပင်ပန်းစွာရှာဖွေခဲ့ရသည့် ငွေများကို ပွဲတော် ၇ ရက်အတွင်းမှာပင် ဆွေမျိုးများ၊ အိမ်နီးနားချင်းများရှေ့ မျက်နှာပန်းလှစေရေး အကုန်သုံးစွဲရတော့သည်။

ကျေးလက်တောရွာများတွင် နေအိမ်စွန့်ခွာကာ ရွှေ့ပြောင်းလုပ်သားများအဖြစ် ရောက်ရာပေါက်ရာ အလုပ်သွားလုပ်ခဲ့သူများ ပြန်လာသည်ကို အလွန်အကျူး ပုံကြီးချဲ့ ဟန်ရေးပြကြိုဆိုလေ့ရှိကြသည်။ ရွာတော်ဝင်ခန်း ခမ်းနားလွန်စေးရေး တစ်နှစ်လုံး ချောင်ထိုးထားသည့် ကားများကို ချေးကြ ငှားကြကာ ကြိုဆိုကြသည်။ အကောင်းစား စီးကရက်များနှင့် လက်ဆောင်များ ပေးကမ်းကြသည်။ ကြိုဆိုပွဲ ပြီးသွားပါက စျေးပေါသည့် နေ့စဉ်သုံးပစ္စည်းများနှင့်သာ ခရီးဆက်ကြရသည်ချည်းဖြစ်သည်။ အမျိုးသမီးများက သားမွှေးကုတ်အင်္ကျီများဝတ်ဆင်ကာ အကောင်းစားဟုထင်ရသည့် လက်ကိုင်အိတ် များဖြင့် စတိုင်ထုတ်ကြသော်လည်း အိတ်ထဲတွင်မူ နေ့စဉ်သုံး သာမညောင်ည ပစ္စည်းပစ္စယများသာ ထည့်ထားနိုင်ကြသည်။ တရုတ်နှစ်သစ်ကူးပွဲတော်သည် ပြန်လည်ဆုံစည်းခြင်းသရုပ်သကန်ဆိုသည် ထက် ပတ်ဝန်းကျင်တွင် ဂုဏ်တုဂုဏ်ပြိုင်လုပ်မှုများဖြင့်သာ ထုံမွမ်းနေတော့သည်။

နွေဦးပွဲတော်နှင့်ပတ်သက်ပြီး တိုးမြင့်လာသော လူမှုရေးဖိအားများသည် အလွန်အမင်း လွှမ်းမိုးလာနေ ပြီဟု လူအများစုက ခံစားသိမြင်လာသည်။ တရုတ်လူမှုမီဒီယာများပေါ်တွင် လူတစ်ဦးက ခံစားချက်နှင့် ဝန်ခံချက်တစ်ခုကို ရေးတင်ထားသည်။ ငယ်စဉ်အခါက မင်းဘယ်နှတန်းအောင်လဲဟူသော နှိုင်းယှဉ်မှု များဖြင့် ကျောင်းသားဘ၀ ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြရသည်။ အရွယ်ရောက်လာပြီးနောက် နှိုင်းယှဉ်မှု များသည် ဝင်ငွေ၊ အိမ်နှင့်ကားပိုင်ဆိုင်မှုများနှင့် နှိုင်းယှဉ်လာကြပြန်သည်။ ဆယ်စုနှစ်ပေါင်းများစွာတိုင် မည်သို့ပင် ယှဉ်ပြိုင်ခဲ့ကြပါစေ မည်သည့်အရာကိုမျှ အနိုင်မရခဲ့ကြသူများသာဖြစ်သည်ဟု ခံဝန်ချက်နှင့် လူမှုရေးဖိအားအကြောင်း ရေးတင်ခဲ့ခြင်းဖြစ်သည်။ ထိုဆင်ခြင်သုံးသပ်မှုက မရေမတွက်နိုင်လောက် အောင်များပြားသည့် အခြားတရုတ်လူမျိုးများ၏ အတွေ့အကြုံများနှင့် ထပ်တူကျထင်ဟပ်စေသော ကြောင့် ပဲ့တင်ထပ်ခဲ့သည်။ တရုတ်နှစ်သစ်ကူးပွဲသည် မိသားစု နွေးထွေးစွာပြန်ဆုံစည်းမှုပွဲတော်မှသည် မိသားစုများအကြား ဂုဏ်သိက္ခာနှင့်အောင်မြင်မှုကို သွေးတိုးစမ်းကြသည့် ဂုဏ်ပြုပွဲသဏ္ဍန် ပြောင်းလဲ လာနေသည်ကို မီးမောင်းထိုးပြနေသည်။ လူအများ နာကျင့်မှုအစွန်းနှစ်ဖက်ကြား ညပ်နေကြရပြီး တစ်နှစ်လုံး စုလာသည့်ငွေများကို မျက်နှာကောင်းရရေး အကုန်သုံးပစ်မည်လော၊ မသုံးဘဲ အရှက်ကွဲ ခံမည်​လောဆိုသည့်ထောင်ချောက် ၂ ခုကြား ပိတ်မိနေခြင်းပင်။

တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) တို့သည် ပြည်သူများစွာ ထိုသို့ စိတ်ပျက်အားငယ်နေရ သည့် ဖြစ်စဉ်များအား ကောင်းမွန်သော စိတ်ရင်းမှန်နှင့်တုံ့ပြန်လုပ်ဆောင်ပေးခြင်းမရှိဟု စောင့်ကြည့် လေ့လာသူများက သုံးသပ်ကြသည်။ အလုပ်အကိုင်အခွင့်အလမ်းများက ကန့်သတ်ချက်များဖြင့် ရှားပါး နေဆဲဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ရွှေ့ပြောင်းလုပ်သားများ ရရှိသည့် လစာနှုန်းများကလည်း များစွာ ကျဆင်းခဲ့သည်။ ထိုမျှ စီးပွားရေးအကျပ်အတည်းအတွင်း ပိတ်မိနေကြသည့်တိုင် ကြွယ်၀ဟန်၊ ချမ်းသာဟန်များပြသလိုသည်က လျော့ပါးမသွားပေ။ အစိုးရက ဆင်းရဲမွဲတေမှု လျှော့ချရေး မူဝါဒများ ချမှတ်ကာ ရေရှည်စီမံကိန်းများဖြင့် မိသားစုများ ရပ်တည်ရှင်သန်နိုင်ရေးကို လုပ်ဆောင်ပေးရမည့် အစား မလုပ်ပေးသလို ပြည်သူများကလည်း ဒုက္ခများအား အရောင်ဆိုးကာ ကြွယ်၀မှုကို ချေးငှားပြီး စင်ပေါ် တက်လိုနေကြဆဲသာဖြစ်သည်။ အစိုးရတာဝန်ရှိသူများ၏ ယုံတမ်းပုံပြင်များနှင့် ပြည်သူများလက်တွေ့ဘ၀များကြားမှ ကွာဟချက်များက ကြီးမားလှကာ မျှော်လင့်ချက်မဲ့သည့် ခံစားချက်များကိုသာ ပိုမိုနက်ရှိုင်းလာစေသည်။

ပြည်သူများ စိတ်ပျက်အားငယ်နေရမှုတွင် တရုတ်ကွန်မြူနစ်ပါတီအခန်းကဏ္ဍအား လျစ်လျူရှုမရပေ။ မှားယွင်းသော မူဝါဒများ၊ အဂတိလိုက်စားမှုများနှင့် စနစ်ကျပြီး ထိရောက်သော လုပ်ဆောင်မှုများမရှိ ခြင်းတို့က သာမန်ပြည်သူများကို ပိုမိုရုန်းကန်ရစေသည်။ ချမ်းသာကြွယ်၀မှုဖြစ်စေရမည်ဆိုသော စီးပွားရေးပြုပြင်ပြောင်းလဲရေးမူဝါဒက အထက်တန်းလွှာများနှင့် ပါတီတွင်းလူများအတွက်သာ အကျိုး ရှိစေခဲ့သော်လည်း ကျေးလက်ဒေသမှအလုပ်သမားများ၊ မြို့ပြတက်ပြီး အလုပ်လုပ်ကြသော ရွှေ့ပြောင်းလုပ်သားများအတွက်မူ မရေရာသည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ လစာတိုးမြှင့်မှု မရှိခြင်းများကြောင့် အခက်အခဲများနှင့်သာ ဆက်လက်ရင်ဆိုင်နေကြရသည်။ ဒေသန္တရအဆင့်များတွင် အဂတိလိုက်စားမှုများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ထားသော အရင်းအမြစ်များကို လမ်းလွဲစေခဲ့ပြီး ရပ်ရွာများကို လုံလောက်သော ပံ့ပိုးမှုမရှိပေ။ အစိုးရက အမျိုးသားအင်အား၏ မျက်နှာစာကို ထိန်းသိမ်းရန် အလေးပေးမှုသည် နွေဦးပွဲတော်အတွင်း ၎င်းတို့၏ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှု၏ မျက်နှာစာကို ထိန်းသိမ်းရန်လိုအပ်သည်ဟု ခံစားရသော ပြည်သူများထံသို့ စီးကျလာခဲ့သည်။

ကိန်းဂဏ္ဍန်းများက ဇာတ်လမ်းတစ်ပုဒ်ကို ထင်ရှားစွာ ပြသပေးနေသည်။ အလုပ်သမားတစ်ယောက် လစဉ်ဝင်ငွေက ယွမ် ၆၀၀၀ (ဒေါ်လာ ၈၃၀ ) ရသည်ဆိုလျင် တစ်နှစ်စုဆောင်းနိုင်ငွေသည် ယွမ် ၂၀၀၀၀ (ဒေါ်လာ ၂၈၀၀) သာရှိမည်။ နွေဦးပွဲတော်ခေါ် တရုတ်နှစ်သစ်ကူးရက်တွင် တစ်နှစ်တာစုဆောင်ငွေများ ထဲမှ တစ်ဝက်ခန့်သည် အနီရောင်စာအိတ်လေးများထဲ လက်ဆောင်အဖြစ် ထည့်ပေးလိုက်ကြရသည်။ တစ်လ ယွမ် ၄၀၀၀ သာရသူဆိုလျှင် တစ်နှစ်လုံး ကြုံးရုန်းရှာထားသမျှသော ဝင်ငွေများက ထိုပွဲတော် တစ်ပတ်တာကာလအတွင်းမှာပင် ကုန်သွားမည်ဖြစ်သည်။ အချို့မှာ ၎င်းတို့၏ဇာတိမြို့တွင် အနောက်တိုင်းပုံစံအိမ်များ ဆောက်လုပ်ရန်အတွက်ပင် ငွေများချေးယူကြပြီး အောင်မြင်မှု၏ မျက်နှာစာတစ်ခုအား ဟန်လုပ်ဖန်တီးပေးကာ အကြွေးနွံအတွင်း ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်နေကြသည်။ အဆိုပါအိမ်ကြီးများသည် အပြင်ပန်းတွင် တောက်ပြောင်ခမ်းနားသယောင်ရှိသော်လည်း အတွင်းပိုင်း၌ ဗလာနတ္ထိကိုသာ ကိုယ်စားပြုသည်။ စိတ်ပျက်အားငယ်ရမှုများက ကျေးလက်တောရွာများတွင်သာမက မြို့များတွင်ပင် မိသားစုဝင်များက ဆွေမျိုးများအား ဧည့်ခံတည်ခင်းမှုများတွင် မတတ်နိုင်သည်ထက်ကို ပိုမိုသုံးစွဲကာ ဂုဏ်တုဂုဏ်ပြိုင်မော်ကြွားကြသည်။ ရှန်ဟိုင်းသူ အမျိုးသမီးတစ်ဦးက ပွဲတော်ကာလ လက်ဆောင်များပေးရခြင်းသံသရာ၊ အေးစက်သော တိုက်ခန်းများ၊ အတောမသတ်နိုင်သော မာကျောက်ပွဲများနှင့် ပင်ပန်းနွမ်းလျမှု သံသယများကိုသာ တည်ရှိစေသည်ဟုဆိုခဲ့သည်။ တရုတ်နှစ်သစ်ကူးပွဲတော် ထုံတမ်းအစဉ်အလာသည် ငွေကြေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အများစုကို နွမ်းလျစေသည်။ ဆွေမျိုးတော်စပ်မှုကို ဂုဏ်ပြုကြသည့်နှစ်ကူးပွဲတော်ဆိုသည်က လူအများကြောက်ရွံ့လာရသည့် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်လာနေသည်။

သရော်စရာကောင်းသည်က အံ့သြစရာပင်။ အမှန်တကယ်ချမ်းသာသူများကမူ အိမ်ပြန်ရောက်သည့် အခါ မနာလိုမှု သို့မဟုတ် မကျေမနပ်ဖြစ်မှုများကို စိုးရိမ်သဖြင့် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်လေ့ရှိသည်။ တကယ်ဆင်းရဲသူများက ကျရှုံးသူများအဖြစ် လူသိခံရမည်စိုးခြင်းကြောင့် အလွန်အကျွံသုံးစွဲနေကြ သည်။ ထိုဖြစ်စဉ်က ဘ၀တစ်လျှောက်လုံး မရခဲ့၊ မရှိခဲ့သော ချီးမွှမ်းခြင်းနှင့် အသိအမှတ်ပြုခံရခြင်း တို့အားဝယ်ယူရေး ငွေကိုအသုံးပြုကာ “ရက်ရောသော ဆင်းရဲမွဲတေမှု” အဖြစ်ညွှန်းဆိုရပေမည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကာလ ၇ ရက်ပြီးဆုံးသည်နှင့် အစစ်အမှန်အတိုင်းသော ဘ၀များသို့ ပြန်ရောက်ရှိကြကုန်ပြီး ချေးကြ၊ ငှားကြ၊ အကြွေးကတ်ငွေထုတ်ကြနှင့် ၇ ရက်တာကာလမှ နာကျင်မှု များဆီ ပြန်ရောက်ရှိကြပြန်သည်။

ကျေးလက်ဒေသ အာဏာပိုင်များ၊ အကြီးအကဲများက ထိုဖြစ်အင်များကို သိမြင်ပြီး မရှိသည်ကို ဟန်လုပ်ကာ အလွန်အကျွံအောင်မြင်ကြောင်း ပြသခြင်းများ မလုပ်ကြရန် လော်စပီကာများမှပင် သတိ ပေးထုတ်ပြန်မှုများ လုပ်ဆောင်နေရပြီဖြစ်သည်။ အိမ်ပြန်မှုတွင် အတုအယောင်ဘွဲ့များ သို့မဟုတ် ချမ်းသာကြွယ်၀သယောင် ဟန်ဆောင်မှုများက မိသားစုပြန်လည်ပေါင်းစည်းပွဲထက် အားလုံးကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် သတိထားကြရေး လူကြီးများက အလေးပေးတိုက်တွန်းနေကြရသည်။ ပွဲတော်အားလပ်ရက်၏ ရိုးသားမှုပုံရိပ်များသည် အဆက်မပြတ်ဖြစ်တည်နေသော ဂုဏ်တုဂုဏ်ပြိုင် လုပ်ခြင်းများကြောင့် တိုက်စားခံနေရမှုများတိုးပွားသထက်တိုးပွားလာနေသည်က သတိပေးချက်များ ကိုကြည့်လျှင် မြင်သာစေသည်။

နွေဦးပွဲတော်က တရုတ်နိုင်ငံစီးပွားရေးဖိအားများမည်သို့ရှိနေသည်ဆိုခြင်းကို မှန်တစ်ချပ်သဖွယ် ပြသ နေသည်။ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း၊ အလုပ်လက်မဲ့များ များသထက်များလာခြင်း၊ ဝင်ငွေများနည်းသထက်နည်းပါးလာခြင်းများအပေါ် ထိန်းသိမ်းပေးရန်များစွာ လိုအပ်လာနေပြီဖြစ် သည်။ တရုတ်ပြည်သူများက ဆင်းရဲမည်ကို ကြောက်ရွံ့ခြင်းသက်သက်သာမဟုတ်တော့ဘဲ ဆင်းရဲသည်ဟု အထင်အမြင်ခံရသည်ကိုပါ ကြောက်ရွံ့လာနေခြင်းဖြစ်သည်။ စီးပွားရေးနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ထပ်တည်သော ဝန်ထုပ်ဝန်ပိုးများအပေါ် အစိုးရက အကူအညီမပေးနိုင်ခြင်းက စိတ်ပျက်အားငယ်မှု သံသရာကို ဖန်တီးပေးတော့သည်။ အနှစ်သာရထက် ပုံရိပ်ကို ဦးစားပေးသည့် မှားယွင်းသော မူဝါဒများ၊ အများပြည်သူဆိုင်ရာ အရင်းအမြစ်များကို ကုန်ခန်းစေသည့် အဂတိလိုက်စားမှုနှင့် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ မရှိခြင်းတို့က ထိုမျှော်လင့်ချက်မဲ့ ပတ်ဝန်းကျင်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။

ပင်ပန်းနွမ်းနယ်မှုများကြားတွင် အချို့သော အသံများက ပြောင်းလဲမှုအတွက် တောင်းဆိုကြပြီဖြစ် သည်။ လူမှုမီဒီယာများပေါ် တက်ကြွလှုပ်ရှားသူများက ဟန်ဆောင်မှုထက် ရိုးသားမှုလိုအပ်ပြီး စစ်မှန်သောကြင်နာမှုသည် အနီရောင် အံပေါင်းစာအိတ်ထူထူးများထက်ပို အရေးပါသည်ဟု တိုက်တွန်း နေကြသည်။ ဆွေမျိုးများက သင်မောင်နှင်သည့်ကား သင်ဝေငှသည့် အကောင်းစား စီးကရက်များကို မှတ်မိနေကြမည်မဟုတ်ဘဲ သင်တကယ်ကောင်းမွန်စွာ နေထိုင်နိုင်ရဲ့လားဆိုသည့်အပေါ် တည်မှီနေမည် ဟု သတိပေးကြသည်။ ရိုးရာဓလေ့နှင့်လူမှုရေးဖိအားများ၏ ဝန်ထုပ်ဝန်ပိုးများက လေးလံနေဆဲဖြစ် သော်လည်း ယခုလို သတိပေးနေခြင်းများကြောင့် ပြောင်းလဲကောင်းမွန်လာနိုင်ချေလည်း ရှိနေသည်။

တစ်ချိန်က ပြန်လည်ဆန်းသစ်ခြင်းသင်္ကေတတစ်ခုဖြစ်ခဲ့သော နွေဦးပွဲတော်သည် ယခုအခါတွင် လူ့အဖွဲ့အစည်းများအတွင်း အက်ကွဲကြောင်းများကို ဖော်ထုတ်ပြသနေသည်။ ဟန်ပြထားမှုများနှင့် လက်တွေ့ဘ၀များကြား၊ တရားဝင်ကတိကဝတ်များနှင့် နေ့စဉ်ရုန်းကန်နေရမှုများကြား ကွာဟချက်များ မှာ ကျယ်ပြန့်လာသည်။ အလုပ်အကိုင်အခွင့်အလမ်းများ များပြားတိုးတက်လာပြီး နိုင်ငံသားများသည် တရားစီရင်ခံရမည်ကို စိုးရိမ်မှုမရှိဘဲ ရိုးသားစွာနေထိုင်ရှင်သန်နိုင်ကြသည့်အဆင့်သို့ ရောက်ရှိလာခဲ့ သည့်တိုင် တရုတ်နှစ်သစ်ကူးပွဲတော်ကြီးဆိုသည်က အများစုအတွက် စိုးရိမ်ကြောက်ရွံ့ဖွယ်ရာ ပွဲတော် ရာသီတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်မှာ မလွဲဧကန်ပင်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now