နေ့စဥ်သတင်း

မယ်ဆိုင်တွင် ခရီးသည်စောင့် မြန်မာကားများ မောင်းထုတ်ခံရ

မဲခေါင် 22 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၂ တာချီလိတ်နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာခရီးသည်စောင့်၍ ပြေးဆွဲနေသည့် မြန်မာလိုင်စင်နံပတ်ပါကားများကို အောက်တိုဘာ ၂၁ရက်နေ့က ထိုင်းနိုင်ငံ တာဝန်ရှိသူများက လိုက်လံမောင်းထုတ်ကြောင်း ယာဥ်မောင်းများထံကသိရသည်။ အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီ ၁၅ မှစတင်ကာ လိုက်လံမောင်းထုတ်နေခြင်းဖြစ်ကြောင်း မြန်မာယာဉ်မောင်းများထံမှ သိရသည်။ “မယ်ဆိုင်ဘက်မှာ သုံးဘီးအချို့နဲ့ Hijet တချို့ ဒီအလုပ်လေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာ။ ထိုင်းဧည့်သယ်ကားတွေ ကျနော်တို့ မြန်မာပြည် တာချီလိတ်အတွင်းမှာ လာရောက်ဧည့်သည်တွေတင်ရင် ကျနော်တို့နိုင်ငံက ဘာမှမပြောဘူး။ အခုဒီကိစ္စလေးကိုတော့ မြန်မာနိုင်ငံ လူကြီးများအနေနဲ့ ဖြေရှင်းပေးစေချင်ပါတယ်ခင်ဗျာ” ဟု မြန်မာယာဥ်မောင်းတစ်ဦးက ပြောသည်။ မြန်မာနံပတ်တပ်ကားများမှာ တာချီလိတ်မြို့တဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊

မဲခေါင်၊ အောက်တိုဘာ ၂၂

တာချီလိတ်နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာခရီးသည်စောင့်၍ ပြေးဆွဲနေသည့် မြန်မာလိုင်စင်နံပတ်ပါကားများကို အောက်တိုဘာ ၂၁ရက်နေ့က ထိုင်းနိုင်ငံ တာဝန်ရှိသူများက လိုက်လံမောင်းထုတ်ကြောင်း ယာဥ်မောင်းများထံကသိရသည်။

အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီ ၁၅ မှစတင်ကာ လိုက်လံမောင်းထုတ်နေခြင်းဖြစ်ကြောင်း မြန်မာယာဉ်မောင်းများထံမှ သိရသည်။

“မယ်ဆိုင်ဘက်မှာ သုံးဘီးအချို့နဲ့ Hijet တချို့ ဒီအလုပ်လေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာ။ ထိုင်းဧည့်သယ်ကားတွေ ကျနော်တို့ မြန်မာပြည် တာချီလိတ်အတွင်းမှာ လာရောက်ဧည့်သည်တွေတင်ရင် ကျနော်တို့နိုင်ငံက ဘာမှမပြောဘူး။ အခုဒီကိစ္စလေးကိုတော့ မြန်မာနိုင်ငံ လူကြီးများအနေနဲ့ ဖြေရှင်းပေးစေချင်ပါတယ်ခင်ဗျာ” ဟု မြန်မာယာဥ်မောင်းတစ်ဦးက ပြောသည်။

မြန်မာနံပတ်တပ်ကားများမှာ တာချီလိတ်မြို့တဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ဒွိုင်းဝေါင်းဘုရားကုန်းအဆင်း (ဦးအောင်ဇေယျဘုရားကုန်း) တွင် ရပ်နားထားကြပြီး ယင်းနေရာမှ Lotus ကုန် တိုက်ဘက်နှင့် တာချီလိတ်ဘက်သို့ ပြေးဆွဲနေကြခြင်းဖြစ်ကြောင်းသိရသည်။

“ထိုင်းဘက်က သူ့နေရာနဲ့သူ လိုင်းကားတွေ ၁၅ မိနစ်တစ်ကြိမ်လောက်ထွက်နေတာ။ မြန်မာကားတွေကျတော့ ထိုင်းဘက်တင်မကဘူး၊ ​မြန်မာဘက်ကို ကုန်များရင် တင်ပြီးပြန်လို့ရလို့ သုံးနေကြတာ။ အခုက မလိုက်နာရင် ထိုင်းဥပဒေအရ ဖမ်းခံထိတော့မှာ” ဟု တာချီလိတ် ကချင်ကုန်းမှ ကားပြေးဆွဲနေသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်စပ်ဂိတ် ဘက်တွင် ထိုင်း၊ မြန်မာ နှစ်ဘာသာဖြင့် ယင်းကိစ္စအားကြေညာထားရာတွင် “ထိုင်းနိုင်ငံတွင် ခရီးသည်တင်ဖို့ ရပ်နားထားတဲ့ မြန်မာမှတ်ပုံတင်(မြန်မာလိုင်စင်)ပါရှိတဲ့ အများပြည်သူသုံးဘတ်စ်ကားတွေကို ထိုင်းနိုင်ငံ ကုန်းလမ်းပို့​ဆောင်ရေးဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး ထောင်ဒဏ် ၅နှစ်အထိ၊ ဒဏ်ငွေ ဘတ်ငွေ ၂၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ဒဏ်ငွေ နှစ်မျိုးလုံးချမှတ် နိုင်ပါတယ်” ဟု မြန်မာဘာသာဖြင့်ဖော်ပြထားကြောင်း တွေ့ရသည်။

#MeKongNews
#တာချီလိတ်
#မယ်ဆိုင်
#ခရီးသည်တင်ကား
#မြန်မာလိုင်စင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now