နေ့စဥ်သတင်း

ဖွင့်ပွဲအပြီးနောက်ရက်မှာပင် ကမ္ဘောဒီးယားအားကစားသမားအားလုံး ဆီးဂိမ်းမှ နုတ်ထွက်

မဲခေါင် 10 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၀ ဒီဇင်ဘာ ၉ ရက်နေ့က ၃၃ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကို အိမ်ရှင်ထိုင်းနိုင်ငံက ကျင်းပအပြီး ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းမှာပင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ၂ ရက်ဆက် တိုက်ပွဲ ပြင်းထန်မှုများကြောင့် ကမ္ဘောဒီးယားအားကစားသမားများအားလုံး ဆီဂိမ်းပြိုင်ပွဲမှ နုတ်ထွက်ကြောင်း အရှေ့တောင်အာရှအားကစားပွဲအဖွဲ့ချုပ်ထဲ ကမ္ဘောဒီးယားအိုလံပစ်ကော်မတီက အကြောင်းကြားစာ တင်သွားခဲ့ပြီ ဖြစ်သည်။ ကမ္ဘောဒီးယားအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဗတ်ချမ်ရူအန်က နုတ်ထွက်စာထဲတွင် ထိုင်း အိုလံပစ်ကော်မတီ၊ ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ ကမ္ဘောဒီးယား အားကစားသမားများအပေါ် အကောင်းဆုံးနွေးထွေးစွာ ဆက်ဆံပေးခြင်း၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကူညီဖေးမခြင်း၊ နားလည်မှုပေးခြင်းများအတွက် အထူးကျေးဇူးတင်ကြောင်း၊ သို့သော် လုံခြုံရေးအခြေအနေကြောင့် အားကစားသမားအားလုံး ၃၃ ကြိမ်မြောက် ဆီးဂိမ်းမှ နုတ်ထွက်ရသည့်အတွက်

မဲခေါင်၊ ဒီဇင်ဘာ ၁၀

ဒီဇင်ဘာ ၉ ရက်နေ့က ၃၃ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကို အိမ်ရှင်ထိုင်းနိုင်ငံက ကျင်းပအပြီး ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းမှာပင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ၂ ရက်ဆက် တိုက်ပွဲ ပြင်းထန်မှုများကြောင့် ကမ္ဘောဒီးယားအားကစားသမားများအားလုံး ဆီဂိမ်းပြိုင်ပွဲမှ နုတ်ထွက်ကြောင်း အရှေ့တောင်အာရှအားကစားပွဲအဖွဲ့ချုပ်ထဲ ကမ္ဘောဒီးယားအိုလံပစ်ကော်မတီက အကြောင်းကြားစာ တင်သွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘောဒီးယားအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဗတ်ချမ်ရူအန်က နုတ်ထွက်စာထဲတွင် ထိုင်း အိုလံပစ်ကော်မတီ၊ ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ ကမ္ဘောဒီးယား အားကစားသမားများအပေါ် အကောင်းဆုံးနွေးထွေးစွာ ဆက်ဆံပေးခြင်း၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကူညီဖေးမခြင်း၊ နားလည်မှုပေးခြင်းများအတွက် အထူးကျေးဇူးတင်ကြောင်း၊ သို့သော် လုံခြုံရေးအခြေအနေကြောင့် အားကစားသမားအားလုံး ၃၃ ကြိမ်မြောက် ဆီးဂိမ်းမှ နုတ်ထွက်ရသည့်အတွက် အနူးအညွတ် တောင်းပန်သည်ဟု ထည့်သွင်းရေးသားထားသည်။

ထိုင်းအားကစားအာဏာပိုင်အဖွဲ့အစည်းဘက်မှမူ မည်သည့်မှတ်ချက်မျှ မပေးသေးပေ။ ဆီးဂိမ်းဖွင့်ပွဲတွင် အိမ်ရှင်ထိုင်းအသင်းသည် အာဆီယံ ဆိုသည်မှာ ပင်လယ်ဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို တစ်ခုတည်း ဖြစ်စေရန် သိုင်းယှက်ထားသည်ဆိုသည့်အဓိပ္ပါယ်ရသော (We Are One – Connected By the Sea) ဆောင်ပုဒ်ကို ထားရှိသော်လည်း ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသတွင် ဖိုက်တာဂျက်လေယာဉ်များ အသုံးပြုကာ ၂ ရက်ဆက် ပြင်းထန်စွာ တိုက်ခိုက်နေသလို ကမ္ဘောဒီးယားဘက်မှလည်း BM 21 ရောကတ်များဖြင့် ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် သေဆုံးမှုများ တိုးပွားလာပြီး စစ်ဘေးရှောင်များလည်း သောင်းချီရှိလာပြန်သည်။

ကိုကလင်း
Ref: onesports
#MeKongNews
#ဆီးဂိမ်း
#အာဆီယံ
#ကမ္ဘောဒီးယား
#ထိုင်းနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now