နေ့စဥ်သတင်း

မြန်မာ့အခြေအနေ ထင်ဟပ်စေမည့် DVB Peacock ရုပ်ရှင်ပွဲတော် ချင်းမိုင်တွင် ကျင်းပမည်

မဲခေါင် 1 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁ မြန်မာနိုင်ငံတွင် ပြည်သူများခံစားနေရသည့် အခြေအနေများကို ထင်ဟပ်စေမည့် DVB Peacock Film Festival ပွဲတော်ကို ဒီမိုကရက်တစ်မြန်မာ့အသံ – DVB မှ ဦးစီးကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ချင်းမိုင်တက္ကသိုလ်ရှိ Communication Innovation Center – IC တွင် သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲတာဝန်ရှိသူများထံမှ သိရသည်။ ဒီဇင်ဘာ ၈ ရက်တွင် စတင်မည့် ယင်းပွဲတော်ကို ချင်းမိုင်မြို့ DVB ရုံးချုပ်မှ နိုဝင်ဘာ ၃၀ ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။ “Giving Voice to the Voiceless” ဟု

မဲခေါင်၊ ဒီဇင်ဘာ ၁

မြန်မာနိုင်ငံတွင် ပြည်သူများခံစားနေရသည့် အခြေအနေများကို ထင်ဟပ်စေမည့် DVB Peacock Film Festival ပွဲတော်ကို ဒီမိုကရက်တစ်မြန်မာ့အသံ – DVB မှ ဦးစီးကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ချင်းမိုင်တက္ကသိုလ်ရှိ Communication Innovation Center – IC တွင် သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲတာဝန်ရှိသူများထံမှ သိရသည်။

ဒီဇင်ဘာ ၈ ရက်တွင် စတင်မည့် ယင်းပွဲတော်ကို ချင်းမိုင်မြို့ DVB ရုံးချုပ်မှ နိုဝင်ဘာ ၃၀ ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

“Giving Voice to the Voiceless” ဟု အမည်ရှိ ရုပ်ရှင်ခေါင်းစဉ်နှင့် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ၏ လက်တွေ့ ဘဝ အခြေအနေများကို ထင်ဟပ်စေသော မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းများကို ပြသသွားမည် ဖြစ်သည်။

ထို့ပြင် ပွဲတော်တွင် ပြည်သူပြည်သား သတင်းသမားများ ရိုက်ကူး ထုတ်လုပ်သော Ci Shots 2025 ရုပ်သံဆောင်းပါး အပါအဝင် ရုပ်ရှင်ကားပေါင်း ၃၀ ကျော်ကို ပြသသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းတို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု၊ စစ်ဘေးရှောင်များ၏ ဘဝဒုက္ခများနှင့် ပဋိပက္ခဒဏ် ခံနေရသည့် လူမှုအသိုက်အဝန်း၏ ကြံ့ခိုင်မှု စသည့် အကြောင်းအရာများကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်များ ဖြစ်ကြောင်း DVB PFF ၏ ပွဲစီစဉ်သူ မချမ်းသီရိစိုးက ပြောသည်။

“ဒီပွဲတော်ဟာ အရုပ်တွေ အသံတွေကို ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မဟုတ်ပါဘူး၊ ကျမတို့ ပြည်သူတွေရဲ့ မှတ်တမ်းတွေ၊ ဂုဏ်သိက္ခာတွေ၊ မျှော်လင့်ချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့မှာ ရှိတဲ့ဘတ်ဂျက်နဲ့ ဒီပွဲ ဖြစ်မြောက်ရေးအတွက် အကန့်အသတ်တွေ ရှိနေပေမယ့် မြန်မာပြည်က အသံတွေကို ကမ္ဘာတစ်ဝှမ်းက ကြားနိုင်တဲ့အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ရုပ်ရှင်ပွဲတော်ကို ဝင်ကြေး သတ်မှတ်ထားခြင်းမရှိဘဲ အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ပြီး ချင်းမိုင်မြို့ ရှိ မြန်မာနိုင်ငံသားများနှင့် တိုင်းရင်းသား လူမျိုးစုအားလုံး လာရောက် ကြည့်ရှုနိုင်‌ကြောင်းလည်း အသိပေးထားသည်။

ယင်းပွဲတော်ကို လာမည့်နှစ်တွင်လည်း ဆက်လက် ပြုလုပ်သွားရန်ရှိပြီး ရုပ်ရှင်ထုတ်လုပ်မှု ကုန်ကျစရိတ်များကို DVB က ပံ့ပိုးကူညီသွားမည် ဖြစ်‌ကြောင်းလည်း မချမ်းသီရိစိုးက မီဒီယာမိတ်ဆက်ပွဲတွင် ပြောသည်။

#MeKongNews
#DVB_Peacecock
#ရုပ်ရှင်ပွဲတော်
#ချင်းမိုင်မြို့
#Giving_Voice_to_the_Voiceless

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now