နေ့စဥ်သတင်း

ရှမ်းတောင်ထွက် လက်ပံပွင့် အူတိုင်အခြောက် တရုတ် ဈေးကောင်း ပေးဝယ်

မဲခေါင် 13 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၃ ရှမ်းပြည်တောင်ပိုင်းမှ ထွက်သော လက်ပံပွင့် အူတိုင်အခြောက်ကို တရုတ်ပွဲစားများက တစ်ပိဿာ ၆ ထောင် ကျပ်ဖြင့် ဈေးကောင်းပေး ဝယ်ယူလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နှစ်တွင် လက်ပံအူတိုင်ကို တစ်ပိဿာ ၄ ထောင်ကျပ်ဖြင့် ဝယ်ယူကြပြီး ယခုနှစ်တွင် တစ်ပိဿာ ၆ ထောင်ကျပ်ဖြင့် ဝယ်ယူသဖြင့် စားဝတ်နေရေး အခိုက်အတန့် ပြေလည်စေကြောင်း ဒေသခံများက ဆိုသည်။ “အခု တစ်နှစ်က အလယ်အူတိုင်ပဲ ဝယ်တယ်။ အရင်နှစ်ဆို အပွင့်လိုက်ရော၊ အလယ်အူတိုင်ရော ၂ မျိုးဝယ်တယ်။ ဝယ်တဲ့သူရှိတော့ ရှာကောက်တဲ့သူလည်း များတယ်။ “ဟု အင်းလေး ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။ လက်ပံပွင့်အူတိုင်ကို

မဲခေါင်၊ ဇန်နဝါရီ ၁၃

ရှမ်းပြည်တောင်ပိုင်းမှ ထွက်သော လက်ပံပွင့် အူတိုင်အခြောက်ကို တရုတ်ပွဲစားများက တစ်ပိဿာ ၆ ထောင် ကျပ်ဖြင့် ဈေးကောင်းပေး ဝယ်ယူလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နှစ်တွင် လက်ပံအူတိုင်ကို တစ်ပိဿာ ၄ ထောင်ကျပ်ဖြင့် ဝယ်ယူကြပြီး ယခုနှစ်တွင် တစ်ပိဿာ ၆ ထောင်ကျပ်ဖြင့် ဝယ်ယူသဖြင့် စားဝတ်နေရေး အခိုက်အတန့် ပြေလည်စေကြောင်း ဒေသခံများက ဆိုသည်။

“အခု တစ်နှစ်က အလယ်အူတိုင်ပဲ ဝယ်တယ်။ အရင်နှစ်ဆို အပွင့်လိုက်ရော၊ အလယ်အူတိုင်ရော ၂ မျိုးဝယ်တယ်။ ဝယ်တဲ့သူရှိတော့ ရှာကောက်တဲ့သူလည်း များတယ်။ “ဟု အင်းလေး ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ပံပွင့်အူတိုင်ကို ကျေးရွာအထိ တရုတ်ပွဲစားများက လာရောက် ဝယ်ယူသည ့်အပြင် အောင်ပန်းမြို့ ပွဲရုံများတွင် လည်း ဝယ်ယူလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ရှမ်းတောင်ဘက်ထွက်တဲ့ လက်ပံကိုပဲ ဝယ်ယူပါတယ်။ တရုတ် ဝယ်လက် အရမ်းများတယ်။ ကုန်ချိန် အကန့်အသတ်မရှိ ဝယ်ယူတယ်။ အညာဘက်နဲ့ တခြားဒေသထွက်တဲ့ လက်ပံတော့ မယူသေးဘူး။ ရှမ်း တောင်ဘက် ထွက်တဲ့ လက်ပံက ဆေးဖက်ဝင်တယ် ‌တရုတ်တွေက ဆေးဖော်တဲ့ နေရာမှာသုံးတယ်”ဟု အောင်ပန်းမြို့ ကုန်စိမ်း ဒိုင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ပံပွင့်သည် ဆီးချို၊ သွေးတိုး၊ ပန်းသေနှင့် မီးယပ်သမားများအတွက် ဆေးကောင်း တစ်ခွက်ဖြစ်စေပြီး ရင်သားကင်ဆာ၊ လေးဖက်နာ ရောဂါများအတွက် အကိုင်းနှင့် အမြစ်ကို သွေးလိမ်းပါက ရောဂါပိုး သေစေနိုင်ဟု ဆိုကြသည်။

လက်ပံပွင့်များမှာ ရှမ်းပြည်တောင်ပိုင်းရှိ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ရာသီဥတုပူနွေးသော ဒေသများတွင် အများဆုံး ပွင့်ဖူးကြသည်။

#MeKongNews
#ရှမ်းတောင်
#လက်ပံပွင့်
#တရုတ်
#ဈေးကောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now