နေ့စဥ်သတင်း

မိုင်းလားရဲတပ်ဖွဲ့ လက်အောက်ခံ လုံခြုံရေးများ ဆိုင်ကယ်ဖမ်းရာတွင် ကြမ်းတမ်းရိုင်းစိုင်းစွာ ပြည်သူကိုဆက်ဆံ

မဲခေါင် 10 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၀ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့ရှိ အထူးဒေသ – ၄ ရဲတပ်ဖွဲ့မှ တစ်ဆင့်ခံ တာဝန်ပေးထားသော ပေါင်အမ်းဟု ခေါ်သည့် လုံခြုံရေးများက ဆိုင်ကယ် ဖမ်းဆီးမှုများတွင် ကြမ်းတမ်း၊ ရိုင်းစိုင်းစွာ လုပ်ဆောင်နေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ၎င်းတို့သည် ပြည်မနှင့် အခြားနေရာများမှ လာရောက်သူများ ဖြစ်ကြပြီး ဆိုင်ကယ်ဖမ်းဆီးရာ၌ ပြည်သူများအား အော်ဟစ်ဆဲဆိုခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ လုပ်နေကြောင်း ဒေသခံများက ပြောသည်။ “ဆိုင်ကယ်ဖမ်းတာနဲ့ မတူဘူး၊ ဓားပြတိုက်နေသလိုပဲ။ ပြည်သူကိုလည်း အော်လိုက် ဆဲလိုက်နဲ့။ ယာဉ်ဖမ်းရင်လည်း ဒဲ့ဖမ်းပေါ့၊ ပုန်းပြီး ခိုးကြောင်ခိုးဝှက် ဖမ်းတယ်။ ဝန်ထမ်းတွေ လုပ်နေပြီး အသိပညာကို မရှိဘူး။

မဲခေါင်၊ ဒီဇင်ဘာ ၁၀

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့ရှိ အထူးဒေသ – ၄ ရဲတပ်ဖွဲ့မှ တစ်ဆင့်ခံ တာဝန်ပေးထားသော ပေါင်အမ်းဟု ခေါ်သည့် လုံခြုံရေးများက ဆိုင်ကယ် ဖမ်းဆီးမှုများတွင် ကြမ်းတမ်း၊ ရိုင်းစိုင်းစွာ လုပ်ဆောင်နေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

၎င်းတို့သည် ပြည်မနှင့် အခြားနေရာများမှ လာရောက်သူများ ဖြစ်ကြပြီး ဆိုင်ကယ်ဖမ်းဆီးရာ၌ ပြည်သူများအား အော်ဟစ်ဆဲဆိုခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ လုပ်နေကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကယ်ဖမ်းတာနဲ့ မတူဘူး၊ ဓားပြတိုက်နေသလိုပဲ။ ပြည်သူကိုလည်း အော်လိုက် ဆဲလိုက်နဲ့။ ယာဉ်ဖမ်းရင်လည်း ဒဲ့ဖမ်းပေါ့၊ ပုန်းပြီး ခိုးကြောင်ခိုးဝှက် ဖမ်းတယ်။ ဝန်ထမ်းတွေ လုပ်နေပြီး အသိပညာကို မရှိဘူး။ သတင်းပေါ်က ဓာတ်ပုံထဲမှာတော့ ဦးထုပ်ဆောင်း၊ လိုင်စင်လုပ်ဆိုပြီး ယာဉ်ဖမ်းတဲ့ပုံတွေတင်တော့ ယဉ်ယဉ်ကျေးကျေးနဲ့ လူတွေကို လုပ်ပြနေကြတာ။ အပြင်မှာတော့ တခြားဆီ။ လူတွေကို သူတို့ကျွန်တွေကျနေတာပဲ အော်ဆဲတယ်။ ဂုတ်တွေဆွဲပြီး ဖမ်းတယ်။ မိန်းကလေး တစ်ယောက်တည်းကိုလည်း ဆိုင်ကယ် ပြန်မလိုချင်တော့ဘူးလား ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခင်က ညပိုင်းတွင်သာ ဖမ်းဆီးခဲ့သော်လည်း လက်ရှိ၌ နံနက်ပိုင်းနှင့် နေ့ခင်းတွင်လည်း ဖမ်းဆီးလာသည်ဟု ဆိုသည်။

မိုင်းလား၌ ဆိုင်ကယ် ဦးထုပ်မပါလျှင် ဒဏ်ရိုက်သဖြင့် လူတိုင်းနီးပါး ဦးထုပ်ဆောင်းလာကြပြီး ယခုတွင် လိုင်စင်ပါ လုပ်ခိုင်းလာကြောင်း သိရသည်။

“ဒီမှာ တော်သင့်ရုံ ဆိုင်ကယ်ဆို ယွမ် ၆၀၀ လောက်နဲ့ ဝယ်လို့ရတယ်၊ လိုင်စင် ကိုယ်တိုင်ဆောင်ရင် ယွမ် ၆၀၀ က ဆိုင်ကယ်တစ်စီးစာရှိတော့ မဆောင်ကြဘူး။ ဖမ်းခံရလို့ ဆောင်ရရင် ဆိုင်ကယ်က ၆၀၀၊ လူလိုင်စင်က ၁၀၀၊ ဦးထုပ် ဟိုဟာ ဒီဟာနဲ့ ဒဏ်ကြေးက ၂၃၀ ဆိုတော့ ၁၀၀၀ လောက်ကျတာ။ လူတွေက စီးပွားရေး ကျပ်နေကြတော့ ယာဉ်လိုင်စင် မလုပ်ချင်ကြဘူးလေ” ဟု မူဆယ်မှ မိုင်းလားတွင် အလုပ်လာလုပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဆိုင်ကယ်ဖမ်းခံရသဖြင့် ဒဏ်ကြေး‌ ဆောင်ရခြင်းကို လက်ခံနိုင်သော်လည်း ကြမ်းတမ်းရိုင်းစိုင်းစွာ ဆက်ဆံမှုကို မိုင်းလားမှ တာဝန်ရှိသူများ သိစေလိုကြောင်း ဒေသခံများက ပြောသည်။

#MeKongNews
#မိုင်းလား
#ပေါင်အမ်း
#ဆိုင်ကယ်ဖမ်း
#ကြမ်းတမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now