နေ့စဥ်သတင်း

တောင်ကြီး၊ နောင်လေ ကျေးရွာအုပ်စုတွင် စစ်ကောင်စီ စစ်မှုထမ်း ခေါ်နေ

မဲခေါင် 15 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၅ တောင်ကြီးမြို့နယ်၊ နောင်လေ ကျေးရွာအုပ်စုတွင် စစ်မှုထမ်း သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို စစ်ကောင်စီက စစ်မှုထမ်းရမည်ဟု ခေါ်ယူနေသဖြင့် ရွာခံများ စိုးရိမ် ထိတ်လန့်နေကြောင်း ဒေသခံ သတင်းရင်းမြစ်မျ,ားက ပြောသည်။ အသက် ၁၈ နှစ်မှ ၄၀ အောက် ပြည်သူများ အနေဖြင့် ပြည်သူ့စစ်သင်တန်း တက်ရောက်ကာ စစ်ကောင်စီ လက်အောက်ခံ PNO အတွင်း ဝင်ရောက်ပြီး ဖြစ်သော်လည်း စစ်ကောင်စီတပ် အတွက် တပ်သားသစ် စုဆောင်းရေး ထပ်မံ ခေါ်လာခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ “အစက PNO ဝင်ရင် စစ်ကောင်စီထဲ ဝင်စရာမလိုဘူး ပြောလို့ ပြည်သူ့စစ်သင်တန်းကို အကုန်လုံး

မဲခေါင်၊ ဇန်နဝါရီ ၁၅

တောင်ကြီးမြို့နယ်၊ နောင်လေ ကျေးရွာအုပ်စုတွင် စစ်မှုထမ်း သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို စစ်ကောင်စီက စစ်မှုထမ်းရမည်ဟု ခေါ်ယူနေသဖြင့် ရွာခံများ စိုးရိမ် ထိတ်လန့်နေကြောင်း ဒေသခံ သတင်းရင်းမြစ်မျ,ားက ပြောသည်။

အသက် ၁၈ နှစ်မှ ၄၀ အောက် ပြည်သူများ အနေဖြင့် ပြည်သူ့စစ်သင်တန်း တက်ရောက်ကာ စစ်ကောင်စီ လက်အောက်ခံ PNO အတွင်း ဝင်ရောက်ပြီး ဖြစ်သော်လည်း စစ်ကောင်စီတပ် အတွက် တပ်သားသစ် စုဆောင်းရေး ထပ်မံ ခေါ်လာခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“အစက PNO ဝင်ရင် စစ်ကောင်စီထဲ ဝင်စရာမလိုဘူး ပြောလို့ ပြည်သူ့စစ်သင်တန်းကို အကုန်လုံး ကိုယ့်စရိတ်နဲ့ကိုယ် သွားတက်ပြီး PNO ထဲ ဝင်ထားကြတယ်၊ ရှေ့တန်းသွားရတယ်။ အခုက စစ်တပ်ထဲလည်း သွားရမယ်ဆိုတော့ မသွားချင်ကြဘူး၊ စစ်တပ်ထဲဝင်ရင် ရခိုင်ဖက်လည်း သွားရတယ် ကြားတော့ မသွားချင်ဘူး။ မိဘတွေကလည်း စစ်တပ်ထဲဆို မပေးသွားချင်ဘူး”ဟု နောင်လေအုပ်စု မူးရားရွာ ဒေသခံတစ်ဦးက ပြောသည်။

နောင်လေ ကျေးရွာအုပ်စုကို ယခင်တွင်လည်း စစ်ကောင်စီက စစ်မှုထမ်း ခေါ်ယူခဲ့ဖူးပြီး ယင်းအချိန်တွင် တစ်အိမ် ၅ သောင်း ငွေပေးပြီး ဖြေရှင်းခဲ့ဖူးသော်လည်း ယခု တစ်ကြိမ်တွင်မူ ငွေဖြင့် ဖြေရှင်းရန် ခက်ခဲနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

“အရင်တခေါက်က တစ်အိမ် ၅ သောင်းကောက်ပြီး ငွေပဲ ထည့်ပေးလိုက်တာ အဆင်ပြေတယ်။ အခု တစ်ခေါက်ကျ အဲလောက်ငွေနဲ့ မရတော့ဘူး ဆိုတော့ တအိမ်တစ်သိန်း ကောက်ပြီး ငွေပဲထည့်ဖို့ ပြန်ညှိနေတယ်။ စစ်တပ်ဘက်က သဘောတူမတူ မသိသေးဘူး”ဟု နောင်လေ ဒေသခံတစ်ဦးက ပြောသည်။

ထို့သို့ PNO ထဲဝင်ပြီး ဖြစ်သော်လည်း စစ်ကောင်စီက စစ်မှုထမ်း ထပ်ခေါ်မှုအတွက် PNO က ကူညီ ဖြေရှင်းပေးရန် ဒေသခံများက အကူအညီ တောင်းသော်လည်း ၎င်းတို့က ငြင်းဆန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီမှာရှိတဲ့ PNO ဗဟိုလုံခြုံရေး တပ်ရင်းကို စစ်တပ်ကို ညှိပေးဖို့ သွားအကူအညီ တောင်းတာ သူတို့နဲ့ မဆိုင်ဘူး အဲဒါ စစ်တပ်အလုပ် စစ်တပ်လုပ်တာ သူတို့ဘာမှ လုပ်ပေးလို့ မရဘူးတဲ့”ဟု ၎င်းက ဆိုသည်။

ပအိုဝ်းဒေသတွင် PNO နှင့် စစ်ကောင်စီက အပြိုင်အဆိုင် စစ်မှုထမ်း ခေါ်ယူနေမှုကြောင့် လူငယ် အများအပြားမှာ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ထွက်ပြေး တိမ်းရှောင် နေကြရသည်။

#MeKongNews
#တောင်ကြီး
#နောင်လေ
#စစ်ကောင်စီ
#စစ်မှုထမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now