နေ့စဥ်သတင်း

၂၀၀၈ ခြေဥကို အကြောင်းပြ၍ အာဏာသိမ်းသည့်စစ်ကောင်စီအပေါ် ဗိုလ်ချုပ်ကြီးရွက်ဆစ် ဝေဖန်

မဲခေါင် 7 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၇ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြ၍ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်များကို RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်က (၇၉) နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားတွင်ပြင်းထန် စွာ ဝေဖန်ပြောကြားလိုက်သည်။ ၎င်းမိန့်ခွန်းကို RCSS ဌာနချုပ် လွယ်တိုင်းလျံ၌ ကျင်းပသည့် အခမ်းအနားတွင် တက်ရောက်လာသူများအား ရှမ်းဘာသာဖြင့် ပြောကြားခဲ့ခြင်းဖြစ် သည်။ လက်ရှိ စစ်အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး၊ တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန်အတွက် ယင်းဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ထိုသို့မဟုတ်လျှင် အာဏာသိမ်းမှုများ ရပ်တန့်မည်မဟုတ်သလို ပြည်သူများလည်း ဆင်းရဲဒုက္ခမှ လွတ်ကင်းနိုင်မည်မဟုတ်ဟု ဗိုလ်ချုပ်ကြီးရွက်ဆစ်ကဆိုသည်။ ထို့ပြင်အာဏာသိမ်းမှုနှင့် ပဋိပက္ခများ ရပ်တန့်နိုင်ရန် တိုင်းရင်းသားများ စုစည်းထားသည့်

မဲခေါင်၊ ဖေဖော်ဝါရီ ၇

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြ၍ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်များကို RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်က (၇၉) နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားတွင်ပြင်းထန် စွာ ဝေဖန်ပြောကြားလိုက်သည်။

၎င်းမိန့်ခွန်းကို RCSS ဌာနချုပ် လွယ်တိုင်းလျံ၌ ကျင်းပသည့် အခမ်းအနားတွင် တက်ရောက်လာသူများအား ရှမ်းဘာသာဖြင့် ပြောကြားခဲ့ခြင်းဖြစ် သည်။

လက်ရှိ စစ်အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး၊ တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန်အတွက် ယင်းဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ထိုသို့မဟုတ်လျှင် အာဏာသိမ်းမှုများ ရပ်တန့်မည်မဟုတ်သလို ပြည်သူများလည်း ဆင်းရဲဒုက္ခမှ လွတ်ကင်းနိုင်မည်မဟုတ်ဟု ဗိုလ်ချုပ်ကြီးရွက်ဆစ်ကဆိုသည်။

ထို့ပြင်အာဏာသိမ်းမှုနှင့် ပဋိပက္ခများ ရပ်တန့်နိုင်ရန် တိုင်းရင်းသားများ စုစည်းထားသည့် ဖက်ဒရယ်တပ်မတော်တစ်ရပ် တည်ထောင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများအပါအဝင် ပြည်သူများအပေါ် သတ်ဖြတ်နေမှုများကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်နေရခြင်းဖြစ်ပြီး၊ ၂၀၀၈ ခြေဥ မရှိမှသာ တိုင်းပြည် အေးချမ်းမည်ဟု ဆိုသည်။

“စာနဲ့တော့ ထုတ်ပြန်တာမျိုးမရှိဘူး၊ ရှမ်းဘာသာနဲ့ ပြောတာကို ပြန်ဆိုထားတာပါ။ အခမ်းအနားကို NUG၊ UWSA နဲ့ SSJAC တို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်” ဟု အခမ်းအနားတက်ရောက်သူတစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။

NLD အစိုးရလက်ထက်တွင် တိုင်းပြည်၏ ကဏ္ဍအချို့ တိုးတက်မှုရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် မဲသမာမှုရှိသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းကြောင့် ယနေ့ကြုံတွေ့နေရသည့် အကျပ်အတည်းများသည် တိုင်းပြည်ခေါင်းဆောင်ဆိုသူများ၏ အတ္တ၊ မာန၊ လောဘကြီးမှု၊ လူထုဆန္ဒကို မျက်ကွယ်ပြု၍ တစ်ဦးတစ်ယောက်သဘောဖြင့် လုပ်ဆောင်မှုနှင့် ပင်လုံစာချုပ်ကို လိုက်နာမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။

ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၄ နှစ်ကြာ ရေးဆွဲခဲ့ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲဖြင့် တက်လာသည့် ဦးသိန်းစိန်အစိုးရ လက်ထက်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် တိုင်းပြည်အခြေအနေ အနည်းငယ် ကောင်းမွန်ခဲ့ဖူးကြောင်းလည်း ၎င်းက နှိုင်းယှဉ်ပြောကြားခဲ့သည်။

၂၀၂၁ အာဏာသိမ်းမှုကို မထောက်ခံသည့် ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော်လည်း စစ်တပ်က အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကြောင့် ပြည်သူများ လက်နက်စွဲကိုင်ကာ နွေဦးတော်ညလှန်ရေး ဆင်နွှဲခဲ့ရခြင်းဖြစ်ပြီးယင်းကြောင့် ပြည်သူများ စစ်ဘေးရှောင်ရခြင်း၊ သေဆုံးခြင်းနှင့် နေရပ်စွန့်ခွာရခြင်းများ ကြုံတွေ့နေရသည်။

လွတ်လပ်ရေးရသည်မှာ ၇၈ နှစ် ကြာခဲ့ပြီဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများကဲ့သို့ မတိုးတက်ခြင်းမှာ ခေါင်းဆောင်များ အလယ်အလတ်လမ်းစဉ်နှင့် ဝေးကွာနေသောကြောင့် ဖြစ်ပြီး၊ ခေတ်သစ်ဗမာခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်ကအမှားကို သင်ခန်းစာယူကာ အနာဂတ်အတွက် ပြင်ဆင်ကြရန် ဗိုလ်ချုပ်ကြီးရွက်ဆစ်က တိုက်တွန်းခဲ့သည်။

နိဂုံးချုပ်အနေဖြင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်၊ ပင်လုံစာချုပ်နှင့် ကတိကဝတ်များကို အကောင်အထည်ဖော်ရန်၊ ဖိနှိပ်ခြင်းထက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာရန်နှင့် တိုင်းပြည်လုံခြုံရေးအတွက် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတည်ထောင်ရန် ၎င်းက အကြံပြု တိုက်တွန်းထားသည်။

#MeKongnews
#၂၀၀၈
#ခြေဥ
#အာဏာသိမ်း
#စစ်ကောင်စီ
#ဗိုလ်ချုပ်ကြီးရွက်ဆစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now