နေ့စဥ်သတင်း

ရွာငံ မြင်းကျဒိုး ပျူစောထီးခေါင်းဆောင်နှင့် တပည့် ၂ ဦး ပစ်သတ်ခံရ

မဲခေါင် 30 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၃၀ ဈေးတွင် ကားဖြင့် အသားသွားရောင်းသည့် မြင်းကျဒိုး ပြည်သူ့စစ်ခေါင်းဆောင်နှင့် တပည့် ၂ဦးကို ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ ပင်းတယ-ရွာငံသွားကားလမ်းမပေါ်ရှိ မြင်းမူကျေးရွာ ကုန်းအတက်တွင် လက်နက်ကိုင်တစ်ဖွဲ့မှ ပစ်ခတ်သွားသည့်အတွက် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။​ နိုဝင်ဘာ ၂၈ ရက် နံနက်၁၀နာရီ ခွဲခန့်က ပင်းတယ-ရွာငံသွားကားလမ်းပေါ် ကျုံးရွာနှင့် ပဲယင်းတောင်ရွားအကြား မြင်းမူရွာ ကုန်းအတက်၌ လက်နက်ကိုင်တစ်ဖွဲ့က Hijet ကားတစ်စီးကို ပစ်ခတ်သဖြင့် သေဆုံးသွားခြင်းဖြစ်ပြီး ကားလည်း ပျက်စီးကြောင်း မျက်မြင်တွေ့သည့် ဒေသခံများက ပြောသည်။ “သေတာ ရွာငံ မြင်းကျဒိုးပျူခေါင်းပေါင်း ဦးဝင်းမြင့်နဲ့သူ့တပည့် နှစ်ယောက်လို့ပြောတယ်။ အဲလမ်းပေါ်သွားနေတဲ့ တခြားကားတွေလည်း ရှပ်မှန်တာတွေရှိတယ်၊ ရဲတွေ တပ်တွေ​ရောက်လာတယ်”ဟု

မဲခေါင်၊ နိုဝင်ဘာ ၃၀

ဈေးတွင် ကားဖြင့် အသားသွားရောင်းသည့် မြင်းကျဒိုး ပြည်သူ့စစ်ခေါင်းဆောင်နှင့် တပည့် ၂ဦးကို ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ ပင်းတယ-ရွာငံသွားကားလမ်းမပေါ်ရှိ မြင်းမူကျေးရွာ ကုန်းအတက်တွင် လက်နက်ကိုင်တစ်ဖွဲ့မှ ပစ်ခတ်သွားသည့်အတွက် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။​

နိုဝင်ဘာ ၂၈ ရက် နံနက်၁၀နာရီ ခွဲခန့်က ပင်းတယ-ရွာငံသွားကားလမ်းပေါ် ကျုံးရွာနှင့် ပဲယင်းတောင်ရွားအကြား မြင်းမူရွာ ကုန်းအတက်၌ လက်နက်ကိုင်တစ်ဖွဲ့က Hijet ကားတစ်စီးကို ပစ်ခတ်သဖြင့် သေဆုံးသွားခြင်းဖြစ်ပြီး ကားလည်း ပျက်စီးကြောင်း မျက်မြင်တွေ့သည့် ဒေသခံများက ပြောသည်။

“သေတာ ရွာငံ မြင်းကျဒိုးပျူခေါင်းပေါင်း ဦးဝင်းမြင့်နဲ့သူ့တပည့် နှစ်ယောက်လို့ပြောတယ်။ အဲလမ်းပေါ်သွားနေတဲ့ တခြားကားတွေလည်း ရှပ်မှန်တာတွေရှိတယ်၊ ရဲတွေ တပ်တွေ​ရောက်လာတယ်”ဟု ခရီးကြုံ မျက်မြင်တွေ့သူ တစ်ဦးက မဲခေါင်သို့ ပြောသည်။

မင်းကျဒိုးကျေးရွာတွင် နေထိုင်သည့် ဦးဝင်းမြင့်နှင့် ၎င်း၏တပည့်နှစ်ဦးသည် ကျုံးဈေးသို့ Hijet ကားဖြင့် အသားသွားရောင်းရာ မြင်းမူသဲကျင်းအကျော် ပဲရင်းတောင်ကျေးရွာ‌အနီးတွင် အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရသည့် ဦးဝင်းမြင့်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြည်သူများအပေါ် ဆက်ကြေးကောက် ခြိမ်းခြောက်ပြီး အာဏာသိမ်းစစ်တပ်ကို ရွာများသို့လမ်းပြခေါ်ဆောင်ကာ ရွာသားများကို ဖမ်းဆီးသည်များကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၎င်း၏လမ်းပြမှုဖြင့် စစ်ကောင်စီတပ်သည် ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသလို တော်လှန်ရေးအင်အားစုများနှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ကျောက်ကထိကျေးရွာမှအမျိုးသား ၃ဦး၊ သိမ်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦး၊ ပဲရင်းတောင်ကျေးရွာမှ အမျိုးသား ၂ဦးနှင့် အမျိုးသမီး တစ်ဦး၊ နွားဘန်းကြီးကျေးရွာနှင့် အမျိုးသား ၂ဦး၊ ငါးဆူကျေးရွာမှ အမျိုးသား ၃တို့ကို ဖမ်းဆီးသွားခဲ့ပြီး ယခုထိ အဖမ်းခံရသူများ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နယ်မြေအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များကမူ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

“ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာ မသိရသေးဘူး။ ဦးဝင်းမြင့်က စစ်တပ်အတွက် လူစုပေးတာတွေ သတင်းပေးတာတွေလည်း လုပ်တယ်။ ပြီးရင် ပျူစောထီးတွေကို သင်တန်းပေးနေတဲ့သူဖြစ်တယ်။ တော်လှန်ရေးအဖွဲ့တွေလည်း သူ့ကို ခနခနလုပ်ကြံတယ်၊ မသေဘဲလွှတ်နေတာ” ဟု ဒေသခံ သတင်းရင်းမြစ်က မဲခေါင်သို့ပြောသည်။

ဦးဝင်းမြင့်နှင့် အဖွဲ့ဝင် ၂ဦး ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ရောက်လာပြီး ပဲရင်းတောင်ရွာထဲနှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် လုံခြုံရေး လာယူနေကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် ညပိုင်းကလည်း အောင်ပန်း- ရွာငံကားလမ်းပေါ်ရှိ မြိုင်ကျေးရွာတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက် ကိုင်တစ်ဖွဲ့က သတ်ဖြတ်သွားသည့် ဖြစ်စဥ်ရှိခဲ့သေးသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ရက်ကလည်း DSNDAက ရိက္ခာသယ်ပြီးပြန်လာသည့် စစ်ကော်မရှင်တပ်ကို ရွာငံမြို့နယ်၊ ရနဲကျေးရွာအနီးမှာ ပျောက်ကြားတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဖက်က ၂ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဥ်ရှိခဲ့သေးသည်။

#MeKongNews
#ရွာငံ
#မြင်းကျဒိုး
#ပျူစောထီး
#ပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now