မဲခေါင်၊ ဇန်နဝါရီ ၁၉
ယနေ့ ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် စပိန်နိုင်ငံ ကော်ဒိုဗာမြိုအနီး အဒါမက်ဇ် အရပ်၌ အမြန်ရထား ၂ စီး အရှိန်ပြင်းစွာဖြင့် တိုက်ခဲ့ရာ အနည်းဆုံး ၃၉ ဦးသေဆုံးပြီး ၇၃ ယောက် ဆေးရုံတက်ရကာ ၂၄ ယောက်မှာ စိုးရိမ်ရသည့်အခြေအနေရှိနေကြောင်း သိရသည်။
မာလာဂါမှာ မက်ဒရစ်သို့ သွားနေသော အမြန်ရထားနှင့် မက်ဒရစ်မှ ဟူရယ်လ်ဗာသို့ သွားနေသည့် အမြန်ရထားတို့ တိုက်မိရာ ၂ စီးပေါင်း ခရီးသည်နှင့် ရထားဝန်ထမ်း ၄၀၀ ကျော် လိုက်ပါလာသည့်အထဲမှ ယခုလို ၃၉ ဦးသေဆုံးပြီး များစွာ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
တိုက်မိသည့် Freccia 1000 အမြန်ရထား အမျိုးအစားသည် အမြန်ဆုံး အရှိန်ဆိုလျှင် တစ်နာရီ ၄၀၀ ကီလိုမီတာနှုန်း ရှိသဖြင့် ရထားခေါင်းတွဲနှင့် အနီးဆုံးအတွဲမှ လူအများဆုံး သေဆုံးခဲ့ရခြင်းဖြစ်သည်။
ယခုရထား ၂ စီး တိုက်ခြင်းသည် စပိန်တွင် ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း အဆိုးရွားဆုံး ရထား မတော်တဆမှုဖြစ်ကာ ယခင် အဆိုးရွားဆုံး မတော်တဆမှုသည် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စပိန် အနောက်မြောက်ပိုင်း ဂါလစ်စီယာ ရထားတိုက်မှုတွင် ၈၀ သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရခဲ့သည်။
ယခု ထိတ်လန့်ဖွယ်ရာ မတော်တဆမှုကြောင့် ပြင်သစ်သမ္မတ မက်ခရွန်၊ အီတလီဝန်ကြီးချုပ် မယ်လိုနီ၊ အီးယူကော်မရှင်အကြီးအကဲ ဗွန်ဒါလီယန်း တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းနည်း စိတ်မကောင်းကြောင်း ထုတ်ပြန်နေကြသည်။
စပိန်သည် တရုတ်ပြီးနောက် ကမ္ဘာပေါ်တွင် ရထားလမ်းကွန်ရက် ဒုတိယအကြီးမားဆုံး နိုင်ငံဖြစ်ကာ နိုင်ငံတစ်ဝန်း မြို့ ၅၀ ကျော်ကို ချိတ်ဆက်ထားပြီး ရထားလမ်း မိုင်ပေါင်း ကီလိုမီတာ ၄၀၀၀ (၂၄၈၅ မိုင်) ရှိနေသည်။
ကိုကလင်း
Ref: BBC
#MeKongNews
#စပိန်
#အမြန်ရထား
#ခေါင်းချင်းဆိုင်
#တိုက်မိ
#သေဆုံး








