နိုင်ငံတကာသတင်း

တာချီလိတ်နေသူ ၂ ဦးနှင့် ပူးပေါင်းကာ ကျားဖြန့်ငွေ ဘတ် သန်း ၃၀၀ ထုတ်ယူသည့်ကွန်ရက်ကို ထိုင်း CIB ဖမ်းဆီး

မဲခေါင် 27 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၇ ကုန်ပစ္စည်းရောင်းချသည်ဟု ဖေ့စ်ဘွတ်ပေ့ချ်များမှတဆင့် လိမ်လည်ထားသည့် ထိုင်းဘတ်ငွေ သန်း ၃၀၀ ကို တာချီလိတ်နေသူ ၂ ဦးနှင့် ပူးပေါင်းကာ ငွေထုတ်ယူ ကျားဖြန့်ကွန်ယက်ကို ထိုင်းဗဟိုထောက်လှမ်းရေးဗျူရို – CIB က ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း ကြေညာသည်။ CIB သည် မြန်မာနှင့် ထိုင်နှစ်နိုင်ငံ နယ်စပ်တစ်ကျော အခြေစိုက်ပြီး စျေးကွက်ဟန်ပြကာ ငွေကြေးများလိမ်လည်နေသည့် ကျားဖြန့်ကွန်ရက်ကို စုံစမ်းဖော်ထုတ်ရန် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ခရိုင် ၄ ခုအတွင်း စီးနင်းရှာဖွေမှုများလုပ်ဆောင်ကာ ထိုင်းနှင့် မြန်မာ ၁၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းရာဇဝတ်ကွန်ရက်သည် ဖေ့စ်ဘုတ်ပေ့ချ် B&J Diamond

မဲခေါင်၊ ဇန်နဝါရီ ၂၇

ကုန်ပစ္စည်းရောင်းချသည်ဟု ဖေ့စ်ဘွတ်ပေ့ချ်များမှတဆင့် လိမ်လည်ထားသည့် ထိုင်းဘတ်ငွေ သန်း ၃၀၀ ကို တာချီလိတ်နေသူ ၂ ဦးနှင့် ပူးပေါင်းကာ ငွေထုတ်ယူ ကျားဖြန့်ကွန်ယက်ကို ထိုင်းဗဟိုထောက်လှမ်းရေးဗျူရို – CIB က ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း ကြေညာသည်။

CIB သည် မြန်မာနှင့် ထိုင်နှစ်နိုင်ငံ နယ်စပ်တစ်ကျော အခြေစိုက်ပြီး စျေးကွက်ဟန်ပြကာ ငွေကြေးများလိမ်လည်နေသည့် ကျားဖြန့်ကွန်ရက်ကို စုံစမ်းဖော်ထုတ်ရန် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ခရိုင် ၄ ခုအတွင်း စီးနင်းရှာဖွေမှုများလုပ်ဆောင်ကာ ထိုင်းနှင့် မြန်မာ ၁၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းရာဇဝတ်ကွန်ရက်သည် ဖေ့စ်ဘုတ်ပေ့ချ် B&J Diamond Auction House နှင့် YCN Bawornpat Tyres တို့ကို အသုံးပြုကာ ကုန်စည်များကို ဝယ်ယူရန် လိမ်လည်ဖျားယောင်းပြီး ဝယ်ယူရန် ငွေလွှဲပေးပြီးပါက မည်သည့် ကုန်ပစ္စည်းမှ မပို့တော့ဘဲ လိမ်လည်ခြင်းဖြစ်ကြောင်း၊ ယင်းမှရသည့် ဘတ်သန်း ၃၀၀ ကို မြန်မာနိုင်ငံဘက်သို့ လွှဲပေးခဲ့သည်အား စုံစမ်းသိရှိရသဖြင့် စီမံကိန်းချကာ ဘန်ကောက်၊ ရာယောင်း၊ ဖယားအို၊ ချင်းရိုင်ခရိုင်များရှိ နေရာများစွာအား ဝင်ရောက်စီးနင်းပြီး ထိုင်း ၁၀ ယောက်၊ မြန်မာ ၂ ယောက်နှင့် နိုင်ငံအထောက်အထားမဲ့ တစ်ယောက်တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက် က သတင်းထုတ်ပြန်သွားခဲ့သည်။

အမှုတွဲတွင် ပါဝင်သည့် မြန်မာနှစ်ဦးမှာ တာချီလိတ်နေ ၂၇ နှစ်အရွယ် နော်ခမ်းနှင့် ၂၄ နှစ်အရွယ် မစ္စတာ ဆေးတို့ဖြစ်ကာ ထိုင်း ၁၀ ဦးထဲ ခေါင်းဆောင်လုပ်သူမှာ ၃၆ နှစ်အရွယ် ကရိုင်ဖတ် ဖြစ်ပြီး လိမ်လည် ငွေကြေးများကို ထိုင်းဘဏ်အကောင့်အတုများမှ ထုတ်ယူရန်တာဝန်ယူသည်မှာ ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဂျီရာဆက်ဖြစ်ကြောင်း သိရသည်။

မြန်မာဘက်မှ ရာဇဝတ်ကွန်ရက်နှင့် ပူးပေါင်းကာ ငွေကြေး ခဝါချမှုကို တာဝန်ယူသူမှာ ၃၇ နှစ်အရွယ် ထိုင်းနိုင်ငံသား ကွန်နာရက်ဖြစ်ပြီး မြန်မာနိုင်ငံသား နော်ခမ်းနှင့် ခေါင်းဆောင် ကရိုင်ဖတ်တို့က ၂၀၁၅ ခုနှစ်ကတည်းက ထိုလိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးစဉ် မိုဘိုင်းဖုန်း၊ လျှပ်စစ်ပစ္စည်းများ၊ ကွန်ပျူတာ ၂ လုံး၊ ဘဏ်စာအုပ် ၂၄ အုပ်၊ အမျိုးမျိုးသော ဘဏ်ကတ်များအပါ သက်သေခံပစ္စည်း ၂၆ မျိုးကိုပါ သိမ်းဆည်းရမိကာ နော်ခမ်းသည် တာချီလိတ်တွင် အခြေချပြီး ကျားဖြန့်လုပ်ငန်းကွန်ရက်နှင့် ဆက်သွယ်ကာ ရွှေ့ပြောင်းလုပ်သားများ၏ ဘဏ်အကောင့်များကို စုစည်းပြီး ငွေကြေးခဝါချမှုအလုပ်များကို လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။

နော်ခမ်းသည် ရွှေ့ပြောင်းလုပ်သား ဘဏ်အကောင့်များစွာမှတဆင့် လိမ်လည်ရရှိသည့် ငွေများကို ချင်းရိုင်ခရိုင်အတွင်း လိုက်ထုတ်ရာတွင် ကော်မရှင်ခ ၂၀ ရာခိုင်နှုန်း ရယူပြီး ခေါင်းဆောင် ကရိုင်ဖတ်က ထိုင်းဘဏ်အကောင့် တစ်ခုအား ငွေကြေးခဝါချမှုအတွက် တစ်နေ့ တစ်ကြိမ်သုံးလျှင် ဘတ် ၁၀၀၀ ရယူခြင်းဖြင့် ထပ်မံ အမြတ်ထုတ်ယူသည်ဟု သိရှိရသည်။

ကိုကလင်း
Ref: ejan
#MeKongNews
#ကျားဖြန့်
#တာချီလိတ်
#ထိုင်းနိုင်ငံသား
#ငွေကြေးခဝါချမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now