ဆောင်းပါး

ပြည်တွင်းရုန်းကန်မှုများနှင့် မဟာဗျူဟာမြောက်တွက်ချက်မှုလွဲမှားခြင်းများအား ထင်ဟပ်စေသည့် တရုတ်၏ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်ကျအကျပ်အတည်း

မဲခေါင် 27 Nov - 2025
~ လင်းမောင် ~ စီးပွားရေးမြင့်တက်မှု၊ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးနိုင်မှုများ ချဲ့ထွင်လာနိုင်သည်ဆိုသော်လည်း တရုတ်သည် နိုင်ငံတကာစင်မြင့်ထက်တွင် အနှောင့်အယှက်ဖြစ်စေခြင်းနှင့်ဝေဖန်ခံရမှုများသာ တကယ် တမ်းပိုမိုပိုက်ထွေးလာရသည်။ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်း ယိုယွင်းလာမှုကို ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု သို့မဟုတ် အနောက်တိုင်းဘက်လိုက်မှု မှန်ဘီလူးတစ်ခုတည်းဖြင့် ရှုမြင်တော့မည်မဟုတ်ပေ။ မဟာမိတ်များနှင့်ကင်းကွာလာမှုနှင့် ပြည်တွင်းလုပ်ဆောင်ချက်တချို့၊ ပြည်ပ ခြေလှမ်းအမှားများ၏ အကျိုးဆက်အဖြစ် သံသယထားခံရမှုမြင့်တက်လာရသည်က နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်နေသည်။ တရုတ်၏ ကမ္ဘာ့ခြေကုပ်ယူမှု ကျယ်ပြန့်လာခြင်းသည် ကြည်ညိုလေးစားစရာအဖြစ်ဟု ဘာသာပြန်ဆို မရနိုင်ပေ။ Belt and Road Initiative (BRI) ဆိုသည့် ကမ္ဘာချီသော ခါးပတ်လမ်းမှ တစ်ဆင့် တရုတ်သည် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများတွင် အခြေခံအဆောက်အအုံးများ၌ ကြီးမားသော

~ လင်းမောင် ~

စီးပွားရေးမြင့်တက်မှု၊ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးနိုင်မှုများ ချဲ့ထွင်လာနိုင်သည်ဆိုသော်လည်း တရုတ်သည် နိုင်ငံတကာစင်မြင့်ထက်တွင် အနှောင့်အယှက်ဖြစ်စေခြင်းနှင့်ဝေဖန်ခံရမှုများသာ တကယ် တမ်းပိုမိုပိုက်ထွေးလာရသည်။ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်း ယိုယွင်းလာမှုကို ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု သို့မဟုတ် အနောက်တိုင်းဘက်လိုက်မှု မှန်ဘီလူးတစ်ခုတည်းဖြင့် ရှုမြင်တော့မည်မဟုတ်ပေ။ မဟာမိတ်များနှင့်ကင်းကွာလာမှုနှင့် ပြည်တွင်းလုပ်ဆောင်ချက်တချို့၊ ပြည်ပ ခြေလှမ်းအမှားများ၏ အကျိုးဆက်အဖြစ် သံသယထားခံရမှုမြင့်တက်လာရသည်က နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်နေသည်။

တရုတ်၏ ကမ္ဘာ့ခြေကုပ်ယူမှု ကျယ်ပြန့်လာခြင်းသည် ကြည်ညိုလေးစားစရာအဖြစ်ဟု ဘာသာပြန်ဆို မရနိုင်ပေ။ Belt and Road Initiative (BRI) ဆိုသည့် ကမ္ဘာချီသော ခါးပတ်လမ်းမှ တစ်ဆင့် တရုတ်သည် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများတွင် အခြေခံအဆောက်အအုံးများ၌ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေသည်။ တချို့သော ဒေသများတွင် အဆိုပါစီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုတချို့ ရှိလာသည်ဆိုသော်လည်း အများအားဖြင့်သည် အကြွေးထောင်ချောက်အတွင်း မိတ်ဖက်နိုင်ငံများအား ထိုးချခြင်း၊ ထိုခါပတ်လမ်းသွားရာ ဒေသများမှ သဘာ၀ပတ်ဝန်းကျင်များကို ဆိုးရွားစွာ ဖျက်ဆီးခြင်းနှင့် နိုင်ငံရေးစွက်ဖက်စိုးမိုးရေးများဖြင့်သာ အဓိက ဆိုးကျိုးများကိုခံစားနေကြရသည်ဟု ဝေဖန်မှုများ မြင့်တက်နေခဲ့သည်။ သီရိလင်္ကာ၊ ဇင်ဘာဘွေ အစရှိသည့် နိုင်ငံများတွင် တရုတ် ချေးငွေများကြောင့် မရှူနိုင်မကယ်နိုင် ကြွေးမြီဝန်ထုပ်ဝန်ပိုးများကို မနိုင်ဝန်ထမ်းနေကြရသည်။ ထို့ကြောင့်ပင် ခါးပတ်လမ်းနှင့်ပတ်သက်ပြီး ပေကျင်းအစိုးရ၏ ရည်ရွယ်ချက်အပေါ် မယုံကြည်မှုများနှင့်အတူ စိုးရိမ်မှုများပါ တိုးပွားလာသည်။

ပြည်ပနိုင်ငံများတွင် တရုတ်တို့၏ ယဉ်ကျေးမှုများအပေါ် စော်ကားခြင်း၊ နှောင့်ယှက်ဖျက်ဆီးခြင်း စသည့် အပြုအမူများကြောင့် တရုတ်နိုင်ငံ၏ ပုံရိပ်သည် ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာနှင့် ကျဆင်း နေရပြီဖြစ်သည်။ အမှိုက်ပစ်ခြင်း၊ သန့်ရှင်းသော အထွတ်အမြတ်ထားရာနေရာများတွင် မလေးမစား ပြုမှုလုပ်ဆောင်ခြင်း၊ အသုဘအခမ်းအနားများကို လူ့ကျင့်ဝတ်ဖောက်ဖျက်ကာ ဗီဒီယိုရိုက်ကူးခြင်းများ လုပ်နေကြသည့်တရုတ်များအကြောင်း ကမ္ဘာ့မီဒီယာများတွင် ဖော်ပြမှုများပြားလာသည်။ အများစုကို ကိုယ်စားမပြုနိုင်သော်လည်း အပျက်သဘောဆောင်‌မှုပုံစံများ ပိုမိုအားကောင်းလာစေပြီး အိမ်ရှင်နိုင်ငံ များတွင် မကျေနပ်မှုများ ပိုမိုနက်ရှိုင်းဖြစ်တည်လာသည်။ ဂျပန်တွင် တရုတ်နိုင်ငံသားတစ်ယောက် သည် ကျောင်းသူများကိုစုဆောင်းကာ ပြည့်တန်ဆာလုပ်ငန်းကြီး လုပ်ခဲ့ခြင်းကလည်း တစ်ခု အပါအဝင်ဖြစ်သည်။ ထိုလုပ်ငန်းမှ အဆိုပါ တရုတ်သည် အမြတ်ငွေ ယန်း သန်း ၂၇၀ အထိ ရခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသားများအပေါ် ပြည်ပနိုင်ငံများရှိ ပြည်သူလူထုများက ကိုယ်ကျင့်တရား ခေါင်းပါးမှုသူများ၊ ရာဇဝတ်မှုဆိုင်ရာ အမြတ်ထုတ်သူများအဖြစ် စက်ဆုပ်လာကြသည်။ စိုးရိမ်းမှုများ လည်းတိုးလာက မုန်းတီးစရာ လူမျိုးအဖြစ် ကြည့်ကြသည်။

ပြည်ပတွင် ကျောင်းတက်နေသည့် တရုတ်ကျောင်းသူ၊ ကျောင်းသားများအပေါ် စိစစ်မှုများလည်း ပိုလုပ်ဆောင်လာကြပြီဖြစ်သည်။ မြောက်အမေရိကနှင့် ဥရောပရှိ တက္ကသိုလ်များတွင် လျှို့ဝှက်စွာဖြင့် တရုတ်ကျောင်းသားများအပေါ် ပစ်မှတ်ထား စောင့်ကြည့်မှုများစွာ ဖြစ်တည်လာသည်။ ၎င်းတို့သည် ပညာရေးဆိုင်ရာ မရိုးသားမှု၊ ခိုးမှု၊ အခွင့်အာဏာတလွဲသုံးမှုများစွာ လုပ်ခဲ့ရာမှ အယုံအကြည်မဲ့ခံလာရ ခြင်းဖြစ်သည်။ ထိုအပြုအမူများသည် ကမ္ဘာလုံးဆိုင်ရာ ပြည်ပနိုင်ငံများတွင်သာမက ပြိုင်ဆိုင်မှု ပြင်းထန်လွန်းသော၊ ရုပ်ဝါဒနှင့်နိုင်ငံသားပညာရေးချို့တဲ့မှု၊ ကျင့်ဝတ်စံနှုန်းများ ဖောက်ဖျက်မှုများဖြင့် တရုတ်ပြည်တွင်း ပတ်ဝန်းကျင်တွင်ပါ ပိုမိုနက်ရှိုင်းစွာ အဖြစ်တွယ်နေခဲ့ပြီဖြစ်သည်။

တရုတ်ပြည်တွင်း၌ ယုံကြည်မှုဆိုင်ရာ အကျပ်အတည်းများစွာ ဖြစ်တည်နေသည်။ မကြာသေးမီက ကောက်ခံခဲ့သည့် အချက်အလက်များအရ တရုတ်ပြည်သူ သန်း ၉၀၀ ကျော်တွင် ကြွေးတင်နေသည် ဟု သိရသည်။ ထိုထဲမှ ၄၂ ရာခိုင်နှုန်းသည် အကြွေးပြန်မဆပ်ကြသူများအဖြစ် နာမည်ပျက်ကြသည်။ ထိုဘဏ္ဍာရေးအခက်အခဲကြောင့် အထူးသဖြင့် လူငယ်များကြား၌ ကျယ်ပြန့်သော စိတ်ပျက်အားငယ် မှုများကို ဖြစ်စေခဲ့သည်။ အိမ်ထောင်ပြုခြင်း၊ အိမ်ပိုင်ဆိုင်မှုနှင့် ကလေးမွေးမြူခြင်းကဲ့သို့သော ရိုးရာအစဉ်အလာများကို လူအတော်များများက ငြင်းပယ်နေကြပြီး မျှော်လင့်ချက်ထက် ရှင်သန် ရပ်တည်ရေးကိုသာ ရွေးချယ်လာကြသည်။ လူမှုရေးဖိအားကို ခုခံတွန်းလှန်ခြင်းဖြစ်သည့် “ပြားပြားဝပ်” ဖြစ်စဉ်သည် စိတ်ပျက်အားငယ်မှု၏ ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ တရုတ်အစိုးရက ထိုအခြေအနေများတွင် အယူဝါဒဆိုင်ရာ တင်းမာမှုနှင့် သဘောထားကွဲလွဲမှုများကို နှိမ်နင်းခြင်းဖြင့်သာ တုံ့ပြန်နေခဲ့သည်။ တစ်ချိန်က တရုတ်စီးပွားရေး မြင့်မား တိုးတက်လာစေရန် စွမ်းဆောင်ပေးခဲ့ကြသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် တီထွင်ဖန်တီးသူများဘ၀သည် ယနေ့တွင်မူ ဗျူရိုကရေစီဆိုင်ရာ အတားအဆီးများနှင့် နိုင်ငံရေးဆိုင်ရာ စစ်ဆေးခြင်းများ ခံနေကြရသည်။ စွန့်စားမှုများကို တားမြစ်ထားပြီး လိုက်လျောညီထွေဖြစ်စေရန် နေထိုင်ပေးခြင်းဖြင့် ရည်မှန်းချက်ထက် ရပ်တည်နိုင်ရေးသား ပဓာနဆိုသော ဘေးကင်းလုံခြုံ၊ မလုပ်မပြုတ်ဆိုသည့် ပတ်ဝန်းကျင်ဆိုးကိုသာ ဖန်တီးပေးနေသည်။

တရုတ်၏ နိုင်ငံရေးမူဝါဒများသည် ပြည်တွင်းပဋိပက္ခများကို ပိုမိုထင်ဟပ်စေသည်။ ပေကျင်းအစိုးရ သည် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအကျိုးတော်ဆောာင်အဖြစ် ကိုယ့်ကိုယ်ကိုယ်မြှင့်တင်နေသော် လည်း လက်တွေ့လုပ်ရပ်များကမူ မတူညီသော ပုံပြင်အစစ်များကိုသာ မကြာခဏပြောလေ့ရှိသလို ဖြစ်နေသည်။ တောင်တရုတ်ပင်လယ်ပြင်တွင် ရန်လိုသော အနိုင်ကျင့်မှုလုပ်ရပ်များ ဆက်တိုက်လုပ် ဆောင်နေသည်။ လစ်သူရေးနီးယားနှင့် ဩစတြေးလျကဲ့သို့သော နိုင်ငံများကိုစီးပွားရေးအနိုင်ကျင့်မှုများ လုပ်ဆောင်သည်။ အနောက်တိုင်းဒီမိုကရေစီနိုင်ငံများကို ပစ်မှတ်ထားသည့် မဟုတ်မမှန်သတင်း လွှင့်လှုပ်ရှားမှုများကြောင့်လည်း ကမ္ဘာလုံးဆိုင်ရာမှ သံသယများ ပိုမိုကြီးထွားစေခဲ့သည်။ တရုတ်၏ အပြောနှင့်အလုပ်ဆန့်ကျင်ဘက်ဖြစ်နေခြင်းအပေါ် ကမ္ဘာလုံးဆိုင်ရာအသိုင်းအဝိုင်းက မျက်နှာ ၂ ဖက်နှင့် သရုပ်ဆောင်ဟု ရှုမြင်လာသည်။ တရုတ်ပြည်သူများအကြားမှာပင် တရုတ်အစိုးရ၏ အပြောတစ်မျိုး အလုပ်တမျိုးဖြစ်နေသည့်အပေါ် သိမြင်နားလည်မှုများ တိုးပွားလာသည်။ အယ်လ်ဘာတာ တက္ကသိုလ်မှ စစ်တမ်းကောက်ယူမှုတွင် တရုတ်နိုင်ငံသားများစွာက မိမိတို့နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာနှင့် ထိပ်တိုက်ရင်ဆိုင်ဆန့်ကျင်ခံနေရမှုများနှင့် တိုးနေကြောင်းကို သိရှိကြသည်ဟု အဖြေထွက်ခဲ့သည်။ တရုတ်ပြည်သူများကိုယ်တိုင်က အစိုးရ၏ ခိုင်မာသော မဟာဗျူဟာများဟု တင်သွင်းနေမှုများကိုပင် လက်မခံတော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးဩဇာသည် နိုင်ငံ၊ဒေသအချို့တွင် လေးစားမှုကို ဆက်လက်ရရှိနေဆဲဖြစ်သည်။ Pew သုတေသနစင်တာ၏ ၂၀၂၅ ကမ္ဘာလုံးဆိုင်ရာ သဘောထား စစ်တမ်းကောက်ယူမှုအရ အလယ်အလတ်တန်းစားဝင်ငွေရှိသည့် နိုင်ငံများစွာက တရုတ်စီးပွားရေး ကဏ္ဍသည် ကမ္ဘာတွင် ဦးဆောင်သူအဆင့်ရှိသည်ဟု ရှုမြင်ကြသည်ဟုဆိုသည်။ သိမ်မွေ့သော အရှိတရားကို ထင်ဟပ်ပြမှုမျိုးဖြစ်သည်။ တရုတ်၏ အပြုအမူများကြောင့် အနောက်နိုင်ငံများက တရုတ်နှင့်ပတ်သက်မှုများကို ခွာပြဲနောက်ဆုတ်လာကြသော်လည်း အခြားသော စီးပွားရေးမဟာမိတ် နိုင်ငံများကမူ တရုတ်နှင့် စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၏ တန်ဖိုးကို မြင့်မားသည်ဟု ထင်မြင်နေကြဆဲဖြစ်သည်။

သို့သော် လေးစားမှုသည် ယုံကြည်မှုနှင့် မညီမျှပေ။ Visual Capitalist ၏ ၂၀၂၅ အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်းမွှေးသည့် ထိပ်တန်းနိုင်ငံများထဲ မပါဝင်ဟု ဖော်ပြခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ မှန်ကန်သော သိမြင်မှုစံနှုန်းအမြင့်ဆုံးနိုင်ငံများတွင် ပွင့်လင်း မြင်သာမှုရှိသော၊ လူ့အခွင့်အရေး ပြည့်၀သော၊ နိုင်ငံသားတာဝန်ယူမှုရှိသော ကနေဒါ၊ ဂျာမနီနှင့် ဆွီဒင် လိုနိုင်ငံများကသာ ဂုဏ်သတင်းကောင်းဖြင့် အကျော်ကြားဆုံး နိုင်ငံများအဖြစ် ထိပ်ဆုံးမှရပ်တည်ခဲ့သည်။ တရုတ်ရင်ဆိုင်နေရသော ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်းအကျပ်အတည်းဖြစ်ပွားရခြင်း အဓိကအကြောင်းမှာ မူထက် အကျိုးအမြတ်ကို ဦးစားပေးသည့် စနစ်ကြောင့်သာ ဖြစ်သည်။ကိုယ်ကျင့် တရားကို ဘေးဖယ်ပြီး ရုပ်၀တ္ထုအကျိုးအမြတ်ကိုသာ ဦးစားပေးသောအခါ အရောင်းအဝယ်ဆန်သော၊ အခွင့်အရေးကို ဦးစားပေးသော၊ ကျင့်ဝတ်နှင့်ညီညွတ်သော လူ့အဖွဲ့အစည်းနှင့် ဖီလာဆန့်ကျင်ကုန် သည်။ ဤအမြင်သည် တရားမျှတသည်ဖြစ်စေ၊ ချဲ့ကားသည်ဖြစ်စေ ကမ္ဘာကြီးသည် တရုတ်နှင့် ၎င်း၏ပြည်သူများအပေါ် မည်သို့အထင်အမြင်သေကြသည်ဆိုခြင်းအား ပုံဖော်ပေးသည်။

ထိုဖြစ်စဉ်အနေအထားကို ပြောင်းပြန်လှန်ရန်အတွက် တရုတ်နိုင်ငံသည် မဖြစ်မနေ ပြည်တွင်း ဆန့်ကျင်မှုများဖြင့် ရင်ဆိုင်ရမည်သာဖြစ်သည်။ စီးပွားရေးအောင်မြင်မှုသာမက သမာဓိ၊ လေးစားမှုနှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဖြစ်မှုကို တန်ဖိုးထားသည့် ယဉ်ကျေးမှုတစ်ရပ်ကို မွေးမြူမှ ရတော့မည် ဖြစ်သည်။ တရုတ်နိုင်ငံနှင့်လူမျိုးများအပေါ် ကမ္ဘာက ယုံကြည်မှုပေးရန် ပြန်လည်တည်ဆောက်ရာတွင် နိုင်ငံသားပညာရေး၊ ကျင့်ဝတ်ဆိုင်ရာခေါင်းဆောင်မှုနှင့် စစ်မှန်သောနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တို့ကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်နိုင်မှ ရတော့မည်။ အဆိုပါပြောင်းလဲမှုများ ရှိလာခဲ့လျှင် ပင် တရုတ်၏ ရည်မှန်းချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်အကြား လစ်ဟာနေမှုက ဆက်လက်ကျယ်ပြန့် စွာ ရှိနေဦးမည်သာဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now