နေ့စဥ်သတင်း

တရားမဝင်ကုန် နာမည်တပ်ပြီး ရပ်စောက်၌ စစ်ကောင်စီ ကုန်ကားဖမ်းပွဲလုပ်နေ

မဲခေါင် 28 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၈ ရှမ်းမြောက်မှ တရားမဝင်ကုန်စည် တင်ဆောင်သည်ဟုဆိုကာ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၌ စစ်ကောင်စီတပ်က ကားများကို လိုက်လံဖမ်းဆီးနေရာ နိုဝင်ဘာ ၂၆ ရက်တွင်လည်း ကုန်ကား ၄ စီး ထပ်မံဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းကားများတွင် တရုတ်ပြည်ထွက် ကြက်သွန်ဖြူများ တင်ဆောင်ထားကြောင်း သိရပြီး အခြားကား ၁၀ စီးကျော်ကို လိုက်လံ ဖမ်းဆီးသော်လည်း မမိခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ညောင်ပင်သာ ကိုရင်လေးကျောင်းကို ၁၀ စီး ဖြတ်ပြေးကြတယ် လိုက်တာမမီကြလို့တဲ့။ အခုက ၄ စီးပဲမိတာ”ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ကလည်း နောင်ဝိုး –

မဲခေါင်၊ နိုဝင်ဘာ ၂၈

ရှမ်းမြောက်မှ တရားမဝင်ကုန်စည် တင်ဆောင်သည်ဟုဆိုကာ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၌ စစ်ကောင်စီတပ်က ကားများကို လိုက်လံဖမ်းဆီးနေရာ နိုဝင်ဘာ ၂၆ ရက်တွင်လည်း ကုန်ကား ၄ စီး ထပ်မံဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကားများတွင် တရုတ်ပြည်ထွက် ကြက်သွန်ဖြူများ တင်ဆောင်ထားကြောင်း သိရပြီး အခြားကား ၁၀ စီးကျော်ကို လိုက်လံ ဖမ်းဆီးသော်လည်း မမိခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ညောင်ပင်သာ ကိုရင်လေးကျောင်းကို ၁၀ စီး ဖြတ်ပြေးကြတယ် လိုက်တာမမီကြလို့တဲ့။ အခုက ၄ စီးပဲမိတာ”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ကလည်း နောင်ဝိုး – ရပ်စောက် လမ်းကြောင်းမှ ဖမ်းမိသည့် ကုန်ကား ၆၀ ခန့်နှင့် ယာဥ်မောင်းများကို စစ်ကောင်စီ ရပခဗျူဟာမှူးကိုယ်တိုင် ကွင်းဆင်းဖမ်းဆီးကာ တပ်နယ်တွင် ထိန်းသိမ်းထားပြီးနောက် နိုဝင်ဘာ ၁၆ ရက်တွင် ရပ်စောက်ရဲစခန်းသို့ လွှဲအပ်အမှုဖွင့်ခဲ့ပြီး ယခု ထပ်မံဖမ်းဆီးခြင်းဖြစ်သည်။

ဖမ်းမိထားသည့် ကုန်တင်ယာဥ်များမှ ယာဥ်မောင်းများကို စစ်တပ်၊ စရဖ၊ ရဲများမှ လာရောက် စစ်ဆေးနေကြသည်ဟု ရပ်စောက်ဒေသခံတစ်ဦးက ပြောသည်။

“လာတော့စစ်နေကြတယ်။ ပစ္စည်းအမျိုးအစား အရေအတွက်တွေကို ခုထိတော့ ဘယ်လိုချမှတ်မယ် မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

“ရပ်စောက်မြို့မှာ မိထ္ထီလာရဲမှူး၊ ဟိုရဲမှူး၊ ဟိုစစ်တပ်၊ စရဖ၊ လူကြီးတွေ စုံပလုံနေအောင် ဖမ်းထားတဲ့ ကားကိစ္စတွေနဲ့ ပတ်သက်ပြီး အစစ်ဆေးတွေ လာလုပ်နေကြပါတယ်ဆိုမှ ထပ်ပြီးကား ၄ စီး ထပ်ဖမ်းခံရ ပြန်တယ်”ဟု အခြား ဒေသခံတစ်ဦးကလည်း ၎င်း၏ လူမှုကွန်တွင် ရေးသားထားသည်။

ယင်းဖမ်းဆီးမှုများ မတိုင်ခင် မူဆယ် ၁၀၅ မိုင်က ထွက်လာသည့် ကုန်ကားအားလုံးကို တားမြစ်ဖမ်းဆီးရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း ကုန်သည်များထံမှ သိရသည်။

#MeKongNews
#ရပ်စောက်
#တရားမဝင်ကုန်
#စစ်ကောင်စီ #ကားဖမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now