မဲခေါင်၊ ဒီဇင်ဘာ ၂၄
ယူကရိန်း ဒရုန်းဖြင့် ရုရှား မြင်းစီး စစ်သည်တစ်ဦးကို သုတ်သင်သည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီးနောက် ၂၁ ရာစုအ တွင်း ဖြစ်ပွားသည့် ခေတ်သစ်စစ်ပွဲမှာပင် ရုရှားက မြင်းတပ်သားများကို အသုံးပြုနေကြောင်း အထင်အရှား တွေ့ခဲ့ရသည် ။
ယင်းမှာ ခါကိဗ်မြို့တွင် ဖြစ်ပွားခဲ့သည့် မြင်ကွင်းဖြစ်ကာ ရုပ်သံထဲ၌ ရုရှားစစ်သား ၂ ဦး ကွင်းပြင်ထဲ မြင်းစီးလာစဉ် ရှေ့မှ မြင်စီးစစ်သားအား ယူကရိန်းဒရုန်းက တိုက်ရိုက် ဝင်တိုက်ကာ သုတ်သင်ခဲ့သည်ကို တွေ့ရပြီး နောက် မြင်းက လှည့်ပြေးသွားရာတွင် စစ်သား ကျကျန်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
ယခု ရုပ်သံကို ခါကိဗ် စစ်မျက်နှာတွင် ထိုက်ခိုက်နေသော ယူကရိန်း အမှတ် – ၉၂ လေကြောင်းတိုက်ခိုက်ရေး တပ်မဟာက ထုတ်ပြန်ခြင်း ဖြစ်သည်။
ရုရှားတပ်များ၌ မြင်းတပ်သား လူသိရှင်ကြား အသုံးပြုသည်မှာ ဆိုဗီယက်ခေတ် ၁၉၅၅ ခုနှစ်က နောက်ဆုံးဖြစ်ပြီး ယခု ပြန်လည်၍ မြင်းစီးစစ်သည်များကို တိုက်ခိုက်ရေး သင်တန်းများပေးကာ ရှေ့တန်း စစ်မျက်နှာပြင်သို့ ပူတင်က စေလွှတ်နေခြင်း ဖြစ်သည်။
ယင်းလေ့ကျင့်မှုများတွင် စစ်သားတစ်ဦးက မြင်းဇာတ်ကြိုးကို ထိန်းချုပ်ကာ နောက်တစ်ဦးက စက်သေနတ်ဖြင့် ပစ်ခတ်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ရုရှားသမ္မတ ပူတင်သည် ခေတ်သစ် စစ်ပွဲမှာပင် ရှေးရိုးစွဲ အယူအဆကို ဆုပ်ကိုင်ထားပြီး မြင်းစီးစစ်သည် သုံးနေရုံသာမက ယူကရိန်းအရှေ့ပိုင်း စစ်မျက်နှာ၌ ရုရှားစစ်သည် အပြည့်ပါသည့် အဖြူရောင် ပစ်ကပ်ကားနောက်၌ ကုလားအုတ်ကိုလည်း ကြိုးဖြင့်ဆွဲပြီး ဒုန်းစိုင်း ပြေးခိုင်းနေသည့် မြင်ကွင်းလည်း ခဲ့ရသေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ခေတ်သစ်စစ်ပွဲ
#မြင်းတပ်သား
#ပူတင်
#ယူကရိန်းဒရုန်း








